Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရစ္စမတ်နေ့ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ပူတင်ရဲ့ လူမဆန်မှုကို ညွှန်ပြနေတယ်လို့ ယူကရိန်းစွပ်စွဲ

ခရစ္စမတ်နေ့မှာ ယူကရိန်း နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ခြင်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်တစ်ယောက် ဘယ်လောက် လူမဆန်သလဲ ဆိုတာကို ညွှန်ပြနေတာလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ခရစ္စမတ်နေ့မှာ ယူကရိန်း နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ခြင်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်တစ်ယောက် ဘယ်လောက် လူမဆန်သလဲ ဆိုတာကို ညွှန်ပြနေတာလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့က ရုရှားရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေဟာ ယူကရိန်း နိုင်ငံအနှံ့မှာ ရှိနေတဲ့ ဓာတ်အားပေး စက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက် ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အခုနှစ်ထဲမှာ ရုရှားက ယူကရိန်းရဲ့ စွမ်းအင် ဖြန့်ချိရေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ ၁၃ ကြိမ်မြောက် အကြီးစား တိုက်ခိုက်မှုလည်း ဖြစ်လာပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့ ညပိုင်းထိ အခြေအနေအရ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့သလို ဓာတ်အားပေး ယူနစ်တွေ ပျက်စီးမှုကြောင့် အိမ်တွေ၊ စက်ရုံတွေ အများအပြားဟာ ဓာတ်အားပြတ်တောက်မှု ကြုံနေရဆဲလို့ သိရပါတယ်။

ဒီဇင်ဘာလမှာ ယူကရိန်းရဲ့ ခါကစ်ဗ်ဒေသဟာ အပူချိန် ၃ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ ကျဆင်းနေပြီး အိမ်ခြေ ၅ သိန်းလောက်ဟာ ဓာတ်အားမရလို့ အပူပေးစက်တွေ အသုံးမပြုနိုင်ဘဲ ဆိုးရွားလှတဲ့ အအေးဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက စစ်လက်နက်တွေ အုံလိုက်ကျင်းလိုက် အသုံးပြု ပစ်ခတ်မှုတိုင်းမှာ ကြိုတင် ကြံစည်မှုတွေ ပါဝင်ကြောင်း၊ ခရစ္စမတ်မှာ အခုလို တိုက်ခိုက်တာမျိုးဟာ ပစ်မှတ် ရွေးချယ်မှု အရရော၊ အချိန်ရွေးချယ်မှုမှာပါ သီးခြား ရည်ရွယ်ချက်တွေ ရှိနေကြောင်း၊ ခရစ္စမတ်လို ကာလမျိုးမှာ ဆိုးရွားပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုး လုပ်ဆောင်ခဲ့တဲ့ ပူတင်ရဲ့ လူမဆန်မှုထက် ပိုဆိုးရွားတာမျိုး စဉ်းစားရခက်ကြောင်း ဇီလန်စကီးက ဝေဖန်သွားခဲ့ပါတယ်။

ယူကရိန်းဟာ ရုရှား အော့သိုဒေါ့စ် ခရစ်ယာန်တွေနည်းတူ အရင်က ခရစ္စမတ်ကို ဇန်နဝါရီလ ၇ ရက်နေ့အဖြစ် သတ်မှတ်ကျင်းပလေ့ ရှိခဲ့ပေမယ့်လည်း စစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားအငွေ့အသက် လွှမ်းမိုးမှုတွေကနေ ဖယ်ခွာတဲ့ အနေနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဒီဇင်ဘာ ၂၅ ရက်နေ့ကို ခရစ္စမတ်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။