Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေက ဂျေရုဆလင်မြို့ကို ခြိမ်းခြောက်နေ

အစ္စရေးဟာ ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဆုံး တောမီးလောင်ကျွမ်းမှုတွေကို ရင်ဆိုင်နေရပြီး ဂျေရုဆလင်မြို့ဟာ တောမီးအန္တရာယ် ခြိမ်းခြောက်မှုကို ကြုံနေရပါတယ်။

Reuters

အစ္စရေးဟာ ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဆုံး တောမီးလောင်ကျွမ်းမှုတွေကို ရင်ဆိုင်နေရပြီး ဂျေရုဆလင်မြို့ဟာ တောမီးအန္တရာယ် ခြိမ်းခြောက်မှုကို ကြုံနေရပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အဲဒီ သဘာဝ ဘေးကြီးဟာ နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေ တစ်ခုလို့ ပြောကြားခဲ့ပြီး ဂျေရုဆလင်မြို့ဆီ အချိန်မရွေး မီးတွေ ရောက်လာနိုင်တယ်လို့ ပြောကြားထားပါတယ်။

ဂျေရုဆလင်ဆီ သွယ်တန်း ဖောက်လုပ်ထားတဲ့ အဝေးပြေး လမ်းမတွေပေါ်မှာ မည်းနက်တဲ့ မီးခိုးလုံးကြီးတွေ အုပ်မိုးနေပြီး ဧပြီ ၃၀ ရက်နေ့မှာတော့ မီးသတ်သမားတွေဟာ တောမီးတွေကို ငြှိမ်းသတ်ဖို့ အပြင်းအထန် အားထုတ်နေတာကို တွေ့ရပါတယ်။ တောမီးတွေနဲ့ ဆက်စပ်ပြီး အသေအပျောက် သတင်း မကြားရသေးပေမယ့် ဒဏ်ရာရသူ တချို့တော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခြေအနေက စိုးရိမ်စရာ ဖြစ်တာကြောင့် အစ္စရေးစစ်တပ် (IDF)ဟာ မီးသတ်တပ်ဖွဲ့ကို ကူညီဖို့ စစ်သားတွေပါ စေလွှတ်ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ပမာဏ အရမ်းကြီးမားတဲ့ တောမီးဟာ ရာနဲ့ချီတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ခြိမ်းခြောက်နေနိုင်တယ်လို့ အစ္စရေးရဲ့ မာဂျန်ဒေးဗစ် အဒမ် (MDA) ကယ်ဆယ်ရေး အေဂျင်စီက သတိပေးထားပါတယ်။

တောမီးကူးစက် ပျံ့နှံ့နေတဲ့ နေရာနဲ့ အနီးတဝိုက် ဧရိယာတွေကိုတော့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုက အနောက်ဖက် လေစီးကြောင်း တိုက်ခတ်မှုတွေကြောင့် တောမီးတွေဟာ ဂျေရုဆလင် ဆင်ခြေဖုံး ရပ်ကွက်တွေဆီ လျင်လျင်မြန်မြန် ရောက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ အစ္စရေးရဲ့ အဓိက မြို့ကြီးနှစ်ခုဖြစ်တဲ့ ဂျေရုဆလင်နဲ့ တဲလ်အဗစ်ဗ်ကို ဆက်သွယ်တဲ့ အဓိက အဝေးပြေး လမ်းမကြီးကို ပိတ်ထားလိုက်ပြီး အဲဒီလမ်းတလျှောက် မြို့ရွာတချို့က ဒေသခံတွေကို ရွှေ့ပြောင်းပေးနေပါတယ်။ အဲဒီတဝိုက်မှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်က တောမီးလောင်ပြီး ခပ်မြန်မြန် ငြိမ်းခဲ့ပေမယ့် အခုတော့ ပိုပြီး အန္တရာယ်ကြီးတဲ့ တောမီးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အမျိုးသား လုံခြုံရေးဝန်ကြီး အစ်တမာ ဘန်ဂျဗားက အခုတောမီးဟာ ရှို့မီးကနေ စတင်တာ ဖြစ်နိုင်တယ်လို့ ပြောကြားထားပြီး ဂျေရုဆလင် ရဲတပ်ဖွဲ့ကလည်း မြို့ရဲ့ အရှေ့ပိုင်းမှာ နေထိုင်သူ တစ်ဦးဟာ မြို့တောင်ပိုင်းက ကွင်းပြင်တစ်ခုကို မီးရှို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားပါတယ်။ ဒါပေမဲ့ အဲဒီ အဖမ်းခံရသူ ရှို့ခဲ့တဲ့ မီးကြောင့် တောမီး စလောင်တာလား ဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။

အစ္စရေးဟာ တောမီးငြှိမ်းသတ်ရေးအတွက် ဂရိ၊ ဆိုက်ပရပ်စ်၊ ခရိုအေးရှား၊ အီတလီနဲ့ ဘူလ်ဂေးရီးယား အစိုးရတွေကိုလည်း အကူအညီ တောင်းခံထားပြီး အီတလီနဲ့ ခရိုအေးရှားတို့က ပေးပို့မယ့် မီးသတ်လေယာဉ် ၃ စီးဟာ မကြာခင် ရောက်လာဖွယ်ရှိကြောင်း နေတန်ညာဟုက ပြောကြားထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။