Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အတိတ်အတွက် နောင်တရမိကြောင်း ဒုတိယ ကမ္ဘာစစ် ပြီးဆုံးမှု နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ဂျပန်ဝန်ကြီးချုပ်ပြော

ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်နိုင်ငံရဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ အတိတ်တွေအတွက် နောင်တရမိတယ်လို့ စစ်ပြီးဆုံးမှု နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက ပြောကြားခဲ့ပါတယ်။

Yonhap

ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်နိုင်ငံရဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ အတိတ်တွေအတွက် နောင်တရမိတယ်လို့ စစ်ပြီးဆုံးမှု နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက ပြောကြားခဲ့ပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့က တိုကျိုမြို့မှာ ဒုတိယ ကမ္ဘာစစ်အတွင်း သေဆုံးခဲ့သူတွေအတွက် ရည်ရွယ် ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ချိန်မှာ အီရှီဘာက အခုလို ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ စစ်ကြီးအတွင်းမှာ ဂျပန်ရဲ့ ကိုလိုနီပြု သိမ်းပိုက်တာကို ခံခဲ့ရတဲ့ နိုင်ငံတွေနဲ့ ပတ်သက်လို့တော့ အီရှီဘာက သူ့မိန့်ခွန်းထဲမှာ သီးခြား ထည့်သွင်း ရည်ညွှန်းသွားတာမျိုး မရှိခဲ့ပါဘူး။

အရင်တုန်းကဆိုရင် ဂျပန်ဝန်ကြီးချုပ်တွေဟာ အခုလို စစ်ပြီးဆုံးမှု နှစ်ပတ်လည် အခမ်းအနား မိန့်ခွန်းတွေမှာ ဂျပန်ကြောင့် အိမ်နီးချင်း နိုင်ငံတွေ ထိခိုက်နစ်နာခဲ့ရတဲ့ အခြေအနေတွေအပေါ် ထည့်သွင်း အသိအမှတ်ပြု ဝန်ခံပြောဆိုလေ့ ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၂ မှာတော့ ဝန်ကြီးချုပ် ရှင်ဇို အာဘေးက အိမ်နီးချင်း နိုင်ငံတွေအကြောင်း ထည့်မပြောတော့ဘဲ ဂျပန်က စစ်ပွဲအတွက် နောင်တရမိတယ်ဆိုတဲ့ သဘောထားမျိုးကိုသာ ပြသပြီး အဲဒီအစဉ်အလာကို ပြောင်းပစ်ခဲ့ပါတယ်။

အီရှီဘာဟာ တိုကျိုမှာရှိတဲ့ နစ်ပွန် ဘူဒိုကန် ခန်းမဆောင်မှာ ကျင်းပခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးမှု နှစ် ၈၀ ပြည့် အခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပြီး ဂျပန် အနေနဲ့ စစ်ပွဲရဲ့ ဆိုးယုတ်ကြမ်းတမ်းမှု အမှားတွေကို နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်ကျူးလွန်လို့ မဖြစ်ကြောင်း၊ စစ်ပွဲက ပေးခဲ့တဲ့ နောင်တနဲ့ သင်ခန်းစာတွေကို နှလုံးသားမှာ ထာဝရ ကမ္ဗည်းထိုးထားရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အီရှီဘာနည်းတူ ဂျပန် ဧကရာဇ် နာရူဟီတိုကလည်း အတိတ်က ကိစ္စတွေအတွက် ဂျပန်ဟာ နောင်တရမိသလို အဲဒီဖြစ်ရပ်တွေက ပြက်ပြက်ထင်ထင် ဆက်ရှိနေဆဲ ဖြစ်ကြောင်း၊ ဂျပန်ဟာ စစ်ပွဲရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို ဖြစ်ပေါ်စေမယ့် နောက်ထပ် အမှားမျိုး မကျူးလွန်မိဖို့ အလေးအနက် မျှော်လင့်ကြောင်း မိန့်ခွန်းပြောသွားခဲ့ပါတယ်။

၁၉၃၉ နှစ်ကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ဟာ ၁၉၄၅ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ ဂျပန်က ခြွင်းချက်မရှိ လက်နက်ချကြောင်း ကြေညာမှုနဲ့အတူ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီနှစ် စက်တင်ဘာ ၂ ရက်နေ့မှာတော့ ဂျပန်ဟာ လက်နက်ချကြောင်း တရားဝင် ကြေညာစာတမ်းကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

ကိုးကား: JoonAng

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

နိုင်ငံတကာ

တရုတ် လေယာဉ်တင် သင်္ဘောကို ဂျပန် ပြည်စောင့်တပ် ရေတပ်က တမင် နှောင့်ယှက်ခဲ့ကြောင်း တရုတ်ရဲ့ စွပ်စွဲချက်ကို ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပယ်ချခဲ့ပါတယ်။