Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာအနှံ့မှာ စစ်ပွဲတွေရပ်ဖို့ ပုပ်ရဟန်းမင်းအသစ် တောင်းဆို

ပုပ်ရဟန်းမင်းကြီး အသစ်ရဲ့ ပထမဆုံးသော တနင်္ဂနွေ ဝတ်ပြု မိန့်ခွန်းထဲမှာ ကမ္ဘာတလွှားက စစ်ပွဲတွေ ရပ်တန့်ဖို့ တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး အသစ်ရဲ့ ပထမဆုံးသော တနင်္ဂနွေ ဝတ်ပြု မိန့်ခွန်းထဲမှာ ကမ္ဘာတလွှားက စစ်ပွဲတွေ ရပ်တန့်ဖို့ တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

အမေရိကန် နိုင်ငံသားတွေထဲမှာ ပထမဆုံး ပုပ်ရဟန်းမင်းအဖြစ် တင်မြှောက်ခံရသူ ပုပ်လီယိုဟာ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် သာသနာ ပိုင်ချုပ်နေရာအတွက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရွေးကောက် ခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

မေလ ၁၁ ရက်နေ့မှာတော့ ပုပ်လီယိုဟာ ဗာတီကန်မှာ တနင်္ဂနွေ ဝတ်ပြု အစီအစဉ်ကို ကြီးမှူးခဲ့ပြီး ကက်သလစ် ဘာသာဝင်တွေကို မိန့်ခွန်းပြောခဲ့ပါတယ်။ ပုပ်လီယိုရဲ့ မိန့်ခွန်းထဲမှာတော့ ယူကရိန်းရဲ့ အဓွန့်ရှည် ငြိမ်းချမ်းမှု၊ ဂါဇာကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးတွေကို တောင်းဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် မေလ ၁၀ ရက်နေ့တုန်းက အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားခဲ့တာကို ကြိုဆိုကြောင်းလည်း ထည့်သွင်း မိန့်ကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂါဇာမှာ ကြုံတွေ့နေတဲ့ ဖြစ်ရပ်တွေအတွက် လှိုက်လှိုက်လှဲလှဲ နာကျင်မိကြောင်း ပုပ်လီယိုက ပြောကြားခဲ့ပြီး ယူကရိန်းမှာ စစ်မှန်တဲ့၊ မှန်ကန်တဲ့၊ တည်မြဲတဲ့ ငြိမ်းချမ်းရေးမျိုး ရစေချင်တယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် ကြားက သဘောတူညီမှု တည်မြဲနေစေဖို့လည်း ဆန္ဒပြုခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်ရဲ့ ကြေကွဲစရာ အဖြစ်ဆိုးတွေက လွန်ခဲ့တဲ့ နှစ် ၂၀ က ပြီးဆုံးခဲ့ပြီး ဖြစ်ကြောင်း၊ ဒါပေမဲ့ မျက်မှောက်ခေတ်မှာတော့ တတိယ ကမ္ဘာစစ်ကို ဒေသ အစိတ်အပိုင်းတွေ ကွဲပြီး ဝမ်းနည်းစရာ တွေ့ကြုံနေရကြောင်း၊ အရင်ကတည်းက အကြိမ်ကြိမ် တောင်းဆိုဖူးသလိုပဲ ကမ္ဘာပေါ်က ဩဇာအာဏာ ကြီးမားတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ စစ်ပွဲတွေကို ရပ်ဖို့ တောင်းဆိုလိုကြောင်း ပုပ်လီယိုက ပြောကြားသွားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟောင်း ပုပ်ဖရန်ဆစ် ကွယ်လွန်သွားပြီးတဲ့နောက် ဗာတီကန် နန်းတော်မှာ လျှို့ဝှက် အစည်းအဝေး နှစ်ရက်တာ ကျင်းပပြီးတဲ့နောက် ပုပ်ရဟန်းမင်း အသစ်ကို တင်မြှောက်ခဲ့တာပါ။ ပုပ်လီယိုဟာ မေလ ၁၀ ရက်နေ့တုန်းက ပုပ်ဖရန်ဆစ်ကို မြှုပ်နှံထားရာ သင်္ချိုင်းနေရာကိုလည်း သွားရောက် ဝတ်ပြု အရိုအသေ ပေးခဲ့ပါတယ်။

ပုပ်လီယိုကို ပုပ်ရဟန်းမင်းကြီး အသစ်အဖြစ် တရားဝင် အခမ်းအနားနဲ့ တင်မြှောက်မှုကိုတော့ မေလ ၁၈ ရက်နေ့ကျရင် ဗာတီကန် နန်းတော်မှာရှိတဲ့ စိန့်ပီတာ ရင်ပြင်မှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်တစ်ဆုပ်စာလောက် အာဏာရှင် တစ်စုက ကမ္ဘာကြီးကို ဒုက္ခပေးနေကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့ပါတယ်။

သတင်း

ပုပ်ရဟန်းမင်းကြီးဘဝ ပထမဆုံး ခရစ္စမတ် ဩဝါဒနဲ့ ကောင်းချီးပေးမှုမှာတော့ ပုပ်လီယိုဟာ ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ရပ်စဲရေး ဆွေးနွေးနိုင်ဖို့ကို အလေးအနက် ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရေး ပဋိပက္ခတွေ၊ အမျိုးသားရေး ဝါဒတွေအတွက် ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွေကို အသုံးချ လှုံ့ဆော်နေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက ဝေဖန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

တူရကီနိုင်ငံ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ အထင်ကရ ဗလီကြီးတစ်ခုဆီ သွားရောက် လည်ပတ်ခဲ့ပါတယ်။