Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိတဲ့ နန်းဆောင်ကြီးတစ်ခုရဲ့ အမိုးပြိုကျ

တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိတဲ့ နန်းဆောင်ကြီးတစ်ခု အမိုးပြိုကျခဲ့တာကြောင့် ကမ္ဘာလှည့် ခရီးသည်တွေ အလန့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။

တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၆၀၀ ကျော် သက်တမ်းရှိတဲ့ နန်းဆောင်ကြီးတစ်ခု အမိုးပြိုကျခဲ့တာကြောင့် ကမ္ဘာလှည့် ခရီးသည်တွေ အလန့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။

မြို့တော် ဘေဂျင်းနဲ့ မိုင် ၂၀၀ လောက် အကွာမှာ တည်ရှိပြီး ရှေးဘုရင်တွေ လက်ထက်က တီးခတ်တဲ့ စည်တော် ထားရှိရာ ဖန်ယန်း နန်းဆောင် မျှော်စင်ဟာ အန်ဟွေးပြည်နယ်မှာ ကမ္ဘာလှည့် ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ တရုတ်နိုင်ငံ အနှံ့မှာတော့ အဲဒီလိုမျိုး မျှော်စင်တွေထဲက အကြီးဆုံး တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

၁၃၇၅ ခုနှစ်က တည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်း အဆောက်အအုံကြီးရဲ့ အမိုး အုတ်ချပ်တွေဟာ မေလ ၁၉ ရက်နေ့က ရုတ်တရက် ပြိုကျခဲ့တာလို့ သိရပါတယ်။ အဲဒီ ဖြစ်ရပ်မှာ နန်းဆောင်ရဲ့ အထပ် ၂ ထပ်လောက်မှာလည်း ပျက်စီးမှုတွေ ကြုံတွေ့စေခဲ့ပါတယ်။

အမိုးအုတ်ချပ်တွေ တဖွဲဖွဲ မြေပေါ်ကျဆင်းပြီး အဆောက်အအုံ ပြိုကျသွားတဲ့ အချိန် ပတ်ဝန်းကျင်မှာ မီးခိုးရောင် ဖုံလုံးကြီးတွေ ထလာပြီး လူတွေ အထိတ်တလန့် ပြေးလွှားနေခဲ့တာကို ဗီဒီယို မှတ်တမ်းတွေအရ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကံကောင်းစွာနဲ့ အခင်းဖြစ်ချိန်တုန်းက နန်းဆောင်နဲ့ နီးနီးကပ်ကပ် ရောက်နေသူတွေ မရှိတာကြောင့် ဘယ်သူ တစ်ဦးတစ်ယောက်မှ ဒဏ်ရာ မရခဲ့ကြဘူးလို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

နန်းဆောင် အမိုးပိုင်းမှာ အသေးစား ထိခိုက်ယိုယွင်းမှုတွေကြောင့် ပြန်လည် မွမ်းမံ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး တစ်နှစ်လောက် အကြာမှာ အခုလို ဆိုးဆိုးရွားရွား ပြိုကျခဲ့တာပါ။

မင်မင်းဆက်ခေတ် နန်းဆောင် မျှော်စင်မှာ ပင်မ အစိတ်အပိုင်းနှစ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။ တစ်ခုက အဆောက်အအုံရဲ့ အောက်ခံ အမာခံ အစိတ်အပိုင်းဖြစ်ပြီး နောက်တစ်ခုကတော့ အဲဒီအပေါ်မှာရှိတဲ့ နန်းဆောင်ကြီးပါ။ ပျက်စီးမှု အများစုကတော့ နန်းဆောင်မှာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ နန်းဆောင်ကြီး တည်ရှိတဲ့ ဖန်ယန်းဟာ တရုတ်ရဲ့ သမိုင်းကြောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ကြွယ်ဝတဲ့ နေရာတစ်ခုဖြစ်ပြီး မင်မင်းဆက် ထူထောင်သူ ဧကရာဇ်မင်း ဟွန်ဝူးရဲ့ ဇာတိလည်း ဖြစ်ပါတယ်။ သူ့လက်ထက်မှာ တရုတ်ဟာ နိုင်ငံတကာ ကုန်သွယ်ရေး ကဏ္ဍကို ထိထိရောက်ရောက် မြှင့်တင်နိုင်ခဲ့ပြီး လူဦးရေလည်း တိုးပွားလာခဲ့ပါတယ်။ ပြီးတော့ ငွေကြေးအဖြစ် ရွှေနဲ့ငွေတွေကို သုံးစွဲနေရာကနေ ငွေစက္ကူတွေကိုလည်း တရုတ်မှာ စတင် အစားထိုး အသုံးပြုနိုင်ခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook