Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ လက်နက်ကိုင် အမျိုးသား တစ်ဦးကို အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး ပစ်ခတ်

အိမ်ဖြူတော်နားကို လက်နက်ကိုင် ချဉ်းကပ်လာသူ တစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း အမေရိကန် သမ္မတရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီက အတည်ပြုခဲ့ပါတယ်။

အိမ်ဖြူတော်နားကို လက်နက်ကိုင် ချဉ်းကပ်လာသူ တစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း အမေရိကန် သမ္မတရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီက အတည်ပြုခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့ ညပိုင်းတုန်းက အဲဒီ မသင်္ကာစရာ အမျိုးသားကို လုံခြုံရေး အေးဂျင့်တွေက ပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ အခင်း ဖြစ်ချိန်တုန်းကတော့ သမ္မတ ထရမ့်ဟာ အိမ်ဖြူတော်မှာ ရှိမနေခဲ့ဘဲ ဖလော်ရီဒါမှာရှိတဲ့ သူ့ကိုယ်ပိုင် မာရာအယ်လ်လာဂို စံအိမ်ကြီးဆီ ပြန်ရောက်နေခဲ့ကြောင်း နောက်တစ်နေ့ မနက်မှာ လျှို့ဝှက်ထောက်လှမ်းရေး ဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အတည်ပြုခဲ့ပါတယ်။

လက်နက် ကိုင်ဆောင်ခဲ့သူဟာ ဆေးရုံရောက်နေတယ်လို့ သူက ပြောပေမယ့် ဒဏ်ရာ အခြေအနေ အသေးစိတ်ကိုတော့ အသိပေးမသွားခဲ့ပါဘူး။ ပြီးတော့ အဲဒီအမျိုးသားက လက်နက်ကိုင်ပြီး အိမ်ဖြူတော်နား ချဉ်းကပ်ခဲ့တဲ့ ရည်ရွယ်ချက်ဟာ ထရမ့်ကို ပစ်မှတ်ထားဖို့လား ဆိုတာကိုလည်း တိတိကျကျ ရှင်းပြမသွားပါဘူး။

ဖြစ်စဉ် အတောအတွင်း လုံခြုံရေး အရာရှိတွေဖက်မှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီ ပြောရေးဆိုခွင့်ရ အရာရှိ အန်သိုနီ ဂူလိုင်မီက သူ့ရဲ့ လူမှုကွန်ရက် မီဒီယာ X အကောင့်မှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒီယာနာ ရဲတပ်ဖွဲ့က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ယူဆရသူ တစ်ဦးဟာ အင်ဒီယာနာကနေ ဝါရှင်တန်ဆီ ထွက်ခွာသွားတယ်လို့ သတင်းရခဲ့ကြောင်း အိမ်ဖြူတော် လုံခြုံရေးတွေဆီ ကြိုတင် သတင်းပေးပို့ထားခဲ့ပါတယ်။ မတ်လ ၈ ရက်နေ့ ညသန်းခေါင် ဝန်းကျင်မှာတော့ အဲဒီအမျိုးသားရဲ့ ကားက အိမ်ဖြူတော်နားမှာ ရပ်ထားတာကို တွေ့ရှိခဲ့တဲ့နောက် သူ့ကို လိုက်ရှာခဲ့ပါတယ်။

လျှို့ဝှက် ထောက်လှမ်းရေး အေးဂျင့်တွေဟာ သတင်းရထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ အမျိုးသားကို ရှာတွေ့ခဲ့တဲ့နောက် ချဉ်းကပ် စစ်ဆေးဖို့ ကြိုးစားခဲ့ပေမယ့် သူက သေနတ်တရမ်းရမ်း လုပ်နေတဲ့နောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဂူလိုင်မီက အခုဖြစ်စဉ်ကို ဝါရှင်တန်ဒီစီ မြို့တော် ရဲတပ်ဖွဲ့က တာဝန်ယူ စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောကြားထားပြီး ရဲတပ်ဖွဲ့ကတော့ လတ်တလော ဘာမှ တိတိကျကျ မထုတ်ပြန်နိုင်သေးဘူးလို့သာ ပြောကြားထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်ရှေ့ မြေကွက်လပ်မှာ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA) ပြိုင်ပွဲ ကျင်းပဖို့ သံလှောင်အိမ်ကြီးကို စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ရှိနေတဲ့ လုံခြုံရေး အေးဂျင့်တွေကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမား တစ်ဦးကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း အမေရိကန် သမ္မတရဲ့ ကိုယ်ရံတော် အဖွဲ့ဖြစ်တဲ့ လျှို့ဝှက်အေးဂျင့်အဖွဲ့ (USSS)က ထုတ်ပြန်ခဲ့ပါတယ်။