Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရေနံကို ဆက်ဝယ်ရင် အမေရိကန်ရဲ့ ကြီးမားတဲ့ အခွန်စည်းကြပ်မှုနဲ့ အိန္ဒိယ ဆက်ကြုံနေမယ်လို့ ထရမ့်သတိပေး

ရုရှားရေနံကို ဆက်ပြီး ဝယ်နေမယ်ဆိုရင် အိန္ဒိယဟာ အမေရိကန်ဆီက ကြီးမားပြင်းထန်တဲ့ သွင်းကုန်အခွန် စည်းကြပ်မှုတွေကို မလွဲမသွေ ကြုံရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters/File

ရုရှားရေနံကို ဆက်ပြီး ဝယ်နေမယ်ဆိုရင် အိန္ဒိယဟာ အမေရိကန်ဆီက ကြီးမားပြင်းထန်တဲ့ သွင်းကုန်အခွန် စည်းကြပ်မှုတွေကို မလွဲမသွေ ကြုံရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

အိန္ဒိယဟာ ရုရှားရဲ့ ရေနံကို ဆက်ပြီး ဝယ်ယူနေတာကို အရေးယူတဲ့ အနေနဲ့ အိန္ဒိယရဲ့ သွင်းကုန်တွေအပေါ် အခွန်ပမာဏ အလုံးအရင်း တိုးမြှင့် ကောက်ခံဖို့ ထရမ့်က ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ထရမ့်က သူဟာ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ဖုန်းပြောဖြစ်ခဲ့ပြီး မိုဒီက ရုရှား ရေနံတွေကို ဆက်မဝယ်တော့ပါဘူးလို့ သူ့ဆီ ကတိပေးခဲ့ကြောင်း သတင်းထောက်တွေဆီ အသိပေးခဲ့ပါတယ်။ အိန္ဒိယဆီက အဲဒီလို ကတိမျိုး ရပြီးတဲ့အခါ တရုတ်ကိုလည်း အလားတူ တောင်းဆိုနိုင်ဖို့ သူမျှော်လင့်ကြောင်း ထရမ့်က ဆိုပါတယ်။ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားရဲ့ ရေနံတင်ပို့မှု လမ်းကြောင်းတွေကို အနောက်မဟာမိတ် နိုင်ငံတွေက ဖြတ်တောက်ပိတ်ဆို့ အရေးယူထားပေမယ့် အိန္ဒိယနဲ့ တရုတ်ကတော့ ရုရှားရေနံစိမ်းကို ဆက်လက် ဝယ်ယူတဲ့ အဓိက ဝယ်လက်တွေအဖြစ် ရပ်တည်နေဆဲပါ။

ထရမ့်က မိုဒီဟာ ရုရှားရေနံတွေ ဆက်မဝယ်တော့ပါဘူးလို့ သူ့ဆီ ကတိပေးခဲ့ကြောင်း ပြောပေမယ့် ချက်ချင်းဆိုသလိုပဲ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မိုဒီနဲ့ထရမ့်တို့ အဲဒီကိစ္စ ဆွေးနွေးခဲ့တယ်ဆိုတာ မဟုတ်ကြောင်း ငြင်းချက်ထုတ်ခဲ့ပါတယ်။ နောက်ပြီး အိန္ဒိယရဲ့ ရေနံစိမ်း ဝယ်ယူမှု မူဝါဒဟာ စျေးနှုန်းနဲ့ ရေရှည်ထောက်ပံ့နိုင်မှုတွေမှာ နိုင်ငံအတွက် အမှန်တကယ် သင့်တော် အကျိုးရှိစေမယ့် ရွေးချယ်မှုကိုပဲ ဦးစားပေးမယ်လို့ အိန္ဒိယက ကြေညာခဲ့ပါတယ်။

ထရမ့်ကတော့ သူဟာ မိုဒီနဲ့ ဖုန်းပြောခဲ့တယ် ဆိုတာကို အောက်တိုဘာ ၂၀ ရက်နေ့မှာ အခိုင်အမာ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ် တက်ခါနီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက စကားကို ထပ်လောင်း အတည်ပြုခဲ့ပြီး သူနဲ့ မိုဒီတို့ တကယ်ပဲ ဖုန်းပြောခဲ့ကြောင်း၊ ရုရှားရေနံ ကိစ္စကို ဆက်မလုပ်တော့ပါဘူးလို့ မိုဒီက သူ့ဆီ ကတိပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အဲဒီလို ဆွေးနွေးမှုမျိုး မရှိခဲ့ပါဘူးလို့ အိန္ဒိယ အစိုးရက ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ထရမ့်က အိန္ဒိယဟာ တကယ်ပဲ အဲဒီသဘောမျိုး ပြောချင်တယ် ဆိုရင်တော့ အမေရိကန် သတ်မှတ်တဲ့ သွင်းကုန်အခွန် ပမာဏ အများအပြားကို ဆက်ပြီး ပေးဆောင်ရုံသာ ရှိကြောင်း၊ ဒါပေမဲ့ ဒီလိုမျိုးကို အိန္ဒိယက အဖြစ်ခံချင်မှာ မဟုတ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။

ထရမ့်ဟာ အိန္ဒိယရဲ့ အဝတ်အထည်တွေနဲ့ ဆေးဝါးတွေကစလို့ အမျိုးအစား စုံလင်များပြားတဲ့ သွင်းကုန်တွေကို အခုနှစ်ကစလို့ ကုန်ပစ္စည်း တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ထားပါတယ်။

မိုဒီက ရုရှားရဲ့ ရေနံတွေကို ဆက်မဝယ်တော့ပါဘူးလို့ သူ့ကို ကတိပေးခဲ့ကြောင်း ထရမ့်ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ပြောဆိုမှု အပြီးမှာတော့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုင်ငံရဲ့ စွမ်းအင်ရေးရာ မူဝါဒဟာ အိန္ဒိယ သုံးစွဲသူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတဲ့ တစ်ခုတည်းသော ဦးတည်ချက်အပေါ် အခြေပြုထားကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အိန္ဒိယဟာ ရေနံစိမ်းနဲ့ ဓာတ်ငွေ့ အများအပြား တင်သွင်းနေရတဲ့ နိုင်ငံ တစ်ခုဖြစ်ကြောင်း၊ ထိလွယ်ရှလွယ် အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ စွမ်းအင်ရေးရာ မျက်နှာစာမှာ အိန္ဒိယ သုံးစွဲသူတွေရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ အစိုးရက မူဝါဒ သတ်မှတ်ထားကြောင်း၊ အဲဒီ ရည်မှန်းချက် တစ်ခုတည်းကိုပဲ အခြေပြုပြီး စွမ်းအင် မူဝါဒကို ဆုပ်ကိုင်ထားတာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရန်ဒ်ဟာ ဂျိုင်စ်ဝဲလ်က ပြောကြားသွားပါတယ်။

ကိုးကား: Times of India

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook