Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မဂ္ဂနီကျု ၇.၄ ငလျင်ကြီးအပြီး ရုရှားအရှေ့ပိုင်းမှာ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နေ

ရုရှား အရှေ့ဖက် ကမ်းလွန်မှာ မဂ္ဂနီကျု ၇.၄ အဆင့် ငလျင်ကြီး လှုပ်ခတ်သွားတဲ့နောက် အင်အား အတော်ပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်နေဆဲလို့ သိရပါတယ်။

RIA

ရုရှား အရှေ့ဖက် ကမ်းလွန်မှာ မဂ္ဂနီကျု ၇.၄ အဆင့် ငလျင်ကြီး လှုပ်ခတ်သွားတဲ့နောက် အင်အား အတော်ပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်နေဆဲလို့ သိရပါတယ်။

ဇူလိုင် ၂၀ ရက်နေ့က ရုရှားရဲ့ ကမ်ချတ်ကာဒေသ ကမ်းလွန်မှာ ငလျင်ကြီးလှုပ်ခတ်ခဲ့တာဖြစ်ပြီး ကမ်းရိုးတန်း ဒေသတွေကို အရေးပေါ် ဆူနာမီရေလှိုင်း အန္တရာယ် သတိပေးချက်တွေပါ ထုတ်ပြန်ပေးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ကြေညာချက်တွေကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ငလျင်ကြီးကြောင့် အရမ်းပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုတွေ မရှိပေမယ့်လည်း နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်နေခြင်းက ဒေသခံတွေကို အကြီးအကျယ် ထိတ်လန့်တကြား ဖြစ်နေစေပါတယ်။

နောက်ဆက်တွဲ ငလျင်ငယ်လို့ သုံးနှုန်းထားပေမယ့်လည်း အားအကောင်းဆုံး တစ်ခုဟာ မဂ္ဂနီကျု ၆.၄ အဆင့်ထိ ပြင်းထန်ပါတယ်။ အဲဒီငလျင်ဟာ လူ ၁၈၀၀၀၀ လောက် နေထိုင်ရာ ပက်ထရိုပက်ဗ်လော့စ်ခ်-ကမ်ချက်စကီး မြို့ရဲ့ အရှေ့ဖက် ၁၄၄ ကီလိုမီတာအကွာ၊ မြေအနက် ၂၀ ကီလိုမီတာလောက်ကို ဗဟိုပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်တွေ ထပ်လှုပ်သလို ငလျင်ကြီး မတိုင်ခင်ကလည်း အဲဒီဧရိယာ တဝိုက်မှာ အားပျော့ပြီး မသိသာလှတဲ့ မြေငလျင်ငယ်တွေ လှုပ်ရှားခဲ့တာကို တိုင်းတာရရှိထားပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ ညပိုင်းထိ အခြေအနေအရ ကမ်ချတ်ကာ တဝိုက်မှာ ပြင်းအား မတူညီတဲ့ နောက်ဆက်တွဲ ငလျင်ပေါင်း ၂၀ ဝန်းကျင် လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ရုရှားရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာနက အစောပိုင်းမှာ ကမ်းရိုးတန်း ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းဖို့ ညွှန်ကြားခဲ့ပေမယ့် နာရီတချို့ အကြာမှာ သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့တာပါ။ ရုရှားနိုင်ငံ အရှေ့ပိုင်းက ကန်တချို့ရဲ့ ရေမျက်နှာပြင်ဟာ ငလျင်အပြီးမှာ မြင့်တက်လာတာမျိုး ဖြစ်ခဲ့ပေမယ့် အကြီးစား ထိခိုက်ပျက်စီးမှုတွေ၊ သေကြေမှုတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ကမ်ချတ်ကာဟာ အင်အား အင်မတန်ပြင်းထန်တဲ့ ငလျင်ကြီးတွေ လှုပ်ခတ်ခဲ့ဖူးရာ သမိုင်းကြောင်းရှိတဲ့ ဒေသပါ။ ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့က အဲဒီဧရိယာမှာ မဂ္ဂနီကျု ၉.၀ အဆင့် ကမ်းလွန် ငလျင်ကြီး လှုပ်ခတ်ခဲ့ရာက အမေရိကန်ရဲ့ ဟာဝိုင်ယီ ကမ်းခြေမှာ အမြင့် ၉.၁ မီတာရှိတဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ်ချတ်ကာမှာတော့ အသေအပျောက် မရှိခဲ့ပါဘူး။

လက်ရှိ ငလျင်အပြီးမှာတော့ ပညာရှင်တွေက ငလျင်ဘေးသင့် ဇုန်တွေက အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှု အခြေအနေတွေကို ပြန်လည် ဆန်းစစ်မှုတွေ စတင်လုပ်ဆောင်နေသလို နောက်ဆက်တွဲ ငလျင်တွေနဲ့ ပတ်သက်လို့လည်း မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook