Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျအတွက် စစ်သင်္ဘောတွေ ဂျပန် တည်ဆောက်ပေးမယ်

ဩစတြေးလျ ရေတပ်အတွက် မျိုးဆက်သစ် စစ်သင်္ဘောတွေ တည်ဆောက်ပေးဖို့ အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံတန် ကန်ထရိုက် စာချုပ်တစ်ခုကို ဂျပန်က လက်ခံရရှိခဲ့ပါတယ်။

AP

ဩစတြေးလျ ရေတပ်အတွက် မျိုးဆက်သစ် စစ်သင်္ဘောတွေ တည်ဆောက်ပေးဖို့ အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံတန် ကန်ထရိုက် စာချုပ်တစ်ခုကို ဂျပန်က လက်ခံရရှိခဲ့ပါတယ်။

ဒါဟာ ဂျပန်မှာ ကာကွယ်ရေးပစ္စည်း ထုတ်ကုန်တွေ ပြည်ပ တင်ပို့ခွင့် ပိတ်ပင်မှု ဥပဒေကို ရပ်ဆိုင်းလိုက်တဲ့နောက်ပိုင်း ပမာဏ အကြီးမားဆုံး လက်နက်ရောင်းချရေး စာချုပ်လည်း ဖြစ်လာပါတယ်။

အဲဒီ စာချုပ်အရ ဂျပန်ဟာ တောင်ဝင် ဩစတြေးလျ ရေတပ်အတွက် ဩစတြေးလျ ဒေါ်လာ ၁၀ ဘီလီယံတန်၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံတန် ဖရီးဂိတ် စစ်သင်္ဘောတွေ တည်ဆောက်ပေးရမှာ ဖြစ်ပါတယ်။

ဂျပန်ဟာ မိုဂါမီ-အဆင့် ဘက်စုံသုံး ဖရီးဂိတ်တွေကို လက်ရှိထက် အဆင့်ပိုမြှင့်ထားတဲ့ ဗားရှင်းအသစ်တွေ ထုတ်လုပ်ပြီး ၂၀၂၉ ခုနှစ်ကစလို့ ဩစတြေးလျဆီ ပေးပို့ရမှာ ဖြစ်ပါတယ်။ အဲဒီ ဖရီးဂိတ်တွေဟာ ရေငုပ်သင်္ဘောတွေကို ခြေရာခံ အမဲလိုက်ဖို့၊ ရေပေါ် ပစ်မှတ်တွေကို ချေမှုန်းဖို့၊ လေကြောင်းကာကွယ်ရေး စနစ်တွေကို အားဖြည့်ဖို့စတဲ့ ကဏ္ဍပေါင်းစုံကို တာဝန်ယူနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ သင်္ဘောတစ်စီးမှာ အမှုထမ်း ၉၀ ဝန်းကျင်သာ လိုအပ်ပြီး ရှိရင်းစွဲ ဩစတြေးလျ ရေတပ်သုံး ဖရီးဂိတ်တွေရဲ့ သင်္ဘောသား လိုအပ်ချက် ထက်ဝက်သာ ရှိပါတယ်။ သင်္ဘောတွေ တည်ဆောက်ရေးကိုတော့ ဂျပန်ရဲ့ Mitsubishi အကြီးစား စက်မှုလုပ်ငန်းက တာဝန်ယူသွားမှာပါ။

ဩစတြေးလျက နည်းပညာမြင့် မျိုးဆက်သစ် စစ်သင်္ဘောတွေကို နိုင်ငံရဲ့ မြောက်ဖက်က အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာတို့ကြား ဆက်သွယ်ရေး လမ်းကြောင်းတွေကို ကာကွယ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အဲဒီ ရေပြင်မှာ တရုတ်က စစ်အင်အား တိုးမြှင့် လှုပ်ရှားလာနေတဲ့အပေါ် ဩစတြေးလျက အထူးတလည် စိုးရိမ်နေပါတယ်။

ဂျပန်ကတော့ ဒုတိယ ကမ္ဘာစစ်အပြီး ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာ လက်နက်တင်ပို့မှု ဈေးကွက်နဲ့ ခပ်ကင်းကင်း နေခဲ့ရာကနေ မူဝါဒ ပြောင်းလဲလိုက်တဲ့နောက်ပိုင်း အားတက်စရာ အကောင်းဆုံး လက်နက် မှာယူမှု စာချုပ်တစ်ခုကို ရရှိလာခဲ့တာပါ။

အခု သဘောတူညီမှုဟာ ဂျပန်ရော၊ ဩစတြေးလျကိုပါ အကျိုးဖြစ်ထွန်းစေသလို ဂျပန်ရဲ့ နိုင်ငံတကာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခြေလှမ်းတွေကို တွန်းအားပေးလာနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဂျန်နာကာတာနီက ဆိုပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ မိုဂါမီ-အဆင့် ဖရီးဂိတ်တွေဟာ ရေမိုင် ၁၀,၀၀၀ လောက် စစ်ကစားနိုင်ပြီး တာဝေး စစ်လက်နက်တွေကို တပ်ဆင်နိုင်ပါတယ်။

ဩစတြေးလျက လက်ရှိ အသုံးပြုနေတဲ့ အန်းဇက်-အဆင့် ဖရီးဂိတ်တွေဟာ ရေမိုင် ၆,၀၀၀ လောက်ပဲ စစ်ကစား နိုင်စွမ်းရှိကြောင်း သိရပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook