Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြား စစ်သုံ့ပန်း ရာနဲ့ချီ လဲလှယ်

ရုရှားနဲ့ ယူကရိန်းတို့ဟာ ရာနဲ့ချီတဲ့ စစ်သုံ့ပန်းတွေကို အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ ရာနဲ့ချီတဲ့ စစ်သုံ့ပန်းတွေကို အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဖမ်းဆီးထားတဲ့ ယူကရိန်းစစ်သား ၁၅၀ ကို တူညီတဲ့ ရုရှားတပ်ဖွဲ့ဝင် အရေအတွက်နဲ့ လဲလှယ်ခဲ့တယ်လို့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ စုစုပေါင်း ယူကရိန်းစစ်သည် ၁၈၉ ဦးကို အိမ်ပြန်နိုင်အောင် စီစဉ်ပေးနိုင်ခဲ့ကြောင်း ကြေညာပါတယ်။

၃ နှစ်နီးပါး စစ်ခင်းတိုက်ခိုက်နေတဲ့ ရန်သူနိုင်ငံ နှစ်ခုကြားမှာ သုံ့ပန်းချင်း လဲလှယ်ရေး အကောင်အထည် ပေါ်လာအောင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံက ကြားဝင် ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးရဲ့ အဆိုအရ ပြန်လည် လွတ်မြောက်လာတဲ့ သုံ့ပန်းတွေထဲမှာ အဇော့ဗ်စ်တဲလ်၊ မာရီပိုလ်၊ ချာနိုဘိုင်းလ်နဲ့ စနိတ်အိုင်းလန်း နယ်မြေတွေကို အစွမ်းကုန် ခုခံကာကွယ်ခဲ့တဲ့ စစ်သည်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ပြန်လည် လွတ်မြောက်လာတဲ့ ယူကရိန်း စစ်သုံ့ပန်းတွေဟာ နိုင်ငံမြောက်ပိုင်း တစ်နေရာမှာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့ကြပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ယူကရိန်း ပြန်လွှတ်ပေးလိုက်တဲ့ စစ်သည်တွေဟာ လောလောဆယ် ရုရှား မဟာမိတ် ဘီလားရုစ် နိုင်ငံ ပိုင်နက်ထဲ ရောက်ရှိနေပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးအပ်ထားသလို မိသားစုတွေနဲ့လည်း အဆက်အသွယ် ရထားပြီးကြပြီလို့ ထုတ်ပြန်ထားပါတယ်။

နှစ်သစ်ကူး လက်ဆောင်အနေနဲ့ အဲဒီ ရုရှား စစ်သည်တွေဟာ မိသားစုတွေကို မကြာခင်မှာပဲ ထွေးပွေ့ နှုတ်ဆက်ခွင့် ရလာလိမ့်မယ်လို့ ရုရှား လူ့အခွင့်အရေး ကော်မရှင်နာ တတ်ယာနာ မော့စ်ကယ်လ်ကိုဗာက ပြောပါတယ်။

စစ်ပွဲစတင်ချိန် ကတည်းက နှစ်နိုင်ငံကြား သုံ့ပန်းလဲလှယ်ခဲ့တာ အခုဆိုရင် ၅၉ ကြိမ် ရှိလာပြီဖြစ်ပြီး အရေအတွက် အားဖြင့်လည်း အခုတစ်ကြိမ်က အများဆုံးပါ။

ယူကရိန်းရဲ့ အဆိုအရ ပြန်လွတ်လာသူတွေထဲမှာ စစ်သားတွေသာ မကဘဲ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ၊ အမျိုးသား အစောင့်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ၊ ရေတပ်သားတွေ ပါဝင်ပြီး အများစုဟာ ရန်သူ့ အကျဉ်းသား ဘဝမှာ ၂ နှစ်ခွဲကျော်လောက် ဖြတ်သန်းထားရသူတွေလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

Facebook