Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား ဖျက်သင်္ဘော အသစ်ရဲ့ လက်နက်စနစ်တွေကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်

မြောက်ကိုရီးယားဟာ ဖျက်သင်္ဘော အသစ်ရဲ့ လက်နက်စနစ်တွေကို ပထမဆုံးအကြိမ် စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Korean Central News Agency/Korea News Service via AP

မြောက်ကိုရီးယားဟာ ဖျက်သင်္ဘော အသစ်ရဲ့ လက်နက်စနစ်တွေကို ပထမဆုံးအကြိမ် စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ချိုယန် အမျိုးအစားလို့ မြောက်ကိုရီးယား ရေတပ်က ကြေညာထားတဲ့ သင်္ဘောတွေရဲ့ ပထမဆုံး တစ်စီးကို ဧပြီ ၂၅ ရက်နေ့မှာ တရားဝင် အခမ်းအနားနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အခုသီတင်းပတ်မှာတော့ အဲဒီ သင်္ဘောရဲ့ လက်နက် စနစ်တွေကို ပင်လယ်ပြင်မှာ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လက်နက် စမ်းသပ်မှုမှာ ပဲ့ထိန်း ခရုစ်ဒုံးကျည်တွေရော၊ သင်္ဘောဖျက် ဒုံးကျည်တွေကိုပါ စမ်းသပ်ခဲ့ကြောင်း၊ လက်နက် စမ်းသပ်မှုတွေကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်း၊ စစ်ဘက်နဲ့ အစိုးရ ထိပ်တန်း အရာရှိကြီးတွေ တက်ရောက်ခဲ့ကြောင်း KCNAက ဆိုပါတယ်။

နိုင်ငံ ကာကွယ်ရေး ကဏ္ဍအတွက် မြောက်ကိုရီးယား ရေတပ် အနေနဲ့လည်း နျူကလီးယား လက်နက် တပ်ဆင်နိုင်စွမ်းထိ အရှိန်အဟုန်မြှင့် ချဲ့ထွင် တည်ဆောက်ဖို့ အရေးကြီးတယ်လို့ ခေါင်းဆောင်ကြီး ကင်မ်က ညွှန်ကြားခဲ့ကြောင်း KCNA သတင်းထဲမှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားရဲ့ စစ်သင်္ဘောသစ်တွေ တည်ဆောက်နိုင်မှု စွမ်းရည်နဲ့ ပတ်သက်ပြီး မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်နေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်သင်္ဘော အသစ်ဟာ ပင်လယ်ပြင်မှာ အမှီအခိုကင်းကင်း ခုတ်မောင်းပြီး စစ်ဆင်ရေး ဆောင်ရွက်နိုင်တဲ့ အဆင့်ကို ရောက်ဖို့တော့ အချိန်လိုဦးမယ်လို့လည်း တောင်ကိုရီးယားက ယူဆနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်စမ်းသပ်မှုတွေ အပြီးမှာ အဲဒီသင်္ဘောကို ဆွဲသင်္ဘောတွေက သင်္ဘောကျင်းဖက်ဆီ ပြန်လည် ဆွဲယူသွားခဲ့ရတာကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေက စစ်သင်္ဘော အသစ်မှာ ယုံကြည် အားကိုးလောက်တဲ့ မောင်းနှင်နိုင်စွမ်းမျိုး မရှိသေးဘူးဆိုတဲ့ အဓိပ္ပါယ်လို့ စစ်ရေး သုတေသီတွေက သုံးသပ်ပါတယ်။

KCNAကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မိတ်ဆက်ခဲ့တဲ့ တန် ၅၀၀၀ လေးတဲ့ စစ်သင်္ဘောဟာ ရေတပ်ရဲ့ အစွမ်းအထက်ဆုံး စစ်လက်နက်တွေ တပ်ဆင်ထားတယ်လို့ ပြောပါတယ်။

ကင်မ်က အဲဒီ ဖျက်သင်္ဘော အသစ်ကို ၂၀၂၆ နှစ်ဆန်းပိုင်းလောက်မှာ ရေတပ်ဆီ လွှဲအပ်ပြီး တပ်တော်ဝင်စေမယ်လို့ ပြောကြားထားပါတယ်။ သင်္ဘောရဲ့ အဆင့်သတ်မှတ်ချက် ကုတ်ဒ်နာမည်ကိုတော့ ဂျပန်ကို ဆန့်ကျင်ခဲ့သူ ကိုရီးယား တော်လှန်ရေး ခေါင်းဆောင် ချိုယန်ကို ဂုဏ်ပြု သတ်မှတ်ထားတာလို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။