Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားရေတပ် သင်္ဘောအသစ် ရေချမှုမှာ ဆိုးရွားတဲ့ မတော်တဆမှုဖြစ်

မြောက်ကိုရီးယား ရေတပ်ရဲ့ ဖျက်သင်္ဘော အသစ်ကို ရေချတဲ့ အခမ်းအနားမှာ ကြီးကြီးမားမား မတော်တဆမှု တစ်ခု ဖြစ်ခဲ့ကြောင်း အစိုးရ မီဒီယာက အတည်ပြု ဖော်ပြသွားခဲ့ပါတယ်။

KCNA/Reuters

မြောက်ကိုရီးယား ရေတပ်ရဲ့ ဖျက်သင်္ဘော အသစ်ကို ရေချတဲ့ အခမ်းအနားမှာ ကြီးကြီးမားမား မတော်တဆမှု တစ်ခု ဖြစ်ခဲ့ကြောင်း အစိုးရ မီဒီယာက အတည်ပြု ဖော်ပြသွားခဲ့ပါတယ်။

အဲဒီလို အမှားအယွင်း ဖြစ်ခဲ့တယ် ဆိုတာကို မေလ ၂၂ ရက်နေ့မှာ KCNA သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းက ဒီလွဲချော်မှုဟာ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တစ်ခုလို့တောင် ပြင်းပြင်းထန်ထန် သတ်မှတ် စွပ်စွဲထားတယ်လို့လည်း KCNAက ဆိုပါတယ်။

မေလ ၂၁ ရက်နေ့က နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ချွန်ဂျင်း ဆိပ်ကမ်းမြို့မှာ တန် ၅၀၀၀ အလေးချိန်ရှိတဲ့ ရေယာဉ်အသစ်ကို ရေချတဲ့အချိန်မှာ ဆိုးရွားတဲ့ မတော်တဆမှု ကြုံခဲ့တာလို့ သိရပါတယ်။

အတွေ့အကြုံ အားနည်းတဲ့ ညွှန်ကြားချက်တွေနဲ့ လုပ်ငန်းဆိုင်ရာ ပေါ့ဆမှုတွေကြောင့် ဒီလို အမှားအယွင်း ကြုံခဲ့တာဖြစ်ပြီး ရေယာဉ်ရဲ့ ဝမ်းဗိုက်ပိုင်း ဧရိယာမှာ ကွဲအက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ KCNAက ဖော်ပြသွားပါတယ်။ အကျိုးဆက်အဖြစ် သင်္ဘောဟာ ရေပြင်မှာ ဟန်ချက်ညီညီ ရပ်တည်လို့ မရတော့ဘဲ ဖြစ်သွားတယ်လို့လည်း သတင်းမှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘယ်လိုဘယ်ပုံ မတော်တဆ ဖြစ်ခဲ့သလဲ ဆိုတာနဲ့ လူတွေ ထိခိုက်သေပျောက်မှု ရှိခဲ့သလား ဆိုတာတွေကိုတော့ KCNAက အသေးစိတ် ရေးသားမားထားခဲ့ပါဘူး။

ကင်မ်ဟာ ဖြစ်စဉ်တစ်ခုလုံးကို မျက်ဝါးထင်ထင် တွေ့မြင်သွားခဲ့ပြီး ရာဇဝတ်မှုမြောက်တဲ့ ဆိုးဆိုးရွားရွား ပေါ့ဆမှုအဖြစ် ပြောကြားခဲ့သလို လုံးဝ သည်းခံနိုင်စရာ မရှိဘူးလို့လည်း ကြိမ်းဝါးသွားခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ အဓိက တာဝန်ယူရမယ့် အရာရှိတွေကို ဘယ်လိုဘယ်ပုံ ပြစ်ဒဏ်ပေးမလဲ ဆိုတာကို နောက်လကျရင် အာဏာရ ဗဟိုကော်မတီဝင်တွေ စုဝေး ဆုံးဖြတ်သွားမယ်လို့လည်း ကင်မ်က ပြောကြားသွားပါတယ်။

မြောက်ကိုရီးယားဟာ ချိုယန်လို့ နာမည်ပေးထားပြီး တန်ချိန် ၅၀၀၀ လေးလံတဲ့ နောပ်ထပ် ဖျက်သင်္ဘော တစ်စီးကိုလည်း ဧပြီလမှာ ရေချခဲ့ပါတယ်။ အဲဒီတုန်းက သင်္ဘောကို စတင်မိတ်ဆက်တဲ့ အခမ်းအနားကို ကင်မ်က သမီးဖြစ်သူ ကင်မ်ဂျူအေးနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ အဲဒီ မိန်းကလေးဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရပါတယ်။

ချိုယန် ဖျက်သင်္ဘောဟာ လာမယ့်နှစ် အစောပိုင်းလောက်မှာ ရေတပ်ရဲ့ တာဝန်တွေကို လက်တွေ့စတင် ထမ်းဆောင်နိုင်ဖွယ် ရှိတယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook