Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဧဝရတ်တောင်တက်ရင်း နှင်းမုန်တိုင်းကြောင့် ပိတ်မိနေသူ ၂၀၀ ကျော်ကို ကယ်ထုတ်ဖို့ ကြိုးစားနေ

ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ ဧဝရတ်တောင်ကို တက်ရင်း နှင်းမုန်တိုင်းကြောင့် ပိတ်မိနေတဲ့ တောင်တက်သမား ၂၀၀ ကျော်ကို ကယ်ဆယ်ဖို့ အပူတပြင်း ကြိုးစားနေကြပါတယ်။

ဓာတ်ပုံ - AP

ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ ဧဝရတ်တောင်ကို တက်ရင်း နှင်းမုန်တိုင်းကြောင့် ပိတ်မိနေတဲ့ တောင်တက်သမား ၂၀၀ ကျော်ကို ကယ်ဆယ်ဖို့ အပူတပြင်း ကြိုးစားနေကြပါတယ်။

နီပေါနိုင်ငံနဲ့ တရုတ်ရဲ့ တိဘက်ကုန်းမြင့် ဒေသကြားမှာ တည်ရှိတဲ့ တောင်ရဲ့ တိဘက်ဖက်ခြမ်း လမ်းကြောင်းကနေ စတက်ခဲ့သူ ၁၀၀၀ လောက်ထိဟာ ရုတ်တရက် ကျရောက်လာတဲ့ ဆီးနှင်းမုန်တိုင်းကြောင့် အခက်ကြုံခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းထိ အခြေအနေအရ တောင်တက်သမား အများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီး ဖြစ်သလို ၃၅၀ လောက်ကို တောင်ခြေ မြို့နယ်လေး တစ်ခုဖြစ်တဲ့ ကျူဒန်းဆီကို ပို့ဆောင်ပေးထားပါတယ်။

ဒါပေမဲ့ တောင်ပေါ်ကနေ ပြန်ဆင်းမလာနိုင်သေးတဲ့ တောင်တက်သမား ၂၀၀ ကျော်လောက်ကို ဆက်သွယ်ပြီး ကယ်ထုတ်နိုင်ဖို့ အာဏာပိုင်တွေက အပူတပြင်း ကြိုးစားနေပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး တောင်တက်သမားတွေကို ကူညီဖို့ ဒေသခံတွေကလည်း နွားတွေ၊ မြင်းတွေကိုပါ ခေါ်ပြီး နှင်းဖုံးနေတဲ့ တောင်ခြေမှာ စုဝေးနေခဲ့ကြပါတယ်။

တောင်ပေါ်မှာ အရမ်း အေးမြ စိုစွတ်နေကြောင်း၊ ဒါကြောင့် လူတွေ ဆက်ရှိနေမယ်ဆိုရင် သေတဲ့အထိ ကိုယ်အလေးချိန် ကျဆင်းတဲ့ ပြဿနာ ကြုံနိုင်ခြေ မြင့်မြင့်မားမား ရှိနေကြောင်း ကျူဒန်းထိ ပြန်ရောက်လာနိုင်တဲ့ တောင်တက်သမား တစ်ဦးဖြစ်တဲ့ ချန်ကွိရှောင်က ပြောပါတယ်။

ချန်နဲ့ အဖွဲ့သားတွေဟာ အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းမှာ တောင်ခြေကို ပြန်ရောက်လာခဲ့ပြီး ရွာသားတွေက ဝမ်းပန်းတသာ နှုတ်ဆက် ကြိုဆိုခဲ့ကြပါတယ်။

ရွာသားတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ တောင်ဆင်းလမ်းတလျှောက် ပိတ်ဆို့သွားတဲ့ ဆီးနှင်းခဲတွေကို အပူတပြင်း ဖယ်ရှားနေပြီး တောင်ပေါ်က ဆင်းလာသူတွေကို လမ်းပြဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် ကျွမ်းကျင် တောင်တက်သမား လမ်းပြတွေကလည်း တောင်ပေါ်မှာ ကျန်နေဆဲ အဖွဲ့တွေကို သွားရောက် ချိတ်ဆက်ပြီး ဘေးကင်းကင်းနဲ့ ပြန်လည် ခေါ်ဆောင်လာနိုင်မယ်လို့ အာဏာပိုင်တွေက မျှော်လင့်နေပါတယ်။

ဒေသခံတွေကတော့ အခုနှစ်မှာ ဧဝရတ်တောင်တဝိုက် ရာသီဥတုဟာ ပုံမှန်နဲ့ မတူဘဲ ခန့်မှန်းရခက်တဲ့ အပြောင်းအလဲတွေ ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဧဝရတ်တောင်စောင်းမှာ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းကစလို့ နှင်းတွေ သည်းသည်းမည်းမည်း ကျဆင်းလာပြီး အဲဒီနှင်းမုန်တိုင်းဟာ လုံးဝစဲမသွားဘဲ နောက်ရက်တွေမှာပါ ဆက်လက် တိုက်ခတ်နေခဲ့တာ ဖြစ်ပါတယ်။

တိဘက်ကုန်းမြင့်ဒေသရဲ့ တောင်ဖက်က နီပေါနိုင်ငံ ပိုငနက်ထဲမှာတော့ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှု၊ မြေပြိုမှုတွေ ပေါ်ပေါက်လာတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ လူ ၄၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ နောက်ဆုံး တိုင်းတာထားမှုအရ ဧဝရတ်တောင်ဟာ ၂၉၀၃၂ ပေ မြင့်မားကြောင်းလည်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၅၂ နှစ် ရှိပြီဖြစ်တဲ့ ကာမီရီတာရဲ့ ဇနီးသည် ဂျန်မူးကတော့ သူ့ခင်ပွန်းရဲ့ အောင်မြင်မှုအတွက် အရမ်း ဂုဏ်ယူ ပျော်ရွှင်မိကြောင်း ပြောကြားသွားပါတယ်။