Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Boeingဆီက လေယာဉ်မှာယူမှုတွေ ဆိုင်းငံ့ထားဖို့ တရုတ် လေကြောင်းလိုင်းတွေကို အစိုးရ ညွှန်ကြားထားတယ်လို့ဆို

တရုတ်ဟာ ပြည်တွင်းအခြေစိုက် လေကြောင်းလိုင်းတွေ အနေနဲ့ အမေရိကန် ကုမ္ပဏီ Boeingရဲ့ လေယာဉ်တွေ မှာယူမှုကို ဆိုင်းငံ့ထားကြဖို့ ညွှန်ကြားထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Reuters

တရုတ်ဟာ ပြည်တွင်းအခြေစိုက် လေကြောင်းလိုင်းတွေ အနေနဲ့ အမေရိကန် ကုမ္ပဏီ Boeingရဲ့ လေယာဉ်တွေ မှာယူမှုကို ဆိုင်းငံ့ထားကြဖို့ ညွှန်ကြားထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဧပြီ ၁၅ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းဟာ တရုတ်နဲ့ အမေရိကန်ကြားက ပိုမို တင်းမာလာတဲ့ ကုန်သွယ်ရေး အားပြိုင်မှုတွေအတွက် တရုတ်က တုံ့ပြန်တဲ့ အစီအမံ တစ်ခုလို့လည်း ယုံကြည်ရပါတယ်။ တရုတ် အစိုးရကတော့ ဒီကိစ္စအပေါ် အတိအလင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ထရမ့်ဟာ တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန် အလုံးအရင်း မြှင့်တင် စည်းကြပ်ခဲ့ပြီး တရုတ်ကလည်း တန်ပြန်ရာက ကမ္ဘာ့စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုကြားမှာ ကုန်သွယ်ရေး စစ်ပွဲမျိုး ဖြစ်ပေါ်လာခဲ့တာပါ။

အခုဆိုရင် အမေရိကန်က တရုတ် သွင်းကုန်အများစုအပေါ် အခွန်စည်းကြပ်မှုဟာ တန်ဖိုးရဲ့ ၁၄၅ ရာခိုင်နှုန်းထိ မြင့်တက်နေပြီး တရုတ်က ဒေါသတကြီး ကန့်ကွက်ထားသလို အမေရိကန် သွင်းကုန်တွေကိုလည်း ၁၂၅ ရာခိုင်နှုန်း အခွန်ပြန်စည်းကြပ်မယ်လို့ ကြေညာထားပါတယ်။ 

Public Service Announcement

Public Service Announcement

တရုတ်က Boeing လေယာဉ်တွေ ဝယ်ယူမှုကို ရပ်တန့်ဖို့ ပြည်တွင်းမှာရှိတဲ့ လေကြောင်းလိုင်းတွေကို ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းကို Bloomberg သတင်းဌာနက ဧပြီ ၁၅ ရက်နေ့မှာ စတင် ဖော်ပြခဲ့တာပါ။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ Boeing ကုမ္ပဏီတို့ကတော့ ဒီကိစ္စအပေါ် လတ်တလော တုံ့ပြန်တာ မရှိသေးပါဘူး။

Bloombergရဲ့ အဆိုအရ Boeingဆီက လေယာဉ်တွေနဲ့ တခြား ကုန်ကျစရိတ် များပြားတဲ့ ပစ္စည်းတွေ ဝယ်ယူမှု မှန်သမျှကို အကူအညီတွေ ပေးတော့မှာ မဟုတ်တဲ့ သဘောမျိုး တရုတ် လေကြောင်းလိုင်းတွေကို အသိပေးထားကြောင်း သိရပါတယ်။

ကိုးကား: Bloomberg, CNA

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။