Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူသမ္မတ ဖြစ်နေသ၍ ထိုင်ဝမ်ကို မကျူးကျော်ဘူးလို့ ရှီကျင့်ဖျင်က ကတိပေးထားကြောင်း ထရမ့်ပြော

သူ့ရဲ့ သမ္မတ သက်တမ်းမှာတော့ တရုတ်ဟာ ထိုင်ဝမ်ကို ကျူးကျော်လိမ့်မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Reuters

သူ့ရဲ့ သမ္မတ သက်တမ်းမှာတော့ တရုတ်ဟာ ထိုင်ဝမ်ကို ကျူးကျော်လိမ့်မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သူက တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်ကလည်း အဲဒီအကြောင်း သူ့ဆီကို အာမခံထားတယ်လို့ ဩဂုတ် ၁၅ ရက်နေ့က Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။ သူဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ အလာစကာမှာ သွားရောက် မတွေ့ဆုံခင် Foxနဲ့ အင်တာဗျူးခဲ့တာပါ။

သူက အိမ်ဖြူတော်မှာ ရှိနေသ၍ တရုတ်နဲ့ ထိုင်ဝမ်ကိစ္စက အများစိုးရိမ်သလို ဖြစ်လာမှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ စောင့်တော့ ကြည့်ရမှာဖြစ်ကြောင်း ပြောပါတယ်။ ထရမ့်က အမေရိကန် သမ္မတ နေရာမှာ သူရှိနေသ၍ ဒါမျိုး လုံးဝ မလုပ်ပါဘူးလို့ ရှီက သတိပေးထားတယ်လို့လည်း ဆိုပါတယ်။ ဒီသဘောထားကို သူ့အနေနဲ့ အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း၊ သူရော၊ တရုတ်ပါ အရမ်းစိတ်ရှည်ရှည် ရှိနေကြကြောင်းလည်း ထရမ့်က ဆက်ပြောသွားပါတယ်။

ဝါရှင်တန် ဒီစီမှာရှိတဲ့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ထရမ့်ရဲ့ အင်တာဗျူးအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Public Service Announcement

Public Service Announcement

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့လည်း အတိအလင်း ခြိမ်းခြောက်ထားပါတယ်။ ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုကို လိုလားနေပြီး အမေရိကန်က ထိုင်ဝမ်အတွက် စစ်လက်နက်နဲ့ လုံခြုံရေး အကူအညီတွေ ပေးနေတဲ့ အဓိက မဟာမိတ်အဖြစ် ရှိနေပါတယ်။ ပြီးတော့ တရုတ်ကသာ ထိုင်ဝမ်ကို စစ်ပြုတိုက်ခိုက်ရင် အဲဒီစစ်ပွဲမှာ ပါဝင်လာနိုင်ခြေ ရှိတယ်လို့လည်း အမေရိကန်က သတိပေးထားဖူးပါတယ်။

ဒါပေမဲ့လည်း အမေရိကန်ဟာ တခြား ကမ္ဘာ့နိုင်ငံ အများစုနည်းတူ ထိုင်ဝမ်ကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အနေနဲ့ အသိအမှတ် မပြုဘဲ တရုတ်နဲ့ ဆက်နွှယ်တဲ့ နယ်မြေတစ်ခု အဖြစ်သာ သတိကြီးကြီးနဲ့ ဆက်ဆံနေပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။