Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲအပြီးတိုင် ရပ်ဆိုင်းရင် အစ္စရေး ဓားစာခံအားလုံး လက်လွှဲပေးဖို့ ဟားမားစ်လိုလား

စစ်ပွဲသာ အပြီးရပ်ဆိုင်းမယ်ဆိုရင် လက်ကျန် အစ္စရေး ဓားစာခံ အားလုံးကို ပြန်လွှဲပြောင်းပေးဖို့ အသင့်ရှိကြောင်း ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်က စစ်ရပ်ဆိုင်းရေး ကြားဝင် ညှိနှိုင်းပေးနေသူတွေကို ပြောပါတယ်။

စစ်ပွဲသာ အပြီးရပ်ဆိုင်းမယ်ဆိုရင် လက်ကျန် အစ္စရေး ဓားစာခံ အားလုံးကို ပြန်လွှဲပြောင်းပေးဖို့ အသင့်ရှိကြောင်း ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်က စစ်ရပ်ဆိုင်းရေး ကြားဝင် ညှိနှိုင်းပေးနေသူတွေကို ပြောပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်ပြီး မတ်လလယ်ကစလို့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ပြန်လည် စတင်လာတဲ့နောက် ဟားမားစ်ဖက်က အခုလို ကမ်းလှမ်းလာတာ ဖြစ်ပါတယ်။ ဂါဇာငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ပါဝင်ညှိနှိုင်းပေးနေတဲ့ အဖွဲ့အစည်းတွေကို ဟားမားစ်က စစ်ပွဲသာ ရပ်မယ်ဆိုရင် ထိန်းသိမ်းထားဆဲ အစ္စရေး ဓားစာခံ ၅၉ ဦးစလုံးကို လွှတ်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ ဂါဇာမှာ ဟားမားစ်တွေရဲ့ တည်ရှိမှု ဆုံးခန်းတိုင်သွားစေဖို့ ရည်ရွယ်ပြီး ဟားမားစ်အဖွဲ့ရဲ့ ခြွင်းချက်မရှိ အရှုံးပေးမှု မပါဝင်တဲ့ ဘယ်လို စစ်ရပ်ဆိုင်းရေး သဘောတူညီမှုကိုမှ လက်မခံဘူးလို့ ပြောကြားထားဖူးပါတယ်။

ဟားမားစ်တွေ ဆက်ရှိနေသ၍ အစ္စရေးဟာ ဂါဇာကနေ အပြီးတိုင် ဆုတ်ခွာပေးဖို့ဆိုတဲ့ ကိစ္စမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ နေတန်ညာဟုက ကြုံးဝါးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရပ်ဆိုင်းရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေးကို အပေးအယူအဖြစ် ကမ်းလှမ်းလာတဲ့ ဟားမားစ်ရဲ့ အခုနောက်ဆုံး သဘောထားနဲ့ ပတ်သက်ပြီး ပါလက်စတိုင်း အရာရှိ တစ်ဦးက လောလောဆယ်မှာ တခြား ရွေးချယ်စရာလည်း မမြင်ကြောင်း၊ ဂါဇာရဲ့ အခြေအနေက အရမ်းဆိုးရွားနေပြီဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အစောပိုင်းမှာ ဟားမားစ်ဟာ နောက်ထပ် ကာလတို အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုအတွက် အစ္စရေး ဓားစာခံ ၅ ဦးကို လွှတ်ပေးဖို့ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်ရဲ့ ကြားဝင် ကမ်းလှမ်းမှုကို လက်ခံနိုင်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အစ္စရေးကတော့ ဓားစာခံ ၁၁ ဦးထိ ပြန်လွှတ်ပေးဖို့နဲ့ သေဆုံးခဲ့သူ ဓားစာခံ ၁၆ ဦးရဲ့ အလောင်းတွေကို လွှဲပေးဖို့ တန်ပြန် တောင်းဆိုခဲ့ပါတယ်။ အဲဒီကိစ္စကို ဟားမားစ်ဖက်က လက်မခံတဲ့အတွက် ဆက်ဆွေးနွေးဖို့ အကြောင်းမပြန်တော့ပါဘူး။

အစ္စရေး အနေနဲ့ ဓားစာခံတွေ အားလုံး လွတ်မြောက်ရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် စစ်ပွဲကို အလုံးစုံ ရပ်ဆိုင်းဖို့ လက်ခံသင့်တယ်လို့ ပါလက်စတိုင်းတွေဖက်က ပြောပါတယ်။ ဒါပေမဲ့ ဟားမားစ်ကလည်း အပြီးတိုင် လက်နက်စွန့်ဖို့နဲ့ ပါလက်စတိုင်း နိုင်ငံ ထူထောင်ရေး ရည်မှန်းချက်တွေကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တုန်းက အစ္စရေး နယ်စပ်ကို ဖြတ်ကျော်ပြီး ဟားမားစ်တွေက အလစ်အငိုက် စစ်ဆင် တိုက်ခိုက်ခဲ့ရာက ဂါဇာမှာ စစ်ပွဲကြီး အစပြုခဲ့ပြီး အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း အသေအပျောက် ၅၀၀၀၀ ကျော်လွန်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: New York Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ မဟာမိတ် အီရန်နိုင်ငံကို ဟားမားစ် ပြောက်ကျားအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဟားမားစ် ပြောက်ကျားတွေဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီး အဲဒီအတွက် လက်တုံ့ပြန်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ခဲ့ပါတယ်။

နိုင်ငံတကာ

ဟားမားစ်ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အပစ်ရပ်ထားတဲ့ ကာလအတွင်း ဂါဇာမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဟားမားစ်က ကြံစည်နေကြောင်း အမေရိကန် အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။