Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တာဝန်ဆိုင်းငံ့ခံထားရတဲ့ သမ္မတရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့်နေ့ကို တောင်ကိုရီးယား ခုံရုံး ကြေညာ

ရာထူးက ဆိုင်းငံ့ခံထားရသူ သမ္မတ ယွန်ဆွတ်ခ်ယောရဲ့ အနာဂတ်ကို စီရင်ဆုံးဖြတ်ဖို့ ဧပြီ ၄ ရက်နေ့ကို တောင်ကိုရီးယား အခြေခံ ဥပဒေ ခုံရုံးက ရက်သတ်မှတ်လိုက်ပါတယ်။

ရာထူးက ဆိုင်းငံ့ခံထားရသူ သမ္မတ ယွန်ဆွတ်ခ်ယောရဲ့ အနာဂတ်ကို စီရင်ဆုံးဖြတ်ဖို့ ဧပြီ ၄ ရက်နေ့ကို တောင်ကိုရီးယား အခြေခံ ဥပဒေ ခုံရုံးက ရက်သတ်မှတ်လိုက်ပါတယ်။

ဧပြီ ၁ ရက်နေ့မှာ ခုံရုံးက ကြေညာရာမှာတော့ သမ္မတ ယွန်အပေါ် ပြစ်တင်စွပ်စွဲမှုနဲ့ ပတ်သက်လို့ စိစစ်သုံးသပ်မှု ရလဒ်တွေကို အခု သီတင်းပတ်မှာ အဆုံးအဖြတ် ပေးသွားမယ်လို့ ဖော်ပြပါရှိခဲ့ပါတယ်။

ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတ ယွန်ကို ရာထူးကနေ အပြီးတိုင် ဖယ်ရှားမလား၊ ဒါမှမဟုတ် မူလရာထူးမှာ ပြန်လည် ခန့်အပ်မလား ဆိုတာကို ရွေးချယ်ပေးရမှာပါ။

ခုံရုံးက ဘယ်ဆုံးဖြတ်ချက်ကို ရွေးချယ်တာပဲဖြစ်ဖြစ်၊ ဆန့်ကျင်ဖက် အင်အားစုတွေက မကျေမနပ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် တောင်ကိုရီးယား ရဲတပ်ဖွဲ့ဟာ အဲဒီနေ့အတွက် လုံခြုံရေး အစီအမံတွေကို အစွမ်းကုန် ပြင်ဆင်နေပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ယွန်ဟာ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက တစ်ကမ္ဘာလုံးကို အံ့အားသင့်စေတဲ့ အခြေအနေအဖြစ် အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာခဲ့တာနဲ့ ဆက်စပ်ပြီး ရာထူးကနေ ဆိုင်းငံ့ ခံထားရတာပါ။ သမ္မတရဲ့ ဆုံးဖြတ်ချက်ကို လွှတ်တော်က မဲခွဲပြီး ပယ်ချခဲ့သလို ပြည်သူတွေကလည်း အပြင်းအထန် ဆန့်ကျင်ခဲ့ကြတဲ့နောက် သက်တမ်း ၆ နာရီကျော် အကြာမှာပဲ ယွန်က သူ့ရဲ့ အမိန့်ကို ရုပ်သိမ်းခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ အတိုက်အခံတွေ ဦးဆောင်ပြီး လွှတ်တော်မှာ သမ္မတကို စွပ်စွဲရှုတ်ချမှု အဆိုတင်သွင်း အောင်မြင်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ယွန်ဟာ ရာထူးက ဆိုင်းငံ့ခံထားရပြီး အဲဒီနောက်ဆက်တွဲ ကံကြမ္မာကိုတော့ ခုံရုံး စီရင်ချက်ကပဲ အဆုံးအဖြတ် ပေးသွားတော့မှာ ဖြစ်ပါတယ်။

ယွန်ရဲ့ ရှေ့နေတွေကတော့ အရေးပေါ် အခြေအနေ ကြေညာတယ် ဆိုတာဟာ သမ္မတ တစ်ဦးရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲမှာ အပြည့်အဝ ရှိနေပြီး ဥပဒေ ချိုးဖောက်မှု မမြောက်ဘူးလို့ ကာကွယ် ပြောဆိုထားကြပါတယ်။ ယွန်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ လွှတ်တော် စွပ်စွဲ အရေးယူမှု ခံရပြီး သမ္မတ တာဝန်တွေကနေ ဆိုင်းငံ့ ခံထားရတာပါ။

ယွန်က သူဟာ တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေး အာဏာစက်ကို ပြည့်ပြည့်ဝဝ အသုံးချဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြောင်း ဖြေရှင်းထားပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက လွှတ်တော်တွင်း လွှမ်းမိုးနိုင်မှုကို အလွဲသုံးစား လုပ်နေတဲ့အပေါ် တန်ပြန်ဖို့သာ ရည်ရွယ်ခဲ့တာလို့ ဖြေရှင်း ပြောကြားထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား အပြန်အလှန် သူလျှိုလုပ်ပြီး သတင်းထောက်လှမ်းကြတယ် ဆိုတာက လူတိုင်းသိတဲ့ လျှို့ဝှက်ချက် ဆိုပေမယ့် နိုင်ငံ ခေါင်းဆောင်တွေကြားမှာတော့ ဒီကိစ္စကို လူသိရှင်ကြား ထုတ်ပြောလေ့ မရှိပါဘူး။ ဒါပေမဲ့ တရုတ်နဲ့ တောင်ကိုရီးယား သမ္မတတွေ တွေ့ဆုံကြတဲ့ အချိန်မှာတော့ ဖုန်းတွေကို အသုံးပြုပြီး သူလျှိုလုပ်နိုင်ခြေနဲ့...

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ဟာ ကြောင်သူတော် တစ်ဦးဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တာကို အကြောင်းပြုပြီး ရာထူးကနေ ဆိုင်းငံ့ ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီ ဖြစ်ပါတယ်။