Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာကို ဓာတ်အား ထောက်ပံ့ပေးထားမှုကို အစ္စရေး ဖြတ်တောက်

ဂါဇာ ကမ်းမြှောင်ဒေသဆီ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမှု အားလုံးကို ရပ်ဆိုင်း ဖြတ်တောက်ဖို့ အစ္စရေး အစိုးရက အမိန့်ထုတ်ခဲ့ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသဆီ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမှု အားလုံးကို ရပ်ဆိုင်း ဖြတ်တောက်ဖို့ အစ္စရေး အစိုးရက အမိန့်ထုတ်ခဲ့ပါတယ်။

အဲဒီ အဆုံးအဖြတ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဂါဇာ အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ လက်ထဲမှာ ထိန်းသိမ်းထားဆဲ အစ္စရေး ဓားစာခံတွေ လွတ်မြောက်လာစေဖို့ ဖြစ်တယ်လို့ အစ္စရေးဖက်က အကြောင်းပြခဲ့ပါတယ်။

ဂါဇာဆီ ပို့ဆောင်ပေးနေတဲ့ လူသားချင်း စာနာမှု အထောက်အပံ့ လမ်းကြောင်း အားလုံးကို အစ္စရေးက ရပ်တန့်စေခဲ့ပြီး တစ်ပတ် အကြာ မတ်လ ၉ ရက်နေ့မှာ စွမ်းအင်ဝန်ကြီး အီလီကိုဟန်က လျှပ်စစ်ဓာတ်အားပါ ဖြတ်တောက်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ အစီအမံတွေဟာ ၁၅ လကျော် စစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ဂါဇာ ဒေသခံ ၂ သန်းကျော်အတွက် ကြီးမားတဲ့ အကျပ်အတည်းတွေ ထပ်မံ ကြုံတွေ့စေမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ဓားစာခံတွေကို အိမ်ပြန်ခေါ်နိုင်ဖို့၊ စစ်ပွဲ ပြီးဆုံးသွားတဲ့ အချိန်ကျရင် ဂါဇာမှာ ဟားမားစ်တွေ လုံးဝ မရှိတော့တာ သေချာစေဖို့ အစ္စရေးဟာ ရှိသမျှ နည်းလမ်း အားလုံးကို အသုံးပြုသွားမယ်လို့ ကိုဟန်က ပြောကြားခဲ့ပါတယ်။

ဓာတ်အား ဖြတ်တောက်မှုကြောင့် ဂါဇာမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ထုတ်လုပ်ပေးဖို့ လည်ပတ်နေတဲ့ ရေသန့် စက်ရုံတွေပါ ရပ်တန့်သွားမယ့် သဘော ရှိပါတယ်။ အစ္စရေး အစိုးရဟာ ဂါဇာကို သောက်ရေ ထောက်ပံ့ပေးနေမှုကိုပါ ရပ်ဆိုင်းနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေကိုလည်း မငြင်းခဲ့ပါဘူး။

ကိုဟန်က သူဟာ ဂါဇာကို အစ္စရေး ထောက်ပံ့ပေးနေတဲ့ ဓာတ်အားတွေ ချက်ချင်း ဖြတ်တောက်စေမယ့် အမိန့်ကို လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ အစ္စရေးဟာ ဟားမားစ်နဲ့ စစ်ပွဲစဖြစ်တဲ့ အစောပိုင်း ကာလတွေတုန်းကလည်း ဂါဇာဒေသ တစ်ခုလုံးနီးပါးကို ဓာတ်အား ဖြတ်တောက်ပစ်ခဲ့ဖူးပါတယ်။

အစ္စရေးနဲ့ ဟားမားစ်တို့ဟာ လောလောဆယ် အပစ်အခတ် ရပ်စဲထားပြီး အပစ်ရပ် သဘောတူညီမှုရဲ့ ပထမအဆင့် သတ်မှတ် ကာလဟာ မတ်လ ၁ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်။ ဒုတိယအဆင့်အတွက် သဘောတူညီမှုတွေကိုတော့ မတ်လ ၁၀ ရက်နေ့ကျရင် ကာတာနိုင်ငံမှာ စတင် ဆွေးနွေးကြဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

အစ္စရေးက သုံ့ပန်းလဲလှယ်ရေး သဘောတူညီမှုတွေ ပါဝင်တဲ့ ပထမအဆင့် အပစ်ရပ် ဆွေးနွေးမှုတွေကို သက်တမ်း ထပ်တိုးစေချင်ပြီး ဟားမားစ်ဖက်ကတော့ ဒုတိယအဆင့်အတွက် အစီအမံတွေကို သီးခြား ဆွေးနွေးဖို့ လိုလားနေပါတယ်။ ဟားမားစ်တွေ လက်ထဲမှာ အသက်ရှင်နေဆဲ အစ္စရေး ဓားစာခံ ၂၄ ဦးနဲ့ သေဆုံးခဲ့တဲ့ ဓားစာခံ ၃၅ ဦးရဲ့ ရုပ်အလောင်းတွေ ရှိနေဆဲလို့ ယုံကြည်ရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

လေယာဉ်ဗုံးတွေထုတ်လုပ်နေတဲ့ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၁)အပါအဝင်ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ကပစ စက်ရုံ၃ ရုံကိုပို့နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို တော်လှန်ရေးတပ်တွေက ဖျက်ဆီးပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်လိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနိုင်ငံဆီကနေ အင်တာနက် ချိတ်ဆက်မှုနဲ့ လျှပ်စစ်ဓာတ်အားတွေ ဝယ်ယူနေတာကို ရပ်တန့်တော့မယ်လို့ ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) ဝန်ထမ်း သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ဝန်ခံခဲ့ရပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ မတ်လတုန်းက အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ စစ်ရေးအရ နားလည်မှု အလွဲအမှား တစ်ခုကြောင့် ဖြစ်တယ်လို့ အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။