Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အခုနှစ်ထဲမှာမြောက်ကိုရီးယားကစစ်သည်၃၀၀၀လောက်ရုရှားအတွက်ထောက်ပံ့ပေးပို့ခဲ့

အခုနှစ်ထဲမှာ မြောက်ကိုရီးယားဟာ ရုရှားကို ကူညီဖို့ စစ်သား ၃၀၀၀ လောက် စေလွှတ်ပေးခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။

အခုနှစ်ထဲမှာ မြောက်ကိုရီးယားဟာ ရုရှားကို ကူညီဖို့ စစ်သား ၃၀၀၀ လောက် စေလွှတ်ပေးခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။

အဲဒီ စစ်သည် အင်အား ၃၀၀၀ လောက်ဟာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေတုန်းက ရုရှားကို ရောက်ရှိခဲ့ပြီး ယူကရိန်းတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ရှေ့တန်း စစ်မြေပြင်တွေမှာ ဖြန့်ကျက်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

ရုရှားနဲ့ စစ်မဟာမိတ်အဖြစ် ပီပီပြင်ပြင် ပူးပေါင်းခဲ့တဲ့နောက် မြောက်ကိုရီးယားဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ စစ်အောင်နိုင်ရေး အထောက်အကူ ဖြစ်စေဖို့ ဒုံးကျည်တွေ၊ လက်နက်ကြီးတွေ၊ ခဲယမ်းမီးကျောက်တွေကိုလည်း ရုရှားဆီ ပိုမို ပေးပို့ခဲ့ကြောင်း မတ်လ ၂၇ ရက်နေ့မှာ တောင်ကိုရီးယား စစ်တပ်ရဲ့ ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်။

အခုနှစ်ထဲမှာ ရုရှားဆီ မြောက်ကိုရီးယား ထောက်ပံ့ ပေးပို့ထားတဲ့ထဲမှာ စစ်အင်အား ၃၀၀၀ ဝန်းကျင်အပြင် တာတိုပစ် ပဲ့ထိန်း ဒုံးကျည်တွေ၊ ၁၇၀ မမ ဟောင်ဝစ်ဇာ စက်အမြောက်တွေ၊ ၂၄၀ မမ အတွဲလိုက်ပစ် ဒုံးကျည်စနစ် ၂၂၀ ဝန်းကျင်တို့ ပါဝင်တယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ မနှစ်တုန်းကလည်း ရုရှားဖက်က ကူညီ တိုက်ခိုက်နိုင်အောင် စစ်သည်အင်အား ၁၁၀၀၀ လောက်ကို စေလွှတ်ပေးခဲ့ပါသေးတယ်။ အဲဒီ မြောက်ကိုရီးယား တပ်တွေဟာ ရုရှားပိုင်နက် ကာ့စ်ခ်ဒေသထဲက ယူကရိန်း တပ်တွေနဲ့ ရင်ဆိုင်တဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အစောပိုင်း ရက်တွေတုန်းက မြောက်ကိုရီးယားဟာ စစ်ရေး အတွေ့အကြုံ ကင်းမဲ့ပြီး နယ်မြေစိမ်းမှုဒဏ်ကြောင့် တပ်အင်အား တော်တော်များများ ပြုန်းတီးတာနဲ့ ကြုံတွေ့ခဲ့ပေမယ့် အခုတော့ အဖိုးတန် စစ်ရေး အတွေ့အကြုံတွေ စုဆောင်းနိုင်စွမ်း ရှိလာနေပြီလို့ ယူကရိန်း စစ်ထောက်လှမ်းရေးက သတိပေးထားပါတယ်။ အဲဒီအခြေအနေဟာ တောင်ကိုရီးယား အတွက်တော့ စိုးရိမ်စရာ အလှည့်အပြောင်း တစ်ခုလည်း ဖြစ်လာနေပါတယ်။

မြောက်ကိုရီးယားဟာ စစ်အင်အား တောင့်တင်းပေမယ့် လက်တွေ့ စစ်ပွဲတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကင်းကွာနေခဲ့ရာက ရုရှားမှာ ဒရုန်းစစ်ဆင်ရေးတွေ အပါအဝင် ခေတ်သစ် စစ်ပွဲတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ စုဆောင်းရရှိလာနေတာ ဖြစ်ပါတယ်။ 

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook