Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွန်ခရန်ပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှု အချက်အလက်တွေကို ထိုင်းထုတ်ပြန်

ထိုင်းမှာ ကျင်းပနေတဲ့ ဆွန်ခရန် ပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှု အများစုဟာ သတ်မှတ်မြန်နှုန်းထက် ပိုမောင်းတာ၊ မူးယစ်သောက်စားပြီး မောင်းနှင်တာတွေကြောင့် ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းမှာ ကျင်းပနေတဲ့ ဆွန်ခရန် ပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှု အများစုဟာ သတ်မှတ်မြန်နှုန်းထက် ပိုမောင်းတာ၊ မူးယစ်သောက်စားပြီး မောင်းနှင်တာတွေကြောင့် ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆွန်ခရန် ရုံးပိတ်ရက် ကာလ စတင်ပြီး ပထမဆုံး ၄ ရက်တာအတွင်း နိုင်ငံအနှံ့မှာ ယာဉ်မတော်တဆမှု ၁၀၀၀ လောက် ဖြစ်ပွားခဲ့ပြီး ၁၃၈ ဦးသေ၊ ၁၀၀၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ယာဉ်စည်းကမ်း ထိန်းသိမ်းကြပ်မတ်ရေးနဲ့ မတော်တဆမှု လျှော့ချရေး စီမံခန့်ခွဲမှု ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၁၁ ရက်ကနေ ၁၄ ရက်နေ့ထိ အတောအတွင်း နိုင်ငံအနှံ့မှာ ဖြစ်ပွားခဲ့သမျှ ယာဉ်မတော်တဆမှုတွေရဲ့ ၄၄.၄ ရာခိုင်နှုန်းဟာ သတ်မှတ် မြန်နှုန်းထက် ပိုမောင်းလို့ဖြစ်ပြီး ၂၄.၉ ရာခိုင်နှုန်းကတော့ အရက်မူးပြီး မောင်းနှင်မှုတွေကြောင့်လို့ ဆိုပါတယ်။ မြင်ကွင်း မရှင်းလင်းတဲ့ အခြေအနေတွေကြောင့် ကြုံခဲ့တဲ့ ယာဉ်မတော်တဆမှုက ၁၄.၅၂ ရာခိုင်နှုန်း ရှိပါတယ်။

ယာဉ်မတော်တဆမှု အားလုံးရဲ့ ၇၇.၂ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်တွေ ပါဝင်ပတ်သက်ခဲ့ပြီး ၈၅.၈၉ ရာခိုင်နှုန်းဟာ လမ်းတဖြောင့်တည်း အခြေအနေတွေမှာ ပေါ်ပေါက်ခဲ့တာလို့လည်း သိရပါတယ်။ 

Public Service Announcement

Public Service Announcement

၄ ရက်တာအတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားနှုန်း အမြင့်ဆုံး ကာလ အပိုင်းအခြားဟာ နေ့လယ် ၃ နာရီနဲ့ ည​နေ ၆ နာရီကြားမှာဖြစ်ပြီး ၂၂.၄၁ ရာခိုင်နှုန်းထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ချင်းရိုင်ဟာ ဆွန်ခရန် ကာလအတွင်း ယာဉ်မတော်တဆမှု အများဆုံး နယ်မြေအဖြစ် ရပ်တည်နေပြီး ၁၁ ကြိမ် ကြုံခဲ့သလို စုစုပေါင်း ထိခိုက်သေကြေမှု ၁၃ ဦး ရှိခဲ့ပါတယ်။ ဆာခွန်ကတော့ ယာဉ်မတော်တဆမှုတွေကြောင့် အသေအပျောက် အများဆုံးအဖြစ် ၄ ရက်အတွင်း ၆ ဦး ရှိခဲ့ကြောင်း သိရပါတယ်။

ထိုင်းအစိုးရဟာ ဆွန်ခရန် ပွဲတော်အတွက် သတ်မှတ်ထားတဲ့ ၇ ရက်တာ ခရီးသွား ကာလအတွင်း နေ့စဉ် ယာဉ်မတော်တဆမှု စာရင်းတွေကို နှစ်အလိုက် စုစည်းကောက်ယူလေ့ရှိတယ်လိုလည်း သိရပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook