Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား-ယူကရိန်း စစ်ပွဲမှာ မြောက်ကိုရီးယားစစ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ တောင်ကိုရီးယားပြော

ရုရှားကို ကူညီပြီး ယူကရိန်းကို တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သည် အနည်းဆုံး ၁၀၀ လောက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ တောင်ကိုရီးယား လွှတ်တော် အမတ် တစ်ဦးက ပြောပါတယ်။

ရုရှားကို ကူညီပြီး ယူကရိန်းကို တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သည် အနည်းဆုံး ၁၀၀ လောက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ တောင်ကိုရီးယား လွှတ်တော် အမတ် တစ်ဦးက ပြောပါတယ်။

ရုရှားကို စစ်ကူပေးပြီး ယူကရိန်းတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား တပ်သားတွေ ထိခိုက်သေကြေမှုဟာ ရာဂဏန်းလောက် ရှိလာပြီလို့ ယုံကြည်ရကြောင်း အမေရိကန် အစိုးရက မှတ်ချက်ပေးခဲ့ပြီး မကြာခင်မှာပဲ လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ လီဆွန်ကွမ်က အခုလို ပြောကြားခဲ့တာပါ။

တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး ဌာနက လွှတ်တော်ကို အစီရင် ခံရာမှာ မြောက်ကိုရီးယား တပ်တွေ ယူကရိန်း စစ်ပွဲအတွက် စတင်ဖြန့်ကျက်ပြီးချိန် ကတည်းက ၁၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀၀ လောက်ထိ ဒဏ်ရာရထားပြီးပြီလို့ ဖော်ပြထားကြောင်း လီက သတင်းထောက်တွေဆီ မှတ်ချက် ပေးခဲ့ပါတယ်။

မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု စာရင်းထဲမှာ အဆင့်မြင့် အရာရှိတွေလည်း ပါဝင်ခဲ့တယ်လို့ လီက ပြောကြားခဲ့ပြီး နယ်မြေအနေအထား မကျွမ်းကျင်မှုနဲ့ ယူကရိန်းရဲ့ ဒရုန်းစစ်ဆင်ရေးတွေကြောင့် မြောက်ကိုရီးယား တပ်တွေ အဓိက အထိနာခဲ့တာလို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ အောက်တိုဘာလထဲမှာ ရုရှားကို ကူညီတိုက်ခိုက်ပေးဖို့ စစ်သည်အင်အား ၁၀၀၀၀ လောက်ကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားကို ရောက်ရှိနေတဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် အားလုံးဟာ လက်တွေ့ တိုက်ပွဲဝင် အတွေ့အကြုံ လုံးဝ ရှိမထားဘဲ ရုရှားတပ်တွေက မွမ်းမံ သင်တန်းပေးခဲ့ပါတယ်။ သူတို့ဟာ စစ်မြေပြင်မှာ ရုရှား တပ်တွေကို ကူညီဖို့ အရန်အင်အားအဖြစ် ကနဦး ယူဆထားခဲ့ရာက ရုရှားဟာ မြောက်ကိုရီးယား တပ်ဖွဲ့တွေကို ရှေ့တန်းမှာ ထုတ်သုံးလာနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ ကာ့စ်ခ်ဒေသတွင်းမှာ ယူကရိန်း တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့အခါ ရုရှားက မြောက်ကိုရီးယား တပ်တွေကို တိုက်ခိုက်ရေး ကဏ္ဍအတွက် စတင် အသုံးပြုလာကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိ အချိန်ထိတော့ မြောက်ကိုရီးယား တပ်တွေဟာ ကာ့စ်ခ်ဒေသမှာပဲ ယူကရိန်းနဲ့ အပြန်အလှန် တိုက်ခိုက်နေဆဲဖြစ်ပြီး ယူကရိန်းနိုင်ငံ ပိုင်နက်ထဲ စတင် ဝင်ရောက်လာတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး။

လီက မြောက်ကိုရီးယားဟာ နောက်ထပ် တပ်ကူတွေ ရုရှားဆီ ပေးပို့လာနိုင်တဲ့ အထောက်အထားသစ်တွေ ရရှိထားတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့ကတော့ ကာ့စ်ခ်ဒေသမှာ ယူကရိန်းတပ်တွေကို မြောက်ကိုရီးယား တပ်တွေက စတင်တိုက်ခိုက်နေပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တိတိကျကျ ဘာမှ မထုတ်ပြန်ခဲ့ပါဘူး။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနကတော့ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ဆိုးရွားတဲ့ ရည်ရွယ်ချက်နဲ့ ဩဇာဖြန့်ကျက်ဖို့ အားထုတ်မှုတွေကို မဟာမိတ် ရုရှားနဲ့ ပူးပေါင်းပြီး ဟန့်တားနေကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ဖော်ပြခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။