Connect with us

Hi, what are you looking for?

နိုင်ငံတကာ

GDPရဲ့ ၅ ရာခိုင်နှုန်းထိ ကာကွယ်ရေးဘတ်ဂျတ် သုံးစွဲဖို့ NATO နိုင်ငံတွေ သဘောတူခဲ့ခြင်းကို ထရမ့် အောင်ပွဲခံ

NATO စစ်မဟာမိတ် နိုင်ငံတွေက ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ဖို့ ကတိပြု လက်ခံခဲ့ကြခြင်းဟာ ကြီးမားတဲ့ အောင်ပွဲတစ်ခုလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

The New York Times

NATO စစ်မဟာမိတ် နိုင်ငံတွေက ကာကွယ်ရေး အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ဖို့ ကတိပြု လက်ခံခဲ့ကြခြင်းဟာ ကြီးမားတဲ့ အောင်ပွဲတစ်ခုလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ထရမ့်က NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေဟာ ကာကွယ်ရေးအတွက် အမေရိကန်ကို အလွန်အကျွံ မှီခို အားကိုးမနေသင့်ကြောင်း ပြောပြီး ကာကွယ်ရေး အသုံးစရိတ်တွေ ထိထိရောက်ရောက် မြှင့်တင်ဖို့ အစဉ်တစိုက် ဖိအားပေး တောင်းဆိုနေခဲ့သူပါ။

ဇွန်လ ၂၅ ရက်နေ့က နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ ကျင်းပတဲ့ NATO ထိပ်သီး ညီလာခံမှာတော့ မဟာမိတ် အဖွဲ့ရဲ့ နိုင်ငံခေါင်းဆောင်တွေဟာ ၂၀၃၅ ခုနှစ်ရောက်ရင် နှစ်စဉ် ကာကွယ်ရေး စရိတ်ကို နိုင်ငံရဲ့ ကုန်ထုတ်စီးပွား စုစုပေါင်းတန်ဖိုး (GDP)ရဲ့ အနည်းဆုံး ၅ ရာခိုင်နှုန်းထိ ခွဲတမ်းသတ်မှတ် သုံးစွဲဖို့ သဘောတူ လက်ခံခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ဟာ ဥရောပနဲ့ အနောက်နိုင်ငံတွေ လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ အောင်ပွဲတစ်ခု ဖြစ်တယ်လို့ ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

NATO ခေါင်းဆောင်တွေရဲ့ ပူးတွဲ ကြေညာချက်မှာတော့ အဖွဲ့ဝင်တွေ အနေနဲ့ လက်တွေ့ဖြစ်ပေါ်နေတဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကို တန်ပြန်ဖို့ ပိုမို စည်းလုံးကြမယ်လို့ ပါရှိခဲ့ပြီး အထူးသဖြင့် ရုရှားရဲ့ ကာလရှည်ကြာ ခြိမ်းခြောက်မှုတွေနဲ့ အစွန်းရောက် အကြမ်းဖက် ဝါဒရဲ့ အန္တရာယ်တွေကို အထူးပြု ရည်ညွှန်းသွားခဲ့ပါတယ်။

နောက်ပြီး NATOရဲ့ အမြုတေ တန်ဖိုးတစ်ခုဖြစ်တဲ့ အဖွဲ့ဝင် နိုင်ငံတစ်ခုခု ကျူးကျော် တိုက်ခိုက်ခံရရင် မဟာမိတ် နိုင်ငံအားလုံး ပူးပေါင်း လက်တုံ့ပြန်ပေးမယ်ဆိုတဲ့ ကတိကိုလည်း ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်။

Shutterstock

မူလက NATO အဖွဲ့ဝင် နိုင်ငံတွေဟာ နိုင်ငံရဲ့ GDP ၂ ရာခိုင်နှုန်းကို ကာကွယ်ရေး ဘတ်ဂျတ်အဖြစ် သုံးစွဲဖို့ ကတိခံထားခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲ မစတင်ခင်အထိ အဲဒီ ကတိကို တည်ခဲ့တဲ့နိုင်ငံ အရမ်းနည်းပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကို မျက်ဝါးထင်ထင် ကြုံပြီးတဲ့ အခါမှာတော့ NATO အဖွဲ့ဝင် နိုင်ငံတွေဟာ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်တွေကို ကတိုက်ကရိုက် မြှင့်တင်လာခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ကတော့ ဥရောပဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အဲဒီထက်ပိုတဲ့ ကာကွယ်ရေး ဘတ်ဂျတ်တွေ လိုအပ်ကြောင်း တောက်လျှောက် ဖိအားပေး တောင်းဆိုနေခဲ့တာပါ။ NATO ထိပ်သီး ညီလာခံ မတိုင်ခင်တုန်းက စပိန်ဟာ ကာကွယ်ရေးဘတ်ဂျတ်ကို GDPရဲ့ ၅ ရာခိုင်နှုန်းထိ တိုးဖို့ ထောက်ခံမှာ မဟုတ်ကြောင်း ပြောခဲ့ပေမယ့် အပြီးသတ်မှာတော့ သဘောတူ လက်ခံခဲ့ပါတယ်။

NATOရဲ့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သဘောတူညီချက်အရ လာမယ့် ၁၀ နှစ်အတွင်း အဖွဲ့ဝင် နိုင်ငံတွေဟာ ကာကွယ်ရေး အသုံးစရိတ်ကို GDPရဲ့ ၃.၅ ရာခိုင်နှုန်းထိရောက်အောင် တစ်ဆင့်ချင်း မြှင့်တင်သွားမှာဖြစ်ပြီး နိုင်ငံတွေကြား ချိတ်ဆက်မှု အားနည်းတဲ့ လုံခြုံရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပြန်လည် မွမ်းမံဖို့အတွက် နောက်ထပ် ၁.၅ ရာခိုင်နှုန်းစီ စိုက်ထုတ်သုံးစွဲကြမယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

NATO လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဒရုန်းတစ်စီးကို NATO တိုက်လေယာဉ်တွေက ပစ်ချခဲ့ပါတယ်။