Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားကို မြောက်ကိုရီးယားက စစ်ကူတွေ ထပ်ပို့လိုက်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး ယုံကြည်

မြောက်ကိုရီးယားဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားကို ပံ့ပိုးဖို့အတွက် နောက်ထပ် စစ်ကူတွေ ပို့ပေးလိုက်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး ဌာနက ယုံကြည်နေပါတယ်။

မြောက်ကိုရီးယားဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားကို ပံ့ပိုးဖို့အတွက် နောက်ထပ် စစ်ကူတွေ ပို့ပေးလိုက်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး ဌာနက ယုံကြည်နေပါတယ်။

ဒါပေမဲ့ အရေအတွက် ဘယ်လောက်ထိ များပြားသလဲ ဆိုတာကိုတော့ လတ်တလော မသိရသေးဘူးလို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တုန်းက တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိ တချို့ရဲ့ အဆိုကို ကိုးကားပြီး ပြည်တွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေဟာ ရုရှားနိုင်ငံ အနောက်ဖက်စွန်းက ကာ့စ်ခ်ဒေသမှာရှိတဲ့ ရှေ့တန်း စစ်မြေပြင်တွေဆီ တန်းပြီး ပို့ဆောင် ခံရတယ်လို့လည်း ဆိုပါတယ်။ ကာ့စ်ခ်မှာတော့ ရုရှားတပ်တွေဟာ နိုင်ငံ ပိုင်နက်ထဲက နယ်မြေတွေကို ဝင်ရောက် သိမ်းယူထားတဲ့ ယူကရိန်း တပ်တွေနဲ့ စစ်ခင်း တိုက်ခိုက်နေပါတယ်။ ပြီးတော့ အရင်တစ်သုတ် စေလွှတ်ထားတဲ့ မြောက်ကိုရီးယား တပ်တွေကလည်း ကာ့စ်ခ်မှာပဲ အခြေစိုက် လှုပ်ရှားနေပါတယ်။

တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာန (NIS)က မြောက်ကိုရီးယားတပ်တွေ ရုရှားကို ထပ်မံ ရောက်ရှိသွားတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ပါဝင်တိုက်ခိုက်ဖို့ တပ်အင်အား ၁၁၀၀၀ ကျော်လောက်ကို စေလွှတ်ပေးခဲ့ကြောင်း NISက ထုတ်ပြန်ခဲ့ဖူးပါတယ်။

ယူကရိန်း စစ်ပွဲကာလအတွင်း ရုရှားဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးမဟာမိတ် ဆက်ဆံမှုပုံစံ ပိုမို ခိုင်မာလာခဲ့သလို မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ အမြောက်ဆန်တွေနဲ့ ခဲယမ်းမီးကျောက် အများအပြားကိုလည်း အသုံးပြုနေကြောင်း အမေရိကန်နဲ့ ယူကရိန်း ထောက်လှမ်းရေးတွေက ဆိုပါတယ်။

မြောက်ကိုရီးယားကတော့ ရုရှားကို စစ်လက်နက်နဲ့ လူသူအင်အား ပံ့ပိုးပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တရားဝင် အသိအမှတ် ပြုမထားပါဘူး။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook