Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗင်နီဇွဲလား သမ္မတအတွက် ဆုငွေထုတ်ထားမှုကို ဒေါ်လာ သန်း ၅၀ ထိ အမေရိကန် တိုးမြှင့်

ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးနိုင်ဖို့ အထောက်အကူဖြစ်မယ့် သတင်းအချက်အလက်မျိုး ပေးနိုင်ရင် ဆုငွေ ဒေါ်လာ သန်း ၅၀ ထိ တိုးမြှင့် ချီးမြှင့်မယ်လို့ အမေရိကန်က ကြေညာခဲ့ပါတယ်။

Reuters

ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးနိုင်ဖို့ အထောက်အကူဖြစ်မယ့် သတင်းအချက်အလက်မျိုး ပေးနိုင်ရင် ဆုငွေ ဒေါ်လာ သန်း ၅၀ ထိ တိုးမြှင့် ချီးမြှင့်မယ်လို့ အမေရိကန်က ကြေညာခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မာဒူရိုအပေါ် ကာလရှည်ကြာ စွပ်စွဲ ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ အမေရိကန် အစိုးရက မာဒူရိုအတွက် ဆုငွေတိုးထုတ်ချိန်မှာတော့ သူဟာ ကမ္ဘာပေါ်မှာ အဆိုးသွမ်းဆုံး မူးယစ်မှောင်ခိုသမားတွေထဲက တစ်ဦးလို့ စွပ်စွဲထားပါတယ်။

မာဒူရိုဟာ ထရမ့်လိုပဲ ဇန်နဝါရီလတုန်းက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် သူ့ရဲ့ သမ္မတ ရာထူးကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အတိုက်အခံ အင်အားစုတွေကတော့ အဲဒီရွေးကောက်ပွဲမှာ မဲလိမ်မှုတွေ အများအပြား ရှိခဲ့တယ်လို့ ဝေဖန်ထားပါတယ်။ နိုင်ငံအများအပြားကလည်း အဲဒီ ရွေးကောက်ပွဲ ရလဒ်ကို ရှုတ်ချခဲ့ကြပါတယ်။

အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီက မာဒူရိုအတွက် ဆုငွေ ဒေါ်လာ ၂၅ သန်း ထုတ်ပြန်ထားပြီး ဖြစ်ရာကနေ နှစ်ဆတိုးပြီး ဒေါ်လာ သန်း ၅၀ ထိ သတ်မှတ်လိုက်ကြောင်း ဩဂုတ် ၇ ရက်နေ့မှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး ယာဗန်ဂီလ်က အမေရိကန်ရဲ့ လုပ်ရပ်ဟာ ကလေးကလားဆန်တဲ့ နိုင်ငံရေး ဝါဒဖြန့်မှု တစ်ခုလို့ တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်ဟာ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းကလည်း မာဒူရိုနဲ့ တချို့ ဗင်နီဇွဲလား အစိုးရ အရာရှိတွေကို မူးယစ်ဆေးဝါးဆိုင်ရာ၊ အကြမ်းဖက်မှု၊ အဂတိမှု၊ မူးယစ်မှောင်ခိုမှုတွေနဲ့ မျက်ကွယ်မှာ စွဲချက်တင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အမေရိကန် တရားရေး ဝန်ကြီးဌာနက မာဒူရိုဟာ ကိုလံဘီယာ သူပုန်အဖွဲ့ FARCနဲ့ ပေါင်းပြီး ကိုကင်း မူးယစ်ဆေးတွေကို အမေရိကန် ပိုင်နက်ထဲ အလုံးအရင်း မှောင်ခိုတင်သွင်းနေကြောင်း၊ တစ်နည်းအားဖြင့် အမေရိကန်ကို တိုက်ခိုက်မယ့် လက်နက်အဖြစ် မူးယစ်ဆေးကို မာဒူရိုက အသုံးချနေကြောင်း စွပ်စွဲခဲ့ပါတယ်။

မာဒူရိုကို ဆုငွေတိုးထုတ်မှုနဲ့ ပတ်သက်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ဗီဒီယိုတစ်ခု တင်ထားခဲ့ရာမှာ ဘွန်ဒီက မာဒူရိုဟာ ထရန်ဒီ အာရာဂွာလို ဗင်နီဇွဲလား မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ ပူးပေါင်း အလုပ်လုပ်နေတယ်လို့ ထည့်သွင်း ပြောကြားသွားပါတယ်။ အဲဒီဂိုဏ်းကို အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားပါတယ်။ နောက်ပြီး မာဒူရိုဟာ မက္ကဆီကိုမှာ တန်ခိုးထွားတဲ့ ဒုစရိုက် ကွန်ရက်ဖြစ်တဲ့ ဆီနာလိုအာ ကာတဲလ်နဲ့လည်း ဆက်စပ်မှု ရှိတယ်လို့ သူက ဆိုပါတယ်။

မာဒူရိုကတော့ သူဟာ မူးယစ်မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ၂၀၁၃ မှာ သမ္မတ ဖြစ်လာတဲ့ မာဒူရိုဟာ သူ့ရဲ့ အာဏာ တည်မြဲဖို့ ရွေးကောက်ပွဲမှာ မဲလိမ်တာ၊ အတိုက်အခံတွေကို အင်အားသုံး ဖြိုခွင်းတာ၊ နှုတ်ပိတ်တာစတဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြောင်းလည်း ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။