Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် တာဝက် မာရသွန် ပြိုင်ပွဲမှာ လူသားတွေနဲ့အတူ စက်ရုပ်တွေ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ တာဝက် မာရသွန် ပြိုင်ပွဲတစ်ခုမှာ လူသားတွေနဲ့အတူ စက်ရုပ်တွေက ပထမဆုံးအကြိမ် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

(250419) -- BEIJING, April 19, 2025 (Xinhua) -- Robotic participant "NOETIX N2" (Front R) is seen after the Beijing E-Town half-marathon and humanoid robots half-marathon in the Beijing Economic-Technological Development Area in southeast Beijing, China, April 19, 2025. (Xinhua/Li He)

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ တာဝက် မာရသွန် ပြိုင်ပွဲတစ်ခုမှာ လူသားတွေနဲ့အတူ စက်ရုပ်တွေက ပထမဆုံးအကြိမ် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဘေဂျင်းမြိုတော်ရဲ့ ယန်ဇီ တာဝက် မာရသွန် ပြိုင်ပွဲဟာ ရာသီဥတု အခြေအနေကြောင့် တစ်ပတ် ဆိုင်းငံ့ခဲ့တဲ့နောက် ဧပြီ ၁၉ ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မူလက ဧပြီ ၁၂ ရက်နေ့မှာ ကျင်းပဖို လျာထားခဲ့ပေမယ့်လည်း ဘေဂျင်း အပါအဝင် တရုတ်မြောက်ပိုင်းမှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် တစ်ပတ် နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

၂၁ ကီလိုမီတာ ရှည်လျားပြီး သီးသန့် စီစဉ်ပေးထားတဲ့ ပြေးလမ်းပေါ်မှာ စုစုပေါင်း လူတူစက်ရုပ် ၂၃ ခုဟာ လူသားတွေနဲ့အတူ ပါဝင် အပြေးပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ စက်ရုပ်တွေရဲ့ ယှဉ်ပြိုင်မှုဟာ အနိုင်အရှုး အဓိက မဟုတ်ဘဲ တရုတ်ရဲ့ စက်ရုပ် နည်းပညာ ဘယ်လောက် တိုးတက် ထွန်းကားနေသလဲ ဆိုတာကို ပုံရိပ်မြှင့်တင် ပြသဖို ရည်ရွယ်ထားတာပါ။ လူသားတွေနဲ့ စက်ရုပ်တွေ ယှဉ်ပြိုင်တဲ့ ပထမဆုံး တာဝက် မာရသွန်မှာ DriodVPနဲ့ Noetix Roboticsတိုလို တရုတ် ကုမ္ပဏီတွေက တီထွင်ထားတဲ့ စက်ရုပ်တွေကို ပါဝင်စေခဲ့ပါတယ်။

စက်ရုပ်တွေက အရွယ်အစားတွေ မတူညီကြဘဲ တချိုက ၄ ပေအောက်ဖြစ်ပြီး တချိုကတော့ ၆ ပေလောက်ထိ မြင့်ပါတယ်။ ကုမ္ပဏီ တစ်ခုကတော့ သူတိုရဲ့ စက်ရုပ်ဟာ အမျိုးသမီး တစ်ဦးနဲ့ အရမ်းတူအောင် ဖန်တီးထားနိုင်ကြောင်း ဝါကြွားခဲ့ပြီး မျက်စိ တစ်ဖက်မှိတ်ပြတာ၊ ပြုံးတာမျိုး မျက်နှာ အမူအယာတွေကိုတောင် လုပ်ပြနိုင်တယ်လို ပြောပါတယ်။ ကုမ္ပဏီတွေဟာ အပြေးပြိုင်ပွဲ မစတင်ခင် သီတင်းပတ်တွေ ကတည်းက စက်ရုပ်တွေကို စမ်းသပ်ထားခဲ့တယ်လို သိရပါတယ်။

Public Service Announcement

Public Service Announcement

အပြေးပြိုင်ပွဲ တာဝန်ရှိသူတွေကတော့ ဒါဟာ ကားပြိုင်ပွဲနဲ့ ပိုတူနေပြီး အင်ဂျင်နီယာတွေ၊ နည်းပညာရှင်တွေပါ လိုအပ်နေတယ်လို အရွှန်းဖောက် မှတ်ချက်ပေးခဲ့ပါတယ်။ စက်ရုပ် တော်တော်များများကို ဘေးကနေ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေက လိုက်ပါပြီး အခြေအနေ စောင့်ကြည့်ခဲ့တာ၊ လမ်းကြောင်း တည့်မတ်တာတွေ လုပ်ခဲ့ရပါတယ်။ ပွဲကြည့် ပရိသတ် တစ်ယောက်ကတော့ စက်ရုပ်နည်းပညာနဲ့ ဉာဏ်ရည်တု (AI) နည်းပညာတွေ အံ့ဩဘနန်း တိုးတက်လာတာကို မျက်ဝါးထင်ထင် မြင်ခွင့်ရခဲ့ကြောင်း ပြောပါတယ်။ ပြီးတော့ စက်ရုပ်တွေဟာ ဟန်ချက်ညီညီနဲ့ အဆင်ပြေပြေ ပြေးလွှားနေနိုင်တာကိုလည်း အများစုက ချီးကျူးခဲ့ပါတယ်။

တချို စက်ရုပ်တွေကတော့ အပြေးဖိနပ်တွေပါ စီးထားကြပါတယ်။ စက်ရုပ်တစ်ရုပ်က ထူးထူးဆန်းဆန်းအဖြစ် ဘောက်ဆင် လက်အိတ်တွေပါ ဝတ်ထားပြီး နောက်တစ်ရုပ်ကတော့ နိုင်ရမယ်ဆိုတဲ့ တရုတ်စာသားပါ ခေါင်းစည်းကို ဝတ်ဆင်ထားခဲ့ပါတယ်။ ပြိုင်ပွဲမှာ စက်ရုပ်တွေ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကလည်း မတူညီကြပါဘူး။ တချိုက ပန်းဝင်တဲ့ထိ ပြေးလွှားနိုင်ခဲ့ပြီး တချိုက တာထွက်ကတည်းက အဆင်မပြေခဲ့ပါဘူး။ စက်ရုပ်တစ်ရုပ်ဟာ တာထွက်တဲ့လမ်းမှာတင် လဲနေခဲ့ပြီး မိနစ်ပိုင်းလောက် ကြာမှ ထပြေးတာကြောင့် ပရိသတ်တွေ ပွဲကျခဲ့ကြပါသေးတယ်။ နောက်တစ်ရုပ်ကတော့ မီတာနည်းနည်းလောက် ပြေးပြီးတဲ့နောက် ပြေးလမ်းဘေးဖက်က စည်းရိုးကို ဝင်တိုက်ခဲ့ပါတယ်။ တချိုစက်ရုပ်တွေကိုတော့ ပြေးလမ်းထဲကနေ ထမ်းထုတ်သွားရပါတယ်။

အရင်တုန်းက လူတူစက်ရုပ်တွေ အပြေးပြိုင်ကြတာမျိုးတွေ တရုတ်မှာ ရှိခဲ့ဖူးပေမယ့် လူသားတွေနဲ့အတူတူ ပြိုင်ပွဲဝင်တာကတော့ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဖြစ်ပါတယ်။ တရုတ် အစိုးရဟာ စက်ရုပ်နည်းပညာ တိုးတက် ထွန်းကားလာမှုဟာ နိုင်ငံစီးပွားရေးအတွက် အထောက်အပံ့ကောင်းတွေ ဖန်တီးပေးနိုင်မယ်လို ယုံကြည်ပြီး အားပေး ထောက်ပံ့နေပါတယ်။ လေ့လာသူ တချိုကတော့ လူသားတွေရဲ့ တာဝက် မာရသွန် ပြိုင်ပွဲမှာ စက်ရုပ်တွေ ပါဝင်ယှဉ်ပြိုင်စေခဲ့တာဟာ အဲဒီနည်းပညာ စျေးကွက်အပေါ် ယုံကြည်မှု တည်ဆောက်ဖို တရုတ်ရဲ့ အစီအမံ တစ်ရပ်အဖြစ် သုံးသပ်ထားကြပါတယ်။

ကိုးကား: Xinhua

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook