Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ရောက်ရှိနေမှုကို မြောက်ကိုရီးယား ရှုတ်ချ

တောင်ကိုရီးယားမှာ အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ဆိုက်ကပ်ထားမှုကို ကြီးမားတဲ့ လုံခြုံရေး ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် မှတ်ယူကြောင်း မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားမှာ အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ဆိုက်ကပ်ထားမှုကို ကြီးမားတဲ့ လုံခြုံရေး ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် မှတ်ယူကြောင်း မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘော ရှိနေတာဟာ မြောက်ကိုရီးယားရဲ့ လုံခြုံရေးအတွက် ထိပါးနိုင်တဲ့ အခြေအနေအဖြစ် သတ်မှတ်ပြီး လိုအပ်သလို တုံ့ပြန်ဖို့အတွက် မြောက်ကိုရီးယား စစ်တပ်က တပ်လှန့် အသင့်ပြင်ထားကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယား ဆိပ်ကမ်းမှာ အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘော ရပ်တန့်ထားတာဟာ ပဋိပက္ခကို လိုလားကြောင်း အမေရိကန်က ရှင်းရှင်းလင်းလင်း ပြသနေတဲ့ နောက်ထပ် အထောက်အထား တစ်ခုဖြစ်တယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ နာမည် မဖော်ပြတဲ့ အရာရှိ တစ်ယောက်က ပြောပါတယ်။

သူက အမေရိကန်ရဲ့ အန္တရာယ် များလောက်အောင် ရန်လိုတဲ့ အပြုအမူနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားက အလေးအနက် စိုးရိမ်ကြောင်း၊ ရန်စခြိမ်းခြောက်မှုတိုင်းကို သင့်တော်သလို တုံ့ပြန်ဖို့ မြောက်ကိုရီးယား တပ်တွေက အသင့်ပြင်ထားကြောင်း KCNAကို ပြောခဲ့ပေမယ့် ဘယ်လို ပြင်ဆင်ထားသလဲ ဆိုတာကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ နျူကလီးယား စွမ်းအင်သုံး မြန်နှုန်းမြင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော USS Alexandriaဟာ ဘူဆန်ဆိပ်ကမ်းကို ရောက်ရှိနေတယ်လို့ တောင်ကိုရီးယား ရေတပ်ရဲ့ အရာရှိတွေကို ကိုးကားပြီး ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အခုကိစ္စအပေါ် လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အဲဒီ ရေငုပ်သင်္ဘောဟာ အမေရိကန်ရဲ့ ပစိဖိတ် ရေတပ်မ လက်အောက်ခံအဖြစ် လှုပ်ရှားနေပြီး တွမ်မဟော့ခ် ခရုစ်ဒုံးကျည်တွေ တပ်ဆင်ထားတယ်လို့ အမေရိကန် ရေတပ်က ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်တွေ ပူးပေါင်းလေ့ကျင့်တဲ့ လှုပ်ရှားမှုတွေကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက် ဝေဖန်လေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အဲဒီ မဟာမိတ် နှစ်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ နယ်စပ်နားက စစ်ရေးလေ့ကျင့်မှု နယ်မြေ တစ်ခုမှာ လက်နက်ကြီး ပစ်ခတ်မှုတွေကို စမ်းသပ် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။