Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ

တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေ မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးခဲ့မှုဟာ အရှေ့အာရှ အင်အားကြီး နိုင်ငံတွေကြားက ပထဝီဝင် နိုင်ငံရေး အရွေ့တစ်ခုအဖြစ် ရှုမြင်ခြင်း ခံနေရပါတယ်။

တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးတွေ မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးခဲ့မှုဟာ အရှေ့အာရှ အင်အားကြီး နိုင်ငံတွေကြားက ပထဝီဝင် နိုင်ငံရေး အရွေ့တစ်ခုအဖြစ် ရှုမြင်ခြင်း ခံနေရပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက ခန့်မှန်းရခက်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေ ကြုံတွေ့လာချိန်မှာ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ အမေရိကန်ရဲ့ ခါးသီးပြိုင်ဘက် တရုတ်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကြုံတွေ့နေတဲ့ အရေးကြီးတဲ့ နိုင်ငံတကာရေးရာ အခြေအနေတွေမှာတော့ အခုလို တွေ့ဆုံမှုမျိုးဟာ သမိုင်းရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာမယ်လို့ သူယုံကြည်ကြောင်း မတ်လ ၂၂ ရက်နေ့၊ တိုကျိုမြို့ တွေ့ဆုံပွဲ အပြီးမှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တာကာရှီ အီဝါယာက ပြောပါတယ်။ သူဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုတေယူတို့နဲ့ အရေးကြီးတဲ့ ကဏ္ဍတချို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးသုံးဦးရဲ့ တွေ့ဆုံမှုမှာတော့ အခုနှစ်အတွင်း ဂျပန်မှာ သုံးနိုင်ငံ ခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပနိုင်ရေး အရှိန်မြှင့် လုပ်ဆောင်ဖို့ ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။ ပြီးတော့ နိုင်ငံအသီးသီးမှာ မွေးဖွားနှုန်း ကျဆင်းလာပြီး သက်ကြီးရွယ်အို အရေအတွက် တိုးပွားလာမှု ပြဿနာကိုလည်း ထိပ်သီးအစည်းအဝေးမှာ ထည့်သွင်း ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့အာရှ အင်အားကြီး သုံးနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ သုံးပွင့်ဆိုင် တွေ့ဆုံတာဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ ထရမ့်ဟာ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေကို မျက်ကွယ်ပြုလာတာ၊ တရုတ်အပေါ် ကုန်သွယ်ရေးအရ ပိုပြီး ရန်လိုတင်းမာတဲ့ ဖိအားပေးမှု မူဝါဒတွေ ကျင့်သုံးလာတာတွေနဲ့ တိုက်ဆိုင်ပြီး ဝန်ကြီးသုံးဦး တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

သုံးနိုင်ငံပေါင်း လူဦးရေဟာ ၁.၆ ဘီလီယံနီးပါးရှိပြီး စီးပွားရေး ထုတ်လုပ်မှုတန်ဖိုး ဒေါ်လာ ၂၄ ထရီလီယံကျော်ထိ များပြားကြောင်း၊ ကြီးမားကျယ်ပြန့်တဲ့ စျေးကွက်တွေ ပေါင်းစည်းနိုင်မယ်ဆိုရင် အလားအလာကောင်းတွေ၊ ထင်ရှားသိသာတဲ့ လွှမ်းမိုးသက်ရောက်မှုတွေ ဖန်တီးနိုင်မယ်ဆိုတာ ယုံကြည်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်က ဆိုပါတယ်။

ဒါပေမဲ့လည်း တရုတ်ဟာ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ညှိနှိုင်းရခက်တဲ့ ပြဿနာတွေလည်း နက်နက်ရှိုင်းရှိုင်း ရှိနေဆဲပါ။ တရုတ်ရဲ့ အင်အားကြီးထွားလာမှု၊ ရုရှား၊ မြောက်ကိုရီးယား နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်မှုတွေဟာ ဂျပန်နဲ့ တောင်ကိုရီးယားတို့အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ အလားတူ ဂျပန်နဲ့ တောင်ကိုရီးယားမှာ အမေရိကန် တပ်ဖွဲ့ဝင် အများအပြား ဖြန့်ကျက်ခွင့် ပြုထားခြင်းကို တရုတ်ကလည်း လုံခြုံရေး စိန်ခေါ်မှု တစ်ခုလို့ ယူဆထားပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုကကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ရည်မှန်းချက်တွေ စွန့်လွှတ်ရေးအတွက် ကူညီ ဖျောင်းဖျပေးဖို့ ဝမ်ကို မေတ္တာရပ်ခံခဲ့ကြောင်းလည်း ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။