Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေဂျင်းအပါအဝင် တရုတ်မြောက်ပိုင်းမှာ လေပြင်း တိုက်ခတ်နိုင်ခြေ သတိပေးချက်တွေ ထုတ်ပြန်ထား

တိုင်ဖွန်း မုန်တိုင်းလို လေပြင်းတိုက်ခတ်မှုတွေ ကြုံနိုင်ခြေ မိုးလေသဝ သတိပေးချက်ကို တရုတ်နိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

Photo by Tyrone Siu/Reuters

တိုင်ဖွန်း မုန်တိုင်းလို လေပြင်းတိုက်ခတ်မှုတွေ ကြုံနိုင်ခြေ မိုးလေသဝ သတိပေးချက်ကို တရုတ်နိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

မွန်ဂိုလီးယားဖက်ကနေ ရွေ့လျားတာတဲ့ အအေးဓာတ် စုဖွဲ့မှု စနစ်တစ်ခုက တရုတ်နိုင်ငံ မြောက်ပိုင်း ဧရိယာတွေမှာ ပြင်းထန်တဲ့ လေပြင်း တိုက်ခတ်မှုတွေ ဖြစ်လာစေနိုင်ကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ ဘေဂျင်း မြို့တော်မှာတော့ အခုသီတင်းပတ်ကုန်မှာ ကျင်းပမယ့် ပွဲလမ်းသဘင်တွေ၊ အားကစားပွဲတွေကို ဆိုင်းငံ့ထားစေပြီး ရထားပြေးဆွဲမှုတွေ ဒါဇင်နဲ့ချီ ရပ်နားဖို့ ညွှန်ကြားထားပါတယ်။ အလားတူ လေကြောင်းခရီးစဉ် တော်တော်များများကိုလည်း ဖျက်သိမ်းစေခဲ့ပါတယ်။

လေပြင်းတွေ တိုက်ခတ်လာနိုင်တဲ့ မြို့ရွာတွေမှာ နေထိုင်သူ သန်းပေါင်းများစွာသော ဒေသခံတွေ အနေနဲ့ အရေးတကြီး ကိစ္စမဟုတ်ရင် အိမ်အပြင် မထွက်ကြဖို့လည်း အာဏာပိုင်တွေက ဆော်ဩထားပါတယ်။ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်လာရင် အမြင့်ဆုံး လေတိုက်နှုန်းက တစ်နာရီကို ၁၅၀ ကီလိုမီတာလောက်ထိ အားပြင်းနိုင်တယ်လို့လည်း ဆိုပါတယ်။

၁၀ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဘေဂျင်းမှာ လေပြင်းတိုက်ခတ်မှု အန္တရာယ် သတိပေးချက်ကို လိမ္မော်ရောင်အဆင့် ထုတ်ပြန်ထားပြီး ဒါဟာ ဒုတိယ အမြင့်ဆုံး အဆင့်သတ်မှတ်ချက်လည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၂ ရက်နေ့မှာ ဘေဂျင်းရဲ့ အပူချိန်ဟာ ၁၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းနေသလို တရုတ်ရဲ့ အတွင်း မွန်ဂိုလီးယား ဒေသမှာလည်း နှင်းတွေ ကျဆင်းနိုင်ချိန် မြင့်မြင့်မားမား ရှိနေကြောင်း ကြေညာထားပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ် တောင်ပိုင်းမှာလည်း အခုနှစ်အတွင်း အပြင်းထန်ဆုံး မိုးသီးကျဆင်းမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တရုတ်ရဲ့ စက်ရုပ်နည်းပညာ ထွန်းကားတိုးတက်မှုကို ပြသဖို့အတွက် ဧပြီ ၁၃ ရက်နေ့ကျရင် ဘေဂျင်းမှာ လူသားတွေနဲ့အတူ လူတူစက်ရုပ်တွေပါ ဝင်ပြိုင်မယ့် တာလတ် မာရသွန် အပြေးပြိုင်ပွဲကိုလည်း တစ်ပတ် နောက်ဆုတ်လိုက်ရပါတယ်။

ဒီအတောအတွင်း လေပြင်းတိုက်ရင် ပြိုလဲသွားနိုင်ခြေရှိတဲ့ သစ်ပင် ၅၀၀၀ လောက်ကိုလည်း ကြိုတင် အားဖြည့်တဲ့ အစီအမံတွေနဲ့ လိုက်လံ ကျားကန်ပေးထားတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ပထမ ၂ လတာအတွင်း သဘာဝ ဘေးအန္တရာယ်နဲ့ ဆက်စပ်လို့ တရုတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ အဆုံးအရှုံး ဒေါ်လာ ၁.၂၇ ဘီလီယံလောက် ကြုံတွေ့ခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook