Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားမှာ အကြီးဆုံး ဖြစ်လာမယ့် ဆောက်လုပ်ဆဲ စစ်သင်္ဘောရဲ့ ဂြိုဟ်တုဓာတ်ပုံ ထွက်ပေါ်လာ

မြောက်ကိုရီးယား ရေတပ် ပိုင်ဆိုင်ဖူးသမျှ အကြီးမားဆုံး စစ်သင်္ဘောကြီး တည်ဆောက်မှုဟာ အရှိန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေတယ်လို့ ယုံကြည်ရပါတယ်။

မြောက်ကိုရီးယား ရေတပ် ပိုင်ဆိုင်ဖူးသမျှ အကြီးမားဆုံး စစ်သင်္ဘောကြီး တည်ဆောက်မှုဟာ အရှိန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေတယ်လို့ ယုံကြည်ရပါတယ်။

ဧပြီ ၆ ရက်နေ့က ရိုက်ကူးထားတဲ့ ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံတွေအရ မြောက်ကိုရီးယား အနောက်ဖက် ကမ်းရိုးတန်းမှာရှိတဲ့ နမ်ပို သင်္ဘောကျင်းမှာ အဲဒီ စစ်သင်္ဘောကြီးကို တည်ဆောက်နေတာ တွေ့ရပါတယ်။

Maxar နည်းပညာ ကုမ္ပဏီက ရိုက်ကူးထားတဲ့ ဂြိုဟ်တု ဓာတ်ပုံအရ အဲဒီ ရေယာဉ်ဟာ မြောက်ကိုရီးယား ရေတပ်မှာ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဘယ်သင်္ဘောထက်မဆို အနည်းဆုံး နှစ်ဆလောက် ပိုကြီးတဲ့ သဘောပါပဲ။

ရေယာဉ်ရဲ့ ကိုယ်ထည်ဟာ ရုပ်လုံးပေါ်နေပြီ ဖြစ်ပေမယ့် လက်နက် စနစ်တွေနဲ့ တခြားသော အတွင်းပိုင်း ဖွဲ့စည်းမှု စနစ်တွေကို ဆက်လက် တည်ဆောက်နေဆဲလို့ ဂြိုဟ်တု မှတ်တမ်း ဓာတ်ပုံကို အခြေပြုပြီး စစ်ရေး ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သင်္ဘောဟာ ပေ ၄၆၀ လောက် ရှည်လျားပြီး ပဲ့ထိန်း ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ဖရီးဂိတ် အမျိုးအစား ဖြစ်နိုင်တယ်လို့လည်း နိုင်ငံတကာ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးစင်တာမှာရှိတဲ့ စစ်ရေးကျွမ်းကျင်သူ ဂျိုးဆက် ဘာမြူဒက်ဇ် ဂျူနီယာက ပြောကြားခဲ့ပါတယ်။

ဒီအရွယ်အစားဟာ မြောက်ကိုရီးယား ရေတပ်ထဲမှာ အကြီးဆုံး ဖြစ်ပေမယ့် အမေရိကန် စစ်သင်္ဘောတွေနဲ့ ယှဉ်ရင်တော့ သေးငယ်နေဆဲပါ။ ဥပမာ အမေရိကန် ရေတပ်ရဲ့ Arleigh Burkeအဆင့် ဖျက်သင်္ဘောတွေဟာ ၅၀၅ ပေရှည်ပြီး လက်ရှိ တည်ဆောက်ဆဲ Constellationအဆင့် ဖျက်သင်္ဘောတွေက ၄၉၆ ပေ ရှည်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက နိုင်ငံရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို နည်းပညာပိုင်း အဆင့်မြှင့်တင်မှုတွေ အားသွန်ခွန်စိုက် လုပ်ဆောင်မယ်လို့ ကြွေးကြော်ထားသလို မနှစ်တုန်းကလည်း ကင်မ်က ဆောက်လုပ်ဆဲ စစ်သင်္ဘော အကြီးစား တစ်စင်းကို သွားရောက် စစ်ဆေးနေတဲ့ မှတ်တမ်း ဓာတ်ပုံကို အစိုးရ သတင်းဌာနတွေက ထုတ်ပြန် ပြသခဲ့ဖူးပါတယ်။

စစ်ရေး သုတေသီတွေက အဲဒီတုန်းက ဓာတ်ပုံကို အခြေပြု လေ့လာပြီး သင်္ဘောရဲ့ တည်ဆောက်မှုဟာ ဒေါင်လိုက်ပစ်လွှတ်တဲ့ ခရုစ်ဒုံးကျည်တွေ အပါအဝင် ခေတ်သစ် ရေတပ်တွေမှာ အသုံးပြုနေတဲ့ လက်နက် အမျိုးအစား အားလုံးကို ကိုင်တွယ်နိုင်ခြေ ရှိပြီး အဆင့်မြင့် ရေဒါတွေပါ တပ်ဆင်ထားမယ်လို့ ယုံကြည်ရကြောင်း ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ လက်နက် နည်းပညာ မြှင့်တင်ရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်နေပေမယ့်လည်း လက်တွေ့ စစ်ဆင်နိုင်စွမ်းနဲ့ လေ့ကျင့်မှု အပိုင်းတွေမှာတော့ အားနည်းချက်တွေ အများကြီး ရှိနိုင်သေးကြောင်းလည်း စစ်ရေး သုတေသီတွေက ထောက်ပြထားကြပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။