Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုယ့်နိုင်ငံကိုယ် ကာကွယ်နိုင်တဲ့ အင်အားမျိုး ထိုင်ဝမ် လိုအပ်နေတယ်လို့ သမ္မတပြော

ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အင်အားမျိုး ပိုင်ဆိုင်ထားတယ်ဆိုတာ ထင်ထင်ရှားရှား ထုတ်ပြဖို့ လိုအပ်ကြောင်း သမ္မတ လိုင်ချင်တေးက ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အင်အားမျိုး ပိုင်ဆိုင်ထားတယ်ဆိုတာ ထင်ထင်ရှားရှား ထုတ်ပြဖို့ လိုအပ်ကြောင်း သမ္မတ လိုင်ချင်တေးက ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့က ပြည်သူတွေဆီ လိပ်မူတဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ လိုင်က ထိုင်ဝမ်ရဲ့ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်မှုတွေကို မဖြစ်မနေ အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။

ကိုယ်ပိုင် ဒီမိုကရေစီ စနစ်နဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ဟာ အိမ်နီးချင်း အင်အားကြီး တရုတ်က စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူဖို့ ခြိမ်းခြောက်မှုတွေကို အချိန်ပြည့် ခံနေရပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားသလို လောလောလတ်လတ် အနေနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ နှစ်ကုန် မိန့်ခွန်းထဲမှာ ထိုင်ဝမ်နဲ့ ပတ်သက်လို့ တင်းတင်းမာမာ ခြိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရှီက မိန့်ခွန်းပြောကြားခဲ့တဲ့အခါ ထိုင်ဝမ်က ပြည်မကြီးဆီ ပြန်ပေါင်းစည်းရမယ့် အရှိတရားကို ဘယ်သူကမှ ကြားဝင် ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်ဝမ်ဟာ ကာကွယ်ရေးအတွက် စစ်လက်နက်တွေ ဝယ်ယူမှုမှာ အမေရိကန်အပေါ် အဓိက မှီခိုနေရပေမယ့် အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့အခါ ကျွန်းနိုင်ငံကို ထိထိရောက်ရောက် ပံ့ပိုး ကာကွယ်ဖို့ ဆန္ဒရှိမရှိ ဆိုတာက စိုးရိမ်စရာ မေးခွန်း ဖြစ်နေပါတယ်။

လိုင်ကတော့ ထိုင်ဝမ်ဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေတဲ့ အချိန်မျိုးမှာတင် ကြုံလာနိုင်တဲ့ အန္တရာယ်အတွက် ကြိုတင် ကာကွယ်ထားရမှာ ဖြစ်ကြောင်း၊ နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဆက်တိုက်မြှင့်တင်ပြီး နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို အစဉ်တစိုက် တိုးချဲ့နေဖို့ လိုကြောင်း၊ ထိုင်ဝမ်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အစွမ်းရှိတယ် ဆိုတာကို အားလုံးမြင်သာအောင် ပြသနေဖို့ အရေးကြီးကြောင်း ပြောကြားသွားပါတယ်။

တခြားတစ်ဖက်မှာတော့ ထိုင်ဝမ်ရဲ့ လွှတ်တော်ကို အတိုက်အခံ အင်အားစုတွေက အသာစီးနဲ့ ထိန်းချုပ်ထားတာကြောင့် လိုင်ရဲ့ အစိုးရဟာ ကာကွယ်ရေး ဘတ်ဂျတ် မြှင့်တင်ဖို့ အားထုတ်မှုတွေမှာ အဟန့်အတားတွေ အများကြီး ကြုံနေရပါတယ်။

လိုင်ကတော့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ဆိုတာဟာ ထိုင်ဝမ်နိုင်ငံသား အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ အတိုက်အခံတွေကို ရည်ရွယ်ပြီး သတိပေး ပြောဆိုထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။