Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား ကျောင်းပြိုကျမှုမှာ ပိတ်မိနေသူ ၆၀ နီးပါးစလုံး သေဆုံးခဲ့ပြီးပြီလို့ ယူဆရ

အင်ဒိုနီးရှားနိုင်ငံက ပြိုကျသွားတဲ့ ကျောင်းအဆောက်အအုံအောက် ပိတ်မိနေသူ ၆၀ နီးပါးစလုံး သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ဓာတ်ပုံ - Reuters

အင်ဒိုနီးရှားနိုင်ငံက ပြိုကျသွားတဲ့ ကျောင်းအဆောက်အအုံအောက် ပိတ်မိနေသူ ၆၀ နီးပါးစလုံး သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့တုန်းက အရှေ့ဂျာဗားမှာ ရှိနေတဲ့ အစ္စလာမ်မစ် ကျောင်းအိပ်ကျောင်းစား ဘာသာရေး ကျောင်းတစ်ခုမှာ ၃ ထပ်အဆောက်အအုံကို ၄ ထပ်အဖြစ် ချဲ့ထွင် ဆောက်လုပ်နေရင်း ပြိုကျမှု ဖြစ်ခဲ့တာပါ။ အဲဒီ ဖြစ်စဉ်ကြောင့် နေ့လယ်ပိုင်း ဝတ်ပြုနေတဲ့ ကလေးတွေ၊ သင်ကြားရေး ဝန်ထမ်းတွေ၊ ဆောက်လုပ်ရေး အလုပ်သမားတွေဟာ အပျက်အစီးတွေအောက် ပိမိကုန်ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းထိ အခြေအနေအရ အလောင်း ၅ လောင်းနဲ့ အသက်ရှင် ကျန်ရစ်သူ ၅ ဦးကို ရှာဖွေ တွေ့ရှိထားပြီး တန်တွေနဲ့ချီ များပြားတဲ့ အပျက်အစီးပုံကြီး အောက်မှာတော့ လူ ၅၉ ဦး ပိတ်မိနေခဲ့ပါတယ်။

နေ့လယ်ပိုင်းမှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေက အဲဒီနေရာမှာ အသက်ရှင် ကျန်ရစ်သူတွေ ရှိနိုင်ခြေ အလားအလာမျိုး လုံးဝ မထောက်လှမ်းမိတော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါဟာ အပျက်အစီးတွေကို ရှင်းထုတ်ပြီးရင်တောင် အသက်ရှင်လျက် လွတ်မြောက်လာသူတွေ ထပ်မတွေ့နိုင်တော့ဘူးလို့ ယူဆလိုက်တဲ့ သဘောပါပဲ။

Public Service Announcement

Public Service Announcement

လူ့ခန္ဓာကိုယ် အပူချိန်ကို တိုင်းတာတဲ့ ဒရုန်းတွေ အပါအဝင် နည်းပညာမြင့် ပစ္စည်း ကိရိယာတွေကို အသုံးပြုခဲ့ပေမယ့် အောက်ခြေထဲမှာ အသက်ရှင်သူ ရှာမတွေ့တော့ဘူးလို့ နိုင်ငံရဲ့ ကယ်ဆယ်ရေး ဌာန အကြီးအကဲက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အယ်လ်ခိုဇီနီ ဘာသာရေးကျောင်းရဲ့ အပျက်အစီးပုံနားမှာ လာရောက် စုဝေးပြီး သတင်းစောင့်နေတဲ့ မိဘတွေကတော့ အခုအယူအဆကို လက်မခံနိုင်သေးဘဲ အလောင်းတွေ ရှာမတွေ့မချင်း လက်မလျှော့ဘူးလို့ ပြောပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေဆဲပါ။ ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ သိမ်မွေ့ ရှုပ်ထွေးလွန်းနေတယ်လို့လည်း အမျိုးသား ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ မိုဟာမက် ဆိုင်ယာဖီက မှတ်ချက်ပေးခဲ့ပါတယ်။

တစ်နေရာရာမှာ လွန်နဲ့တူးဖောက်တဲ့အခါ တုန်ခါမှုက တခြားတစ်နေမှာ ပြိုကျမှုတွေ ဖြစ်ပေါ်မှာကို စိုးရိမ်ရကြောင်း၊ ဒီတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ မြေအောက်ကနေ လှိုဏ်ခေါင်းဖောက်ပြီး အပျက်အစီးပုံ အောက်ထဲ ဝင်နိုင်ဖို့ ကြိုးစားနေရကြောင်း သူက ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ မြေတူးတာ တစ်ခုတည်းကတင် မြေပြိုကျနိုင်တာ အပါအဝင် အန္တရာယ်တွေ အများကြီး ရှိနိုင်တယ်လို့လည်း ဆိုင်ယာဖီက ပြောပါတယ်။

အင်ဒိုနီးရှားမှာတော့ ဆောက်လုပ်ရေးဆိုင်ရာ ကြံ့ခိုင်မှု စံနှုန်းတွေကို တိတိကျကျ မလိုက်နာဘဲ တည်ဆောက်ထားတဲ့ အဆောက်အအုံ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီအတွက်လည်း လူထိခိုက်သေဆုံးတဲ့ ပြိုကျမှု ဖြစ်စဉ်တွေကို သတင်းကြားရလေ့ ရှိပါတယ်။

စက်တင်ဘာ လဆန်းပိုင်းတုန်းကလည်း ဘာသာရေး ဝတ်ပြုဆောင်အဖြစ် အသုံးပြုတဲ့ အဆောက်အအုံတစ်ခု အနောက်ဂျာဗားမှာ ပြိုကျသွားရာက လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။