Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားဟာ တာလီဘန်တွေကို အစိုးရလို့ သတ်မှတ်တဲ့ ပထမဆုံး နိုင်ငံဖြစ်လာ

တာလီဘန်တွေကို အာဖဂန် နစ္စတန်ရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံး နိုင်ငံအနေနဲ့ ရုရှားက မှတ်တမ်းဝင်လာခဲ့ပါတယ်။

Getty Images

တာလီဘန်တွေကို အာဖဂန် နစ္စတန်ရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံး နိုင်ငံအနေနဲ့ ရုရှားက မှတ်တမ်းဝင်လာခဲ့ပါတယ်။

ဇူလိုင် ၃ ရက်နေ့မှာ တာလီဘန်တွေရဲ့ နိုင်ငံခြားရေး ဝန်ကြီး အမာခန် မက်တာကီက ကဘူးလ် မြို့တော်မှာ ရုရှားနိုင်ငံဆိုင်ရာ အာဖဂန် သံအမတ်ကြီး ဒီမစ်ထရီ ဇာနော့ဗ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇာနော့ဗ်က တာလီဘန်တွေကို တရားဝင် အစိုးရ တစ်ရပ်အဖြစ် အသိအမှတ်ပြုမယ့် ရုရှားရဲ့ ဆုံးဖြတ်ချက်ကို မက်တာကီဆီ အသိပေးခဲ့ပါတယ်။

တာလီဘန်တွေကတော့ ရုရှားရဲ့ ဆုံးဖြတ်ချက်ဟာ အရမ်းရဲရင့် ပြတ်သားတယ်လို့ ကြိုဆို အောင်ပွဲခံခဲ့ကြပါတယ်။ ရုရှားရဲ့ ဆုံးဖြတ်ချက်ဟာ နှစ်နိုင်ငံကြားမှာ အပြုသဘောဆောင်ပြီး အပြန်အလှန် လေးစားမှု ပြည့်ဝတဲ့၊ အပေါင်းလက္ခဏာ ပြည့်ဝတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ ကဏ္ဍသစ် ဖွင့်လှစ်လိုက်တာလို့ မက်တာကီက ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းသွားတဲ့နောက် တာလီဘန်တွေဟာ နိုင်ငံတကာ အသိအမှတ်ပြု အာဖဂန် အစိုးရကို မြန်မြန်ဆန်ဆန်ပဲ ဖြုတ်ချနိုင်ခဲ့ပါတယ်။ အဲဒီ အချိန်ကစလို့ တာလီဘန်တွေဟာ နိုင်ငံတကာက အရေးတယူပြု လက်ခံလာအောင် အပတ်တကုတ် ကြိုးစားနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းမှာ တာလီဘန်တွေက ဘာသာရေး အခြေပြု တင်းကျပ်တဲ့ အုပ်စိုးမှု ပုံစံတွေကနေ လျှော့ပေါ့ပေးမယ်လို့ ကတိပြုခဲ့ပေမယ့် အမျိုးသမီးတွေ ပညာသင်ယူခွင့် အပါအဝင် ဒီမိုကရေစီ အစိုးရ လက်ထက်က ရရှိထားတဲ့ နိုင်ငံသား အခွင့်အရေး အများအပြားကို ပယ်ဖျက်လာခဲ့ပါတယ်။ တာလီဘန်ရဲ့ ကြီးစိုးမှုအောက်မှာ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေက စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သတိပေးနေတဲ့ အချိန်မှာပဲ ရုရှားက တာလီဘန်တွေကို အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ဆုံးဖြတ်လိုက်တာပါ။

ရုရှားဟာ တာလီဘန် အုပ်စိုးမှုနောက်ပိုင်း အာဖဂန်နဲ့ ပထမဆုံး နိုင်ငံတကာ စီးပွားရေး သဘောတူညီမှု လက်မှတ်ရေးထိုးတဲ့ နိုင်ငံလည်း ဖြစ်ခဲ့ပြီး အာဖဂန်ဆီ ရေနံ၊ ဓာတ်ငွေ့နဲ့ ဂျုံတွေ တင်ပို့ရောင်းချဖို့ ၂၀၂၂ ခုနှစ်မှာ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook