Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုမှာ လှုပ်ခဲ့တဲ့ မဂ္ဂနီကျု ၅.၈ ငလျင်ကြောင့် ၃၀ နီးပါး ဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီကျွန်းနားမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၅.၈ အဆင့် ငလျင်ကြောင့် ဒဏ်ရာရသူ ၃၀ နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - AP/File

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီကျွန်းနားမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၅.၈ အဆင့် ငလျင်ကြောင့် ဒဏ်ရာရသူ ၃၀ နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းက လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ရဲ့ ပြင်းအားကို အစောပိုင်းက ၆.၀ လို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မဂ္ဂနီကျု ၅.၈ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။ အဲဒီငလျင်ပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ဒါဇင်နဲ့ချီ ဆက်လက် လှုပ်ခတ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

ငလျင်ဟာ ဆူလာဝေဆီ အလယ်ပိုင်း၊ ပိုဆိုခရိုင် မြောက်ဖက် ၁၅ ကီလိုမီတာလောက် အကွာကို ကမ်းလွန်ရေပြင်ကို ဗဟိုပြုခဲ့တာလို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ပြောပါတယ်။ ငလျင်ကြောင့် ဆူနာမီရေလှိုင်း အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်တာမျိုးတော့ မရှိခဲ့ပါဘူး။

ငလျင်ဗဟိုချက် အနီးတဝိုက် ဒေသတွေမှာတော့ ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရသူ ၂၉ ဦးထိ ရှိခဲ့တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီထဲက ၂ ဦးရဲ့ ဒဏ်ရာအခြေအနေက ပြင်းထန်တယ်လို့လည်း ပိုဆိုခရိုင် အမျိုးသား သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အေဂျင်စီ ပြောရေးဆိုခွင့်ရ အရာရှိ အက်ဘ်ဒူလ် မူဟာရီက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာဆိုရင် ခရစ်ယာန် ဘုရားကျောင်းတစ်ခု အတော်လေး ပျက်စီးထားတာကို တွေ့နိုင်ကြောင်း၊ လောလောဆယ်တော့ ပျက်စီးမှု ပမာဏတွေ ဘယ်လောက် ကြီးမား ကျယ်ပြန့်သလဲ ဆိုတာကို မြေပြင်မှာ ဆန်းစစ်နိုင်ဖို့ ဆက်လက် လုပ်ဆောင်နေကြောင်းလည်း သူက ဆိုပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိရာ ကျွန်းစုနိုင်ငံဖြစ်ပြီး ငလျင်တွေ၊ မီးတောင်ပေါက်ကွဲမှုတွေနဲ့ မစိမ်းလှပါဘူး။

၂၀၀၄ ခုနှစ်တုန်းက အိန္ဒိယ သမုဒ္ဒရာထဲမှာ မဂ္ဂနီကျု ၉.၂ အဆင့် အထူးအင်အားပြင်းထန်လှတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေပါ ရိုက်ခတ်ခဲ့တာကြောင့် နိုင်ငံတချို့မှာ လူပေါင်း ၂၃၀၀၀၀ ကျော် သေဆုံးခဲ့ပြီး အသေအပျောက် အများစုကတော့ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တာပါ။

ကိုးကား: Euro News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။