Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်သင်္ဘော ရေချမှု အမှားအယွင်းနဲ့ ပတ်သက်ပြီး အရာရှိတွေကို မြောက်ကိုရီးယား ဆက်တိုက် ဖမ်းဆီးနေ

စစ်သင်္ဘောအသစ် ရေချတဲ့အချိန် အမှားအယွင်း ကြုံသွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဟာ စစ်ဘက် အရာရှိတွေကို ဆက်တိုက် ဖမ်းဆီးနေပါတယ်။

Getty Images

စစ်သင်္ဘောအသစ် ရေချတဲ့အချိန် အမှားအယွင်း ကြုံသွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဟာ စစ်ဘက် အရာရှိတွေကို ဆက်တိုက် ဖမ်းဆီးနေပါတယ်။

မေလ ၂၂ ရက်နေ့တုန်းက မြောက်ကိုရီးယား အရှေ့ဖက်၊ ချွန်ဂျင်း ဆိပ်ကမ်းမြို့မှာရှိတဲ့ သင်္ဘောကျင်းမှာ တန်ချိန် ၅၀၀၀ အလေးချိန်ရှိတဲ့ ဖျက်သင်္ဘော အသစ်ကို ရေချရင်း ပြဿနာ ဖြစ်ခဲ့ရာက သင်္ဘောဝမ်း ကွဲထွက်သွားခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ကိုယ်တိုင် ကြီးမှူး တက်ရောက်ခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ ဒီကိစ္စကို အကြီးအကျယ် စိတ်ပျက်သွားခဲ့ပြီး ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိတဲ့ ပေါ့ဆ ပျက်ကွက်မှုမျိုးလို့ လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။

အဲဒီနောက် သင်္ဘောရေချမှုမှာ အမှားအယွင်း ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပြီး ဖမ်းဆီးမှုတွေပါ ရှိလာခဲ့တာပါ။ မေလ ၂၄ ရက်နေ့က ပထမဆုံးအဖြစ် ၃ ဦး အဖမ်းခံရပြီး မေလ ၂၅ ရက်နေ့မှာတော့ အာဏာရ အလုပ်သမား ပါတီရဲ့ ခဲယမ်းမီးကျောက် စက်မှုဌာန ဒုတိယ ညွှန်ကြားရေးမှူး ရီဟွမ်ဆန်လည်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ ရီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကြုံတွေ့ခဲ့တဲ့ ဆိုးရွားတဲ့ မှားယွင်းလွဲချော်မှုမှာ အဓိက တာဝန်ရှိသူ ဖြစ်တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက မေလ ၂၆ ရက်နေ့မှာ ဖော်ပြထားခဲ့ပါတယ်။

ဖျက်သင်္ဘော အသစ်ဟာ ရေချချိန်မှာ တစ်ခြမ်းစောင်းသွားခဲ့ပြီး ဝမ်းပိုင်းမှာ ထိခိုက်ပျက်စီးသွားခဲ့တာပါ။ KCNAကတော့ အပျက်အစီးဟာ အရမ်းကြီး ဆိုးရွားမသွားခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ သင်္ဘော ဝမ်းပိုင်းထဲ ရေဝင်မှုတွေ ဖြစ်ခဲ့ပြီး အဲဒီကိစ္စမှာ လူအသေအပျောက် ရှိခဲ့သလား ဆိုတာကိုတော့ မသိရသေးပါဘူး။ ဂြိုဟ်တု ဓာတ်ပုံတွေ အရတော့ သင်္ဘောကျင်းမှာပဲ တခြမ်းစောင်းနေတဲ့ သင်္ဘောကို ဆက်လက်ထားရှိပြီး အပြာရောင် တာပေါ်လင်စတွေနဲ့ ဖုံးအပ်ထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ခေါင်းဆောင်ကြီး ကင်မ်ကတော့ ဒီဖြစ်ရပ်ကို အကြီးအကျယ် စိတ်ပျက် ဒေါသထွက်ခဲ့ပြီး နိုင်ငံရဲ့ သိက္ခာနဲ့ ဂုဏ်ထည်မှုတွေကို ထိခိုက်စေခဲ့တယ်လို့ စွပ်စွဲ ပြောကြားထားပါတယ်။ ကင်မ်ဆီက အခုလို တင်းတင်းမာမာ စကားလုံးတွေ ထွက်ကျလာခြင်းက ဖြစ်စဉ်အတွက် တာဝန်ရှိသူတွေအတွက် နောင်ရေး မကောင်းနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

KCNAရဲ့ အဆိုအရ အခုအခါမှာတော့ သင်္ဘောကို ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ခုရဲ့ အကူအညီနဲ့ ပြန်လည်ပြင်ဆင်မှုတွေ စတင်နေပြီလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook