Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၀ နှစ်အတွင်း ပထမဆုံးအဖြစ် ဗြိတိန်စစ်တပ် အကြီးအကဲ တရုတ်နိုင်ငံကိုသွားရောက်

ဆယ်စုနှစ် တစ်ခုလောက် ကာလအတွင်း ဗြိတိန်ဟာ စစ်ဦးစီးချုပ် အရာရှိကို တရုတ်နိုင်ငံဆီ ပထမဆုံး အလည်အပတ် ခရီးစဉ် စေလွှတ်ခဲ့ပါတယ်။

Andrew Matthews/PA

ဆယ်စုနှစ် တစ်ခုလောက် ကာလအတွင်း ဗြိတိန်ဟာ စစ်ဦးစီးချုပ် အရာရှိကို တရုတ်နိုင်ငံဆီ ပထမဆုံး အလည်အပတ် ခရီးစဉ် စေလွှတ်ခဲ့ပါတယ်။

ဗြိတိန်ရဲ့ လက်နက်ကိုင် တပ်အားလုံးကို ဦးစီးနေသူ ရေတပ် သေနာပတိ ဆာတိုနီရာဒါကင်ဟာ အခုသီတင်းပတ်မှာ ဘေဂျင်းကို ရောက်ရှိပြီး နှစ်နိုင်ငံကြား သဘောထားတူညီတဲ့ စိုးရိမ်စရာ ကိစ္စတချို့ကို တရုတ်စစ်ဦးစီး အရာရှိတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မတည်ငြိမ်တဲ့ ကမ္ဘာ့အခြေအနေတွေမှာ ကမ္ဘာကြီးရဲ့ ကောင်းကျိုးအတွက် တာဝန်ယူ၊ တာဝန်ခံရမယ့် နိုင်ငံ အသီးသီးဟာ ကိုယ့်ကဏ္ဍကိုယ် တာဝန်ကျေဖို့ လိုတယ်ဆိုတာ ဗြိတိန်ရော၊ တရုတ်ကပါ လက်ခံထားကြောင်း ရာဒါကင်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ အဲဒီ သဘောထားရဲ့ အရေးကြီးမှုကို ထင်ဟပ်စေဖို့ နှစ်နိုင်ငံ စစ်တပ်အချင်းချင်း နှီးနှော ပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

ရာဒါကင်ရဲ့ ခရီးစဉ်ဟာ တရုတ်နဲ့ အမေရိကန် အစိုးရတွေကြား ကုန်သွယ်ရေး စစ်ပွဲအသွင် ခက်ထန်တဲ့ အားပြိုင်မှုတွေ မြင့်တက်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

Public Service Announcement

Public Service Announcement

ရာဒါကင်က တရုတ်နိုင်ငံဆီ သွားရောက်ခဲ့တဲ့ ခရီးစဉ်ရဲ့ နေ့ရက်ကို မကြေညာပေမယ့် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက အခုသီတင်းပတ် အစောပိုင်းမှာ အဲဒီခရီးစဉ်ကို အကောင်အထည် ဖော်ခဲ့တာလို့ ပြောပါတယ်။

ဗြိတိန်စစ်တပ်ရဲ့ အကြီးအကဲတစ်ဦး တရုတ်နိုင်ငံကို နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ဖူးတာဟာ ၂၀၁၅ ခုနှစ်တုန်းက ဖြစ်ပါတယ်။ နိုင်ငံတွေ အချင်းချင်း စစ်တပ်ချင်း ထိတွေ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်တာဟာ အမြဲတမ်း အကျိုးရှိတဲ့ ကိစ္စဖြစ်ပြီး ရာဒါကင်ဟာ အဲဒီတာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ခဲ့ကြောင်း ဟီလေက ဆိုပါတယ်။

နှစ်ဖက် ဆွေးနွေးမှုတွေကြားမှာ ထိုင်ဝမ်အရေးဟာ ခေါင်းစဉ်တစ်ခုအဖြစ် ပါဝင်ခဲ့သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ တရုတ်က ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး စစ်ရေးလေ့ကျင့်တာမျိုး လှုပ်ရှားမှုတွေဟာ ဗြိတိန်နဲ့ အနောက်နိုင်ငံတွေအတွက် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်ရေးအရ တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ ကိုယ်ပိုင်နိုင်ငံရေး စနစ်နဲ့ လွတ်လပ်စွာ ရပ်တည်ဖို့ကိုပဲ လိုလားနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook