Connect with us

Hi, what are you looking for?

နိုင်ငံတကာ

AI နည်းပညာသုံး ဒရုန်းစမ်းသပ်မှုကို ကင်မ်ဂျုံအွန် ကွပ်ကဲ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်ဟာ ဉာဏ်ရည်တု (AI) နည်းပညာသုံး ဖောက်ခွဲရေး ဒရုန်းတွေ စမ်းသပ်မှုကို ကိုယ်တိုင် ကြီးမှူးခဲ့ကြောင်း အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်ဟာ ဉာဏ်ရည်တု (AI) နည်းပညာသုံး ဖောက်ခွဲရေး ဒရုန်းတွေ စမ်းသပ်မှုကို ကိုယ်တိုင် ကြီးမှူးခဲ့ကြောင်း အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

စစ်လက်နက်တွေမှာ AI နည်းပညာ ထည့်သွင်း ပေါင်းစပ်ခြင်းဟာ နိုင်ငံရဲ့ စစ်ရေးနည်းပညာ အဆင့်မြှင့် မွမ်းမံမှုတွေမှာ ဦးစားပေးအဆင့် ထည့်သွင်းဖို့ ခေါင်းဆောင်ကြီး ကင်မ်ရဲ့ ရွေးချယ်မှု ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက မတ်လ ၂၇ ရက်နေ့မှာ ရေးသားထားခဲ့ပါတယ်။

ကင်မ်က ဒရုန်းတွေမှာ AIနဲ့ အဝေးထိန်း နည်းပညာတွေ ထိထိရောက်ရောက် ဖြည့်တင်းဖို့ဟာ အရေးကြီးတဲ့ လိုအပ်ချက် ဖြစ်တယ်လို့ ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။

KCNAက ထုတ်ပြန်တဲ့ ဓာတ်ပုံ မှန်တမ်းတွေမှာတော့ ဖောက်ခွဲရေး ဒရုန်းတစ်စီးဟာ တင့်ကားပုံ ဖန်တီးထားတဲ့ ပစ်မှတ်တုဆီ စိုက်ဆင်းသွားပြီး ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။ နောက်ပြီး သာမန် တိုက်လေယာဉ် တစ်စီးထက် ပိုကြီးတဲ့ ဒရုန်းတစ်စီးရှေ့မှာ ကင်မ်က စစ်တပ် အရာရှိတွေနဲ့အတူ စကားပြောရင်း လမ်းလျှောက်နေတဲ့ ဓာတ်ပုံကိုလည်း KCNAက ထုတ်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ ဖောက်ခွဲရေး ဒရုန်းတွေကို လက်နက်တိုက်ထဲ အလုံးအရင်း ဖြည့်တင်းနိုင်ဖို့ ပိုမို ကြိုးစားလာနေပါတယ်။ မြောက်ကိုရီးယား ဒရုန်းနည်းပညာ လျင်လျင်မြန်မြန် တိုးတက်လာတာဟာ ပြီးခဲ့တဲ့နှစ်က ရုရှားနဲ့ စစ်ရေး ပူးပေါင်းမှု သဘောတူညီချက်ရဲ့ ရလဒ်တစ်ခုလို့လည်း ယုံကြည်ရပါတယ်။

နောက်ပြီး ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယား တပ်တွေ ပါဝင်တိုက်ခိုက်နေခြင်းကလည်း ခေတ်သစ် ဒရုန်းစစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ အရမ်းအရေးကြီးတဲ့ စစ်မြေပြင် အတွေ့အကြုံတွေကို စုဆောင်း ရရှိပြီးသား ဖြစ်လာစေပါတယ်။

ကိုးကား: CAN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook