Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားထိန်းချုပ်ထားရာ ယူကရိန်း နျူကလီးယား ဓာတ်အားပေး စက်ရုံကို သွားရောက်စစ်ဆေးတဲ့ ကုလသမဂ္ဂယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်မှုဖြစ်ပွား

ယူကရိန်း ပိုင်နက်ထဲက ရုရှား ထိန်းချုပ်ထားရာ နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုကို သွားရောက် စစ်ဆေးတဲ့ ကုလသမဂ္ဂ မော်တော်ယာဉ် တစ်စီးဟာ ဖောက်ခွဲရေးဒရုန်းနဲ့ တိုက်ခိုက်မှု ခံခဲ့ရပါတယ်။

ယူကရိန်း ပိုင်နက်ထဲက ရုရှား ထိန်းချုပ်ထားရာ နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခုကို သွားရောက် စစ်ဆေးတဲ့ ကုလသမဂ္ဂ မော်တော်ယာဉ် တစ်စီးဟာ ဖောက်ခွဲရေးဒရုန်းနဲ့ တိုက်ခိုက်မှု ခံခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့က ကုလသမဂ္ဂရဲ့ အနုမြူစွမ်းအင် စစ်ဆေးရေးဆိုင်ရာ အေဂျင်စီဖြစ်တဲ့ IAEAဟာ ဇာပေါ့ရစ်ဇီရာ နျူကလီးယား ဓာတ်အားပေး စက်ရုံ နေရာဆီ ယာဉ်တန်းနဲ့ အသွားမှာ အခုတိုက်ခိုက်မှုနဲ့ ကြုံခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ အဲဒီ တိုက်ခိုက်မှုဟာ ရုရှားရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှု တစ်ခုလို့ စွပ်စွဲခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ပျက်စီးနေတဲ့ သံချပ်ကာ SUV မော်တော်ကားရဲ့ ဓာတ်ပုံကို လူမှုကွန်ရက် မီဒီယာ Xမှာ ဇီလန်စကီးက ဝေမျှထားပြီး ဒီကိစ္စဟာ ရုရှားက နိုင်ငံတကာ ဥပဒေတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် တာဝန်မဲ့ ဆက်ဆံမှုတွေ ဘယ်လောက် ဆိုးရွားသလဲဆိုတာ မြင်သာစေကြောင်း၊ ပြီးတော့ ရုရှားစစ်တပ်ဟာ ကိုယ်ရွေးချယ်တဲ့ ပစ်မှတ်က ဘာဆိုတာတောင် ကွဲကွဲပြားပြား မသိတော့ကြောင်းလည်း ရေးသားထားခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ စစ်ဒဏ်ခံ ဒေသမှာ တည်ရှိတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို စစ်ဆေးဖို့ IAEAက စေလွှတ်ခဲ့တဲ့ ပညာရှင်တွေကို စက်ရုံဆီ ချောချောမောမော ပို့ဆောင်ခဲ့တယ်လို့ ကြေညာထားပေမယ့် ဒရုန်းတိုက်ခိုက်မှု အကြောင်းကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ယာဉ်တန်းမှာ ပါလာတဲ့ နောက်ထပ် ကားတစ်စီးက ကာမီကာဇီ ဖောက်ခွဲရေး ဒရုန်းဟာ ရှေ့မှာရှိတဲ့ မော်တော်ယာဉ်ရဲ့ နောက်ကနေ ဝင်တိုက်ပြီး ပေါက်ကွဲသွားတာကို တွေ့မြင်ခဲ့ကြောင်း၊ ကံအားလျော်စွာပဲ ကားထဲမှာ ရှိနေသူ နှစ်ဦးစလုံး ဒဏ်ရာမရခဲ့ကြကြောင်း IAEAက ထုတ်ပြန်ခဲ့ပါတယ်။

IAEA အကြီးအကဲ ရာဖေးလ် မာရီယာနို ဂရော့စီက အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အလေးအနက် ရှုတ်ချကြောင်း ပြောပါတယ်။ နျူကလီးယားဆိုင်ရာ လုံခြုံဘေးကင်းရေး စီမံဆောင်ရွက်နေသူတွေကို ပစ်မှတ်ထားတဲ့ ဘယ်လို လုပ်ရပ်မျိုးမဆို လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ သူက ဝေဖန်ခဲ့ပါတယ်။

ဇာပေါ့ရစ်ဇီရာ နျူကလီးယား ဓာတ်အားပေး စက်ရုံဟာ ယူကရိန်းစစ်ပွဲ အစောပိုင်း ကာလတွေတုန်းက နှစ်ဖက် ပစ်ခတ်မှုတွေမှာ ကြားညပ်နေခဲ့ပြီး ဆိုးရွားတဲ့ နျူကလီးယား မတော်တဆမှုတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ယူကရိန်း တောင်ပိုင်းမှာ တည်ရှိပြီး ဥရောပတိုက် တစ်ခုလုံးမှာ အရွယ်အစား အကြီးဆုံးလို့ သတ်မှတ် ခံထားရတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံဟာ ၂၀၂၂ ခုနှစ်၊ မတ်လမှာတော့ ရုရှားရဲ့ ထိန်းချုပ်မှုအောက် ကျရောက်ခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ ရုရှားဟာ ဓာတ်အားပေး စက်ရုံ တဝိုက်မှာ အဆင်အခြင်နည်းတဲ့ တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ မကြာခဏ လုပ်ဆောင်နေခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲခဲ့ပြီး ရုရှားဖက်ကလည်း အဲဒီ တိုက်ခိုက်မှုတွေဟာ ယူကရိန်းရဲ့ လက်ချက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။