Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက် ကွန်ဒိုတိုက်ခန်းမှာ အမျိုးသမီးတစ်ဦး သေဆုံး၊ ချစ်သူ စင်ကာပူ နိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့ လိုက်ရှာနေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အဆင့်မြင့် ကွန်ဒို တိုက်ခန်း တစ်ခုထဲမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတဲ့နောက် ချစ်သူ စင်ကာပူ အမျိုးသားကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က အဆင့်မြင့် ကွန်ဒို တိုက်ခန်း တစ်ခုထဲမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတဲ့နောက် ချစ်သူ စင်ကာပူ အမျိုးသားကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။

သေဆုံးသူဟာ အသက် ၃၀ အရွယ် ဖာရိုဖီလက်စ်လို့သာ သတင်းတွေက နာမည် ဖော်ပြထားပြီး မျိုးရိုးနာမည်ကိုတော့ မထုတ်ပြန်သေးပါဘူး။ အမျိုးသမီးရဲ့ အလောင်းကို ဘန်ကောက်ရဲ့ ဆူခွမ်ဗစ် ၃၉ ဧရိယာက ကွန်ဒိုတိုက်ခန်း တစ်ခုမှာ မတ်လ ၂၆ ရက်နေ့က ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။

အလောင်းကို ၂၂ ထပ်အမြင့် တိုက်ခန်းရဲ့ ရေချိုးခန်းထဲမှာ စောင်တွေ၊ အိပ်ရာခင်းတွေနဲ့ လိပ်ပြီး ချန်ထားခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ သေဆုံးသူကို မတ် ၂၄ ရက်နေ့ နောက်ပိုင်း အဆက်အသွယ် မရတော့တဲ့နောက် သူငယ်ချင်း တစ်ယောက်က သောင်လော် ရဲစခန်းမှာ လူပျောက် တိုင်ချက်ဖွင့်ခဲ့တာပါ။ ပြီးတော့ တိုက်ခန်းဆီ လိုက်သွားပြီး အခန်းတံခါးကို ဖွင့်ပေးဖို့ ကွန်ဒို မန်နေဂျာကို အကူအညီ တောင်းခဲ့ရာက အလောင်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူရဲ့ လက်ပတ်နာရီ၊ လက်ကိုင်အိတ်တို့ အပါအဝင် အဖိုးတန် ပိုင်ဆိုင်မှု ပစ္စည်းတချို့ ပျောက်ဆုံးနေတာကိုလည်း ရဲတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ တိုင်ချက်ဖွင့်သူ အမျိုးသမီးရဲ့ ထွက်ဆိုချက်အရ သေဆုံးသူရဲ့ ချစ်သူဟာ အသက် ၃၂ နှစ်အရွယ် ဒန်နီရယ်လ် ဘန်ဂျမင် ဂိုဝေအန်ဆိုတဲ့ စင်ကာပူ နိုင်ငံသားမှန်း ရဲတွေက သိရှိခဲ့ပြီး အဓိက သံသယ ရှိသူအနေနဲ့ သတ်မှတ် ရှာဖွေနေပါတယ်။

Public Service Announcement

Public Service Announcement

သံသယရှိသူဟာ အရင်ကလည်း သေဆုံးသူနဲ့ စကားများရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် ရန်မူတာမျိုးတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေမှာတော့ သူတို့စုံတွဲဟာ မတ်လ ၂၃ ရက်နေ့ ညပိုင်းက အခန်းထဲ အတူတူ ဝင်သွားတာ တွေ့ခဲ့ရပြီး ဒန်နီရယ်လ်က မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းလောက်မှာ ထွက်ခွာသွားတာကို စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ သူနဲ့အတူ ခရီးဆောင် အိတ်ကိုပါ သယ်သွားပြီး အနက်ရောင် မာစီဒီးစ် ကားတစ်စီးနဲ့ မောင်းနှင် ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီကားဟာလည်း သေဆုံးသူနဲ့ ပတ်သက်မှု ရှိနေတယ်လို့ ရဲတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

လောလောဆယ်မှာတော့ သံသယ တရားခံကို လိုက်လံ ရှာဖွေနေသလို ရုပ်အလောင်းကိုလည်း သေမှုသေခင်းဆိုင်ရာ ရင်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဆေးရုံကို လက်လွှဲ ပို့ဆောင်ထားကြောင်း သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေယာဉ်ပေါ်မှာ ခိုးမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သတင်း

တရားမဝင်ရွှေ့ပြောင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာ ၃၅ဦးနဲ့သူတို့ကို လက်ခံထားတဲ့ မြန်မာအိမ်ရှင်ကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အကူအညီ တောင်းခဲ့တဲ့ နိုင်ငံခြားသူကို မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲမှုအတွက် ဖူးခက်မှာ ယာဉ် မောင်း တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေ လိုက်ပါလာတဲ့ ကားတစ်စီးရဲ့ မြန်မာယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။