Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အွန်လိုင်းငွေလိမ်ဂိုဏ်း နေရာတစ်ခုကို ဖိလစ်ပိုင် စီးနင်း၊ နိုင်ငံခြားသား ၄၀၀ ဝန်းကျင်ကို ဖမ်းဆီး

အွန်လိုင်း ငွေလိမ်ဂိုဏ်း ဌာနချုပ်လို့ ယုံကြည်ရတဲ့ နေရာတစ်ခုကို မြို့တော် မနီလာမှာ ဝင်ရောက် စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၄၀၀ လောက်ကို ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။

အွန်လိုင်း ငွေလိမ်ဂိုဏ်း ဌာနချုပ်လို့ ယုံကြည်ရတဲ့ နေရာတစ်ခုကို မြို့တော် မနီလာမှာ ဝင်ရောက် စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၄၀၀ လောက်ကို ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့က ဖိလစ်ပိုင် ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေ ပူးပေါင်းပြီး အကြီးစား စစ်ဆင်ရေး တစ်ခုကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပစ်မှတ်ထား စီးနင်းခဲ့ရာ အဆောက်အအုံထဲမှာတော့ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို ရှာတွေ့ခဲ့ကြောင်း ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။

ကျားဖြန့်လို့ ခေါ်ဝေါ်တဲ့ ဆိုက်ဘာ ငွေလိမ်ဂိုဏ်းတွေ အာရှတိုက်မှာ ကျယ်ပြန့် ကြီးထွားလာတဲ့အပေါ် နိုင်ငံတကာ အသိုက်အဝန်းမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ အဲဒီဂိုဏ်းတွေဟာ လိုလိုလားလား အလုပ်လုပ်တဲ့ ဝန်ထမ်းတွေကိုရော၊ လှည့်ဖျားပြီး၊ ဒါမှမဟုတ် မှောင်ခိုကူးပြီး ခေါ်ဆောင်ခံလာရတဲ့ သားကောင်တွေကိုပါ ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ အသုံးချလေ့ ရှိပါတယ်။

ဒီလုပ်ငန်းတွေဟာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေကို အတိအလင်း ချိုးဖောက်နေပြီး ပြည်သူလူထုအတွက် ထိခိုက်မှုတွေ ရှိလာစေနိုင်တယ် ဆိုတာကို စုံစမ်း တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေး ဗျူရိုရဲ့ ထောက်လှမ်းရေး ဌာနခွဲ အကြီးအကဲ ဖော်ကျူနာတို မာနာဟန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိထားတဲ့ထဲက နိုင်ငံခြားသား အများအပြားဟာ တရုတ်တွေဖြစ်ပြီး လတ်တလောမှာ စာရင်းပြုစု ထိန်းသိမ်းခံထားရကြောင်း၊ နောက်ပိုင်းမှာတော့ နယ်နှင်ပြီး သက်ဆိုင်ရာ နိုင်ငံတွေဆီ လွှဲပေးသွားဖွယ်ရှိကြောင်း ဗျူရို ပြောရေးဆိုခွင့်ရ အမျိုးသမီး ဒါနာ ဆန်ဒိုဗယ်လ်က ဆိုပါတယ်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော် အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP)ရဲ့ ၂၀၂၄ ခုနှစ်၊ မေလတုန်းက ဆန်းစစ် တွေ့ရှိချက်အရ ကမ္ဘာအနှံ့မှာရှိတဲ့ သန်းနဲ့ချီတဲ့ သားကောင်တွေကို လှည့်ဖျားလိမ်လည်ပြီး အဲဒီ ကျားဖြန့်လုပ်ငန်းတွေဟာ နှစ်စဉ် ဒေါ်လာ ၆၄ ဘီလီယံလောက် ဝင်ငွေ ရရှိနေကြောင်း သိရပါတယ်။

အဲဒီ ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေသူ ၅ သိန်းလောက်ထိ များပြားနိုင်ပြီး ဖိလစ်ပိုင်မှာ ၁၅၀၀၀ လောက် ရှိမယ်လို့ ယုံကြည်ရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကြောင့် အာရှ-ပစိဖိတ် ဒေသမှာ ပြီးခဲ့တဲ့နှစ်က ဆုံးရှုံးမှုတန်ဖိုး အနည်းဆုံး ဒေါ်လာ ၈၈ ဘီလီယံ ရှိခဲ့ကြောင်း ကုလသမဂ္ဂ (UN)က ခန့်မှန်းခဲ့ပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။