Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နဲ့ သင့်မြတ်ရေးအတွက် အမြဲတမ်း ဆန္ဒရှိကြောင်း ထိုင်ဝမ်သမ္မတပြော

ထိုင်ဝမ်ဟာ တရုတ်နဲ့ သင့်သင့်မြတ်မြတ်၊ အေးအေးချမ်းချမ်း နေထိုင်သွားဖို့ ဆန္ဒရှိကြောင်း သမ္မတ လိုင်ချင်တေးက ပြောပါတယ်။

AP

ထိုင်ဝမ်ဟာ တရုတ်နဲ့ သင့်သင့်မြတ်မြတ်၊ အေးအေးချမ်းချမ်း နေထိုင်သွားဖို့ ဆန္ဒရှိကြောင်း သမ္မတ လိုင်ချင်တေးက ပြောပါတယ်။

ထိုင်ဝမ် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့်တဲ့ မေလ ၂၀ ရက်နေ့မှာ လိုင်က တရုတ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို အလေးအနက် မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ဖို့ လိုလားနေပါတယ်။

တရုတ် အစိုးရဟာ ထိုင်ဝမ်ရဲ့ သီးခြားလွတ်လပ်ရေး ကြိုးပမ်းမှု မှန်သမျှကို စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပြီး လိုင်ကိုလည်း ခွဲထွက်ရေးဝါဒီ တစ်ဦးအဖြစ် တင်းတင်းမာမာ သတ်မှတ် ယူဆထားပါတယ်။

လိုင်က ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်ဖြစ်ကြောင်း တရုတ်ရဲ့ အဆိုကို ပယ်ချထားပြီး ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ် ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိစေမယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ သမ္မတသက်တမ်း တစ်နှစ်ပြည့် ကာလနဲ့ တိုက်ဆိုင်ပြီး တရုတ်က ခြိမ်းခြောက် စစ်အင်အားပြတာတွေ ရှိလာနိုင်ကြောင်း သမ္မတ နန်းတော်မှာ လိုင်က သတင်းထောက်တွေကို မှတ်ချက် ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ငြိမ်းချမ်းရေးကို ပိုလိုလားကြောင်း၊ ငြိမ်းချမ်းရေး ဆိုတာဟာ တန်ဖိုးမဖြတ်နိုင်ဘဲ စစ်ပွဲ ဆိုတာကတော့ ဘယ်သူမှ အမှန်တကယ် အနိုင်ရသူ မရှိကြောင်း၊ တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေးကို မျှော်လင့်တဲ့ အခါမှာ အိပ်မက်တွေ၊ စိတ်ကူးယဉ်မှုတွေအပေါ် မျှော်လင့်ချက် ထားနေလို့တော့ မရကြောင်း လိုင်က ဆိုပါတယ်။

ပြီးတော့ ထိုင်ဝမ်ဟာ ကာကွယ်ရေး စွမ်းရည်ကို ဆက်ပြီး အားဖြည့် တည်ဆောက်နေမယ်လို့လည်း လိုင်က ပြောပါတယ်။ စစ်ပွဲအတွက် အမြဲတမ်း ကြိုပြင်ထားခြင်းဟာ စစ်ကိုရှောင်ဖို့ အကောင်းဆုံး နည်းဖြစ်တယ်လို့ သူက မှတ်ချက် ပေးခဲ့ပါတယ်။

ထိုင်ဝမ်ဟာ နှစ်ဦးနှစ်ဖက် လေးစားပြီး သိက္ခာရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက်ဆိုရင် တရုတ်နဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ အမြဲတမ်း လမ်းဖွင့်ထားမှာ ဖြစ်ကြောင်း၊ ပဋိပက္ခတွေရဲ့ နေရာမှာ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ အစားထိုးဖို့ အမြဲတမ်း လိုလားကြောင်းလည်း လိုင်က ပြောကြားသွားပါတယ်။

ကိုးကား: Asia One

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

Facebook