Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားမှာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာ မာရသွန်ပြိုင်ပွဲ ကျင်းပ

ခြောက်နှစ်တာအတွင်း နိုင်ငံတကာ မာရသွန် ပြိုင်ပွဲတစ်ခုကို မြောက်ကိုရီးယားမှာ ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခဲ့ပါတယ်။

ခြောက်နှစ်တာအတွင်း နိုင်ငံတကာ မာရသွန် ပြိုင်ပွဲတစ်ခုကို မြောက်ကိုရီးယားမှာ ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နိုင်ငံရဲ့ မြို့တော် ပြုံယမ်းမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးကို နိုင်ငံခြားသား အပြေးသမား ၂၀၀ လောက် ပါဝင် ယှဉ်ပြိုင်ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပြုံယမ်း နိုင်ငံတကာ မာရသွန်ကို ၁၉၈၁ ခုနှစ်ကစပြီး ဧပြီလရောက်တိုင်း နိုင်ငံထူထောင်သူ ကင်မ်အီလ်ဆွန်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဧပြီ ၆ ရက်နေ့မှာ တကျော့ပြန် ကျင်းပတဲ့ ပြိုင်ပွဲကြီး မတိုင်ခင် နောက်ဆုံး ပြုံယမ်း မာရသွန်ကတော့ ၂၀၁၉ ခုနှစ်တုန်းက ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကိုဗစ် ကပ်ရောဂါ ဂယက်ကြောင့် ပြိုင်ပွဲကို မကျင်းပဖြစ်ဘဲ ၆ နှစ်ကြာ အဆက်ပြတ်သွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

နောက်ပိုင်းမှာတော့ မြောက်ကိုရီးယားဟာ နယ်စပ်တွေကို ပိတ်ထားရာကနေ တဖြည်းဖြည်းချင်း ပြန်ဖွင့်လှစ်ပေးနေပြီး မနှစ်ကစလို့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ပြန်လည် ဝင်ရောက်ခွင့် ပြုခဲ့ပါတယ်။

မာရသွန် ပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံခြားသားတွေကိုတော့ ကိုဗစ်ကာလ မတိုင်ခင်တုန်းကလိုပဲ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း တစ်ခုက တာဝန်ယူ စိစစ် စုဆောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် အခြေစိုက် ကမ္ဘာလှည့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း Koryo Toursက မာရသွန်မှာ ပါဝင်ယှဉ်ပြိုင်တာ အပါအဝင် ၆ ရက်ကြာ အလည်အပတ် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ဖိုးတွေ အပါအဝင် ၂၄၀၆ ဒေါ်လာတန် package တစ်ခုကို စီစဉ် ရောင်းချပေးခဲ့ပါတယ်။

ပြုံယမ်းမာရသွန်အတွက် သတ်မှတ်ထားတဲ့ ပြေးလမ်းကိုတော့ ကင်မ်အီလ်ဆွန် အားကစားရုံ၊ အောင်ပွဲမုခ်ဦးစတဲ့ အထိမ်းအမှတ် နေရာတွေအပြင် မြို့ရဲ့ လူနေရပ်ကွက်တွေကိုပါ ဖြတ်သန်းပြီး သတ်မှတ်ထားခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာတော့ မာရသွန် ပြိုင်ပွဲရဲ့ တာထွက်နဲ့ ပန်းဝင်နေရာဖြစ်တဲ့ အားကစားရုံကြီးမှာ ပရိသတ်တွေ ပွဲကြည့်စင်အပြည့် လာရောက် အားပေးနေသလို ရွှေရောင် စက္ကူအလံတွေ ဝှေ့ရမ်းနေကြတာကို တွေ့ရပါတယ်။

မာရသွန် ပြိုင်ပွဲမှာ ဘယ်သူတွေ အနိုင်ရခဲ့ကြသလဲ ဆိုတာကိုတော့ စီစဉ်ကျင်းပသူတွေက သတင်း အချက်အလက်တွေ မထုတ်ပြန်ခဲ့ပါဘူး။

မြောက်ကိုရီးယားဟာ ၂၀၂၃ နှစ်လယ်လောက်ကစပြီး နယ်စပ်ပိတ်ဆို့မှုတွေကို သတိကြီးကြီးနဲ့ ပြန်လည် ဖြေလျှော့ပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ လတုန်းက မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ အရှေ့ဖက်မှာရှိပြီး ဝေးလံခေါင်သီတဲ့ အပန်းဖြေ စခန်းမြို့ ရာဆွန်းကို အနောက်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တွေ ဝင်ရောက်ခွင့်ကို ပြန်လည် လက်ခံပေးခဲ့ပေမယ့် သီတင်းပတ် တချို့အကြာမှာ အဲဒီ အစီအစဉ်ကို ပြန်လည် ဆိုင်းငံ့သွားခဲ့ပါတယ်။

ကိုးကား: Standard

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားမှာ တစ်ရက်ကြာ နေထိုင်ပြီးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လ ၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။