Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Boeingဆီက လေယာဉ်မှာယူမှုတွေ ဆိုင်းငံ့ထားဖို့ တရုတ် လေကြောင်းလိုင်းတွေကို အစိုးရ ညွှန်ကြားထားတယ်လို့ဆို

တရုတ်ဟာ ပြည်တွင်းအခြေစိုက် လေကြောင်းလိုင်းတွေ အနေနဲ့ အမေရိကန် ကုမ္ပဏီ Boeingရဲ့ လေယာဉ်တွေ မှာယူမှုကို ဆိုင်းငံ့ထားကြဖို့ ညွှန်ကြားထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

Reuters

တရုတ်ဟာ ပြည်တွင်းအခြေစိုက် လေကြောင်းလိုင်းတွေ အနေနဲ့ အမေရိကန် ကုမ္ပဏီ Boeingရဲ့ လေယာဉ်တွေ မှာယူမှုကို ဆိုင်းငံ့ထားကြဖို့ ညွှန်ကြားထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဧပြီ ၁၅ ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းဟာ တရုတ်နဲ့ အမေရိကန်ကြားက ပိုမို တင်းမာလာတဲ့ ကုန်သွယ်ရေး အားပြိုင်မှုတွေအတွက် တရုတ်က တုံ့ပြန်တဲ့ အစီအမံ တစ်ခုလို့လည်း ယုံကြည်ရပါတယ်။ တရုတ် အစိုးရကတော့ ဒီကိစ္စအပေါ် အတိအလင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ထရမ့်ဟာ တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန် အလုံးအရင်း မြှင့်တင် စည်းကြပ်ခဲ့ပြီး တရုတ်ကလည်း တန်ပြန်ရာက ကမ္ဘာ့စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုကြားမှာ ကုန်သွယ်ရေး စစ်ပွဲမျိုး ဖြစ်ပေါ်လာခဲ့တာပါ။

အခုဆိုရင် အမေရိကန်က တရုတ် သွင်းကုန်အများစုအပေါ် အခွန်စည်းကြပ်မှုဟာ တန်ဖိုးရဲ့ ၁၄၅ ရာခိုင်နှုန်းထိ မြင့်တက်နေပြီး တရုတ်က ဒေါသတကြီး ကန့်ကွက်ထားသလို အမေရိကန် သွင်းကုန်တွေကိုလည်း ၁၂၅ ရာခိုင်နှုန်း အခွန်ပြန်စည်းကြပ်မယ်လို့ ကြေညာထားပါတယ်။ 

Public Service Announcement

Public Service Announcement

တရုတ်က Boeing လေယာဉ်တွေ ဝယ်ယူမှုကို ရပ်တန့်ဖို့ ပြည်တွင်းမှာရှိတဲ့ လေကြောင်းလိုင်းတွေကို ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းကို Bloomberg သတင်းဌာနက ဧပြီ ၁၅ ရက်နေ့မှာ စတင် ဖော်ပြခဲ့တာပါ။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ Boeing ကုမ္ပဏီတို့ကတော့ ဒီကိစ္စအပေါ် လတ်တလော တုံ့ပြန်တာ မရှိသေးပါဘူး။

Bloombergရဲ့ အဆိုအရ Boeingဆီက လေယာဉ်တွေနဲ့ တခြား ကုန်ကျစရိတ် များပြားတဲ့ ပစ္စည်းတွေ ဝယ်ယူမှု မှန်သမျှကို အကူအညီတွေ ပေးတော့မှာ မဟုတ်တဲ့ သဘောမျိုး တရုတ် လေကြောင်းလိုင်းတွေကို အသိပေးထားကြောင်း သိရပါတယ်။

ကိုးကား: Bloomberg, CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်ဝမ်ဟာ တရုတ်နဲ့ သင့်သင့်မြတ်မြတ်၊ အေးအေးချမ်းချမ်း နေထိုင်သွားဖို့ ဆန္ဒရှိကြောင်း သမ္မတ လိုင်ချင်တေးက ပြောပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို လျှော့ချဖို့ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အသစ်ကနေ ပြန်စလိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေမှာ အဆင်ပြေ ချောမွေ့ခဲ့ကြတယ်လို့ တရုတ်ရော၊ အမေရိကန်ကပါ ပြောကြားခဲ့ပါတယ်။

သတင်း

ရုရှားနိုင်ငံကို ရောက်ရှိနေစဉ် အတောအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရကထုတ်ပြန်ပါတယ်။

Facebook