Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆူနာမီ နှစ် ၂၀ ပြည့် ဆုတောင်းပွဲတွေကို အင်ဒိုနီးရှားနဲ့ နိုင်ငံတချို့မှာ ကျင်းပ

ခေတ်သစ် လူ့သမိုင်းမှာ အဆိုးဆုံး သဘာဝ ကပ်ဘေးကြီးတစ်ခု ဖြစ်ခဲ့တဲ့ ဆူနာမီ ရေလှိုင်း ဖြစ်ရပ်ဆိုး နှစ်ပေါင်း ၂၀ ပြည့် အောက်မေ့မှု အစီအစဉ်တွေကို အင်ဒိုနီးရှားနဲ့ တခြားနိုင်ငံတချို့မှာ ပြုလုပ်ခဲ့ပါတယ်။

ခေတ်သစ် လူ့သမိုင်းမှာ အဆိုးဆုံး သဘာဝ ကပ်ဘေးကြီးတစ်ခု ဖြစ်ခဲ့တဲ့ ဆူနာမီ ရေလှိုင်း ဖြစ်ရပ်ဆိုး နှစ်ပေါင်း ၂၀ ပြည့် အောက်မေ့မှု အစီအစဉ်တွေကို အင်ဒိုနီးရှားနဲ့ တခြားနိုင်ငံတချို့မှာ ပြုလုပ်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တုန်းက အင်ဒိုနီးရှား နိုင်ငံရဲ့ အနောက်ဖက် ကမ်းလွန်မှာ ရစ်ချ်တာစကေး ၉.၁ အဆင့် အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်မှာ လူပေါင်း ၂၂၀၀၀၀ လောက် သေဆုံးခဲ့ပြီး လူသားတွေရဲ့ သမိုင်းမှာ အဆိုးတကာ့ အဆိုးဆုံးအဆင့် သဘာဝ ဘေးအန္တရာယ် တစ်ခုအနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ဧရာမ လှိုင်းလုံးကြီးတွေဟာ အင်ဒိုနီးရှားကနေစလို့ အာဖရိကတိုက်မှာရှိတဲ့ ဆိုမာလီယာ ကမ်းရိုးတန်းထိ စုစုပေါင်း နိုင်ငံ ၁၄ ခုရဲ့ ကမ်းရိုးတန်းတွေကို ရိုက်ခတ်ခဲ့ပါတယ်။

အင်ဒိုနီးရှားရဲ့ အာချေးပြည်နယ်ကတော့ အဲဒီ ဆူနာမီဒဏ်ကို အပြင်းထန်ဆုံး သက်ရောက် ခံစားခဲ့ရတဲ့ နယ်မြေတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆူနာမီ နှစ် ၂၀ ပြည့်တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ အာချေးမှာရှိတဲ့ ဘိုင်တူရာဟ်မန် မဟာဗလီကြီးကနေ ၃ မိနစ်ကြာအောင် ဥဩဆွဲတဲ့ အသံကို ကြားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်နယ်မြို့တော် ဘန်ဒါအာချေးနဲ့ ကမ်းရိုးတန်း ဒေသတွေမှာလည်း ဒေသခံတွေ စုဝေးပြီး ဆုတောင်းကြဖို့၊ သေဆုံးသူတွေအတွက် အောက်မေ့မှု အခမ်းအနားတွေမှာ ပါဝင်ဖို့ စီစဉ်ထားခဲ့ပါတယ်။

အိန္ဒိယ၊ ထိုင်း၊ သီရိလင်္ကာနဲ့ နောက်ထပ် ဆူနာမီဒဏ် အတော်လေး ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ နိုင်ငံတချို့မှာလည်း ကမ်းရိုးတန်းတွေမှာ ဆုတောင်းပွဲတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၀၄ ခုနှစ်၊ ဆူနာမီ ဖြစ်ရပ်ဆိုးကြီးအတွင်းမှာတော့ ခရစ္စမတ်အပြီး ကမ်းခြေတွေမှာ အပန်းဖြေ အနားယူနေသူ အများအပြားဟာ ပေ ၁၀၀ ဝန်းကျင်လောက်ထိ မြင့်မားတဲ့ လှိုင်းတွေရဲ့ ရိုက်ခတ်ဝါးမျိုမှုကို ခံခဲ့ရပါတယ်။ ပင်လယ် ရေမျက်နှာပြင်အောင် ကျောက်လွှာတွေ ရွေ့လျား ပွတ်တိုက်တဲ့ အရှိန်နဲ့ ဆောင့်ထွက်လာတဲ့ လူသတ်လှိုင်းတွေဟာ ကျည်ဆန်ရထားတွေထက် နှစ်ဆပိုသာတဲ့ မြန်နှုန်းနဲ့ အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ပြီး ကမ်းရိုးတွေကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက နိုင်ငံ တော်တော်များများမှာ ဆူနာမီ အန္တရာယ် သတိပေး စနစ်တွေ ကြိုတင် တပ်ဆင်မထားမိခဲ့ဘဲ တကယ်တမ်း အရေးကြုံလာတဲ့အခါ လူထုကို အသိပေးနိုင်တဲ့အချိန် ခပ်တိုတိုလေးပဲ ရခဲ့ကြပါတယ်။ မျက်မှောက်ခေတ်မှာတော့ ဆူနာမီ အန္တရာယ် သတိပေး စနစ်တွေက အများကြီး ခေတ်မီ တိုးတက်လာခဲ့ပါပြီ။

သီရိလင်္ကာမှာလည်း ဆူနာမီကြောင့် လူပေါင်း ၃၅၀၀၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ ဆူနာမီ လှိုင်းတွေရိုက်ခတ်ပြီး ရထားတစ်စီး လမ်းချော်ရာက လူ ၁၀၀၀ လောက် သေဆုံးခဲ့တဲ့ နေရာမှာ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံမှာတော့ ဆူနာမီကြောင့် သေဆုံးသူ ၅၀၀၀ ကျော် ရှိခဲ့ရာမှာ ထက်ဝက်လောက်ဟာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေလို့ ဆိုပါတယ်။ ဒါ့အပြင် ဆိုမာလီယာမှာ လူ ၃၀၀ လောက် သေဆုံးခဲ့ပြီး မော်လ်ဒိုက်ဗ်မှာ ၁၀၀ ကျော်နဲ့ မလေးရှား၊ မြန်မာတို့မှာ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းကမ်းလွန်မှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့သလို ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ အရေးပေါ် ထုတ်ပြန်ထားလိုက်ရပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီး လှုပ်ခတ်အပြီး ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေး ကြေညာချက်တွေကို အာဏာပိုင်တွေက ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား ကမ်းလွန် ပင်လယ်ပြင်မှာ မဂ္ဂနီကျု ၇.၄ အဆင့် အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီး ဒေသတွင်း နိုင်ငံတချို့မှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ကမ်းလွန်ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။