Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဆောင်ပေးတဲ့ Xiaomi ဖုန်းမှာ သူလျှို App ပါ၊ မပါ စစ်ကြည့်လို့ရကြောင်း တောင်ကိုရီးယား သမ္မတကို ရှီနောက်ပြောင်

တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား အပြန်အလှန် သူလျှိုလုပ်ပြီး သတင်းထောက်လှမ်းကြတယ် ဆိုတာက လူတိုင်းသိတဲ့ လျှို့ဝှက်ချက် ဆိုပေမယ့် နိုင်ငံ ခေါင်းဆောင်တွေကြားမှာတော့ ဒီကိစ္စကို လူသိရှင်ကြား ထုတ်ပြောလေ့ မရှိပါဘူး။ ဒါပေမဲ့ တရုတ်နဲ့ တောင်ကိုရီးယား သမ္မတတွေ တွေ့ဆုံကြတဲ့ အချိန်မှာတော့ ဖုန်းတွေကို အသုံးပြုပြီး သူလျှိုလုပ်နိုင်ခြေနဲ့ ပတ်သက်လို့ အရွှန်းဖောက် နောက်ပြောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ - South Korea's Presidential Office

တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား အပြန်အလှန် သူလျှိုလုပ်ပြီး သတင်းထောက်လှမ်းကြတယ် ဆိုတာက လူတိုင်းသိတဲ့ လျှို့ဝှက်ချက် ဆိုပေမယ့် နိုင်ငံ ခေါင်းဆောင်တွေကြားမှာတော့ ဒီကိစ္စကို လူသိရှင်ကြား ထုတ်ပြောလေ့ မရှိပါဘူး။ ဒါပေမဲ့ တရုတ်နဲ့ တောင်ကိုရီးယား သမ္မတတွေ တွေ့ဆုံကြတဲ့ အချိန်မှာတော့ ဖုန်းတွေကို အသုံးပြုပြီး သူလျှိုလုပ်နိုင်ခြေနဲ့ ပတ်သက်လို့ အရွှန်းဖောက် နောက်ပြောင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (အေပက်) ညီလာခံ တက်ရောက်ရင်း တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်တို့ဟာ တောင်ကိုရီးယားရဲ့ ဂျောင်ဂျူမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီအခါ ရှီက လီကို စမတ်ဖုန်းနှစ်လုံး လက်ဆောင်ပေးခဲ့ပြီး တစ်လုံးက လီကိုယ်တိုင်အတွက်၊ တစ်လုံးက လီရဲ့ ဇနီးသည်အတွက်လို့ ပြောပါတယ်။ ဖုန်းနှစ်လုံးစလုံးကို တရုတ်ရဲ့ နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီ Xiaomiက ထုတ်လုပ်ပြီး တောင်ကိုရီးယားမှာ ထုတ်လုပ်တဲ့ displayတွေကို တပ်ဆင်ထားတယ်လို့ နောက်ပိုင်းမှာ ရှီရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက်ပေးခဲ့ပါတယ်။

နောက်တော့ ဖုန်းကင်မရာကို သမ္မတ နှစ်ယောက်က အတူစမ်းသပ်နေရင်း လီက ဖုန်းတွေရဲ့ လုံခြုံရေး ဘယ်လောက် ကောင်းသလဲလို့ မေးခဲ့ပါတယ်။ ရှီကလည်း ရယ်ရယ်မောမောနဲ့ လျှို့ဝှက် စပိုင်appတွေ ပါမပါ စစ်ကြည့်လို့ ရပါတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အဲဒါကို လီက အရမ်းသဘောကျသွားပြီး လက်ခုပ်လက်ဝါးတီးရင်း ရယ်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရှီဟာ လူကြားထဲမှာ အနောက်အပြောင် စကားတွေ ပြောဖို့ ခဲယဉ်းလေ့ ရှိတာမို့ ဒီအခြေအနေက ကြုံလေ့မရှိတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မှာ အခြေစိုက်တဲ့ သမိုင်း သုတေသီ ဂျွန်ဒယ်လူရီက ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေဟာ ထိလွယ်ရှလွယ် ဖြစ်နိုင်တဲ့ သူလျှိုလုပ်မှုတွေကို လူကြားထဲမှာ ထုတ်ပြောတာမျိုးကနေ သတိကြီးကြီး ရှောင်ကြဉ်လေ့ ရှိပေမယ့် ဒီပုဂ္ဂိုလ် နှစ်ယောက်ကတော့ အဲဒီ အကြောင်းအရာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ဟာသတစ်ခုလို့ ပြောဆိုခဲ့ကြတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အမေရိကန်နဲ့ မဟာမိတ်တွေဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေထဲမှာ စပိုင်လုပ်ငန်းအတွက် အသုံးပြုတဲ့ အစိတ်အပိုင်းတွေ လျှို့ဝှက် ထည့်သွင်းထားကြောင်း ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲနေခဲ့ကြပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ဟာ တရုတ် ဆက်သွယ်ရေး လုပ်ငန်းစုကြီး Huaweiက ထုတ်လုပ်တဲ့ 5G ကွန်ရက်တွေ ပြည်တွင်းမှာ တပ်ဆင် အသုံးပြုခွင့်ကိုပါ ပိတ်ပင်ထားပါတယ်။ အကြောင်းကတော့ Huaweiဟာ တရုတ် အာဏာရ ကွန်မြူနစ်ပါတီ (CCP)နဲ့ အရမ်းနီးစပ်မှု ရှိနေတာကြောင့်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းမှာတုန်းက Xiaomiကိုလည်း နာမည်ပျက် စာရင်းသွင်းခဲ့ပြီး ပြည်သူတွေ အနေနဲ့ Xiaomi ထုတ်ကုန်တွေကို မသုံးသင့်ကြောင်း တိုက်တွန်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ Xiaomiက အမေရိကန် အစိုးရအပေါ် တုံ့ပြန် တရားစွဲမှုမှာ အနိုင်ရခဲ့ပြီး နာမည်ပျက် စာရင်းကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ပြီးတော့ တရုတ် စစ်တပ်နဲ့ အဆက်အစပ် ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကုမ္ပဏီက ခါးခါးသီးသီး ငြင်းဆိုထားပါတယ်။

ရှီနဲ့ လီတို့ဟာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်နိုင်ဖို့ ဖြစ်နိုင်ခြေတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ တောင်ကိုရီးယားဟာ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်ဖြစ်ပြီး နီးစပ်တဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားတဲ့တိုင် လီက တရုတ်နဲ့ တင်းမာမှုတွေကို ဖြေလျှော့ပြီး ပူးပေါင်းမှုတွေကို အရှိန်မြှင့်ဖို့ လိုလားကြောင်း ပြောဆိုထားပါတယ်။

ဒီအတွက်လည်း ပြည်တွင်း ကွန်ဆာဗေးတစ် အင်အားစုတွေက လီဟာ တရုတ်ကို မျက်နှာသာ အလွန်အကျွံပေးပြီး ပေါင်းသင်းနေတယ်လို့ စွပ်စွဲလာခဲ့ကြတာပါ။ သူ့မတိုင်ခင်က တောင်ကိုရီးယား သမ္မတ ဖြစ်ခဲ့သူ ယွန်ဆွတ်ခ်ယောကတော့ တရုတ်ဟာ တောင်ကိုရီးယားရဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က ခြယ်လှယ် စွက်ဖက်ဖို့ ကြိုးစားနိုင်ကြောင်း စွပ်စွဲခဲ့ပြီး တရုတ်ကတော့ ငြင်းဆိုခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ လီဟာ ရှီလက်ဆောင်ပေးတဲ့ Xiaomi ဖုန်းတွေကို အမှန်တကယ် အသုံးပြုဖွယ် မရှိဘူးလို့ သုံးသပ်ကြပါတယ်။ အရမ်းအရေးကြီးတဲ့ ဆွေးနွေး ပြောဆိုမှုတွေကို တရုတ်ဖုန်း တစ်လုံးနဲ့ လုပ်ဆောင်ဖို့ထိ လီက အရဲမကိုးလောက်ဘူးလို့ ဩစတြေးလျ နိုင်ငံက လုံခြုံရေး သုတေသီ တစ်ဦးဖြစ်တဲ့ ပက်ထရစ် ဝဲ့လ်ရှ်က ပြောပါတယ်။ အဲဒီအစား မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေကို လက်ဆောင်ပေးလိုက်တာမျိုး ဖြစ်နိုင်တယ်လို့လည်း သူက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ယှဉ်ရင် တရုတ်နဲ့ ဆက်ဆံရတာကို ကမ္ဘာ့နိုင်ငံ အများအပြားက ပိုမိုလိုလားလာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား ဝန်ကြီးချုပ်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က ဘေဂျင်းမြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ် တာရစ်ရာမန်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ အိမ်ရှင်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆောင်းပါး

-သော်မွန်/People’s Spring ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက်...