Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒရုန်းစစ်ဆင်ရေး မိခင်ရေယာဉ် ဖြစ်လာမယ့် စစ်သင်္ဘော အသစ်ကို စင်ကာပူရေတပ် မိတ်ဆက်

အနာဂတ် ဒရုန်းစစ်ဆင်ရေးတွေမှာ ပင်မ ထိန်းချုပ်စခန်းတွေအဖြစ် ရည်ရွယ်ထားတဲ့ ဘက်စုံသုံး တိုက်ရေယာဉ် (MRCV) တစ်စီးကို စင်ကာပူ ရေတပ်က ပထမဆုံးအကြိမ် မိတ်ဆက် ပြသခဲ့ပါတယ်။

အနာဂတ် ဒရုန်းစစ်ဆင်ရေးတွေမှာ ပင်မ ထိန်းချုပ်စခန်းတွေအဖြစ် ရည်ရွယ်ထားတဲ့ ဘက်စုံသုံး တိုက်ရေယာဉ် (MRCV) တစ်စီးကို စင်ကာပူ ရေတပ်က ပထမဆုံးအကြိမ် မိတ်ဆက် ပြသခဲ့ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့က စင်ကာပူ ရေတပ်ဟာ Victoryလို့ နာမည်ပေးထားတဲ့ တိုက်သင်္ဘော အသစ်ကို စတင် ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။ ရေတပ်ဟာ အဲဒီ MRCV ရေယာဉ်မျိုး ၆ စီးထိ ပိုင်ဆိုင်ဖို့ လျာထားပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဒီသင်္ဘောတွေဟာ သမားရိုးကျ တိုက်ရေယာဉ်တွေ မဟုတ်ဘဲ မိခင်သင်္ဘောတွေ ဖြစ်လာမှာလို့ ကြွေးကြော်ခဲ့ပါတယ်။ အကြောင်းကတော့ စင်ကာပူ ရေတပ်ဟာ MRCVတွေကို ဝေဟင်၊ ရေပြင်နဲ့ ရေအောက် ဒရုန်းတွေနဲ့ပါ ချိတ်ဆက်ပြီး စစ်ဆင်လှုပ်ရှားနိုင်အောင် ရည်ရွယ်ထားလို့ ဖြစ်ပါတယ်။ အဲဒီ ဒရုန်းတွေရဲ့ စစ်ဆင်ရေး ကဏ္ဍကို MRCV တစ်စီးစီက ပင်မ ရွေ့လျား အခြေစိုက်စခန်း အနေနဲ့ ထိန်းချုပ်ညွှန်ကြားမှာပါ။

အဲဒီ ရေယာဉ်တွေဟာ ဒရုန်းထိန်းချုပ်ရေး စခန်း သီးသန့်မဟုတ်ဘဲ ဝေဟင်နဲ့ မြေပြင် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်တွေ၊ အလိုအလျောက် ထိန်းချုပ် လှုပ်ရှားနိုင်တဲ့ စက်အမြောက်တွေလည်း တပ်ဆင်ထားပါတယ်။ ပြီးတော့ အရမ်းအားကောင်းတဲ့ ရေဒါစနစ် ပါရှိပြီး ရဟတ်ယာဉ် တစ်စီးနဲ့ ဒရုန်းတော်တော်များများကို တင်ဆောင်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

တန် ၈၀၀၀ လောက်လေးပြီး မီတာ ၁၅၀ ရှည်တဲ့ MRCVတွေဟာ အမှုထမ်း အရေအတွက် ၁၀၀ အောက်လောက်နဲ့တင် နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်မယ်လို့ သိရပါတယ်။ အဲဒီ ရေယာဉ်တွေဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၄၁ ကီလိုမီတာလောက်ထိ မောင်းနှင်နိုင်ပြီး တစ်ကြိမ် လောင်စာဖြည့်တင်းပြီးရင် စစ်ဆင်ရေး ဧရိယာ ၁၃၀၀၀ ကီလိုမီတာလောက်ထိ ခရီးချဲ့ထွင် ခုတ်မောင်းနိုင်ပါတယ်။ ဒီအကွာအဝေးဟာ စင်ကာပူ ရေတပ်ရဲ့ အဓိက တိုက်ရေယာဉ်တွေဖြစ်တဲ့ Formidableအဆင့် ဖရီးဂိတ် စစ်သင်္ဘောတွေထက် နှစ်ဆလောက် ပိုများပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနကတော့ MRCVတွေကို စတင် ဒီဇိုင်းရေးဆွဲ ကတည်းက အနာဂတ် ဒရုန်းစစ်ဆင်ရေးတွေရဲ့ မိခင်ရေယာဉ်တွေ ဖြစ်လာအောင် အဓိက ရည်ရွယ်ထားခဲ့တာလို့ ပြောပါတယ်။ ပထမဆုံး MRCV ဖြစ်လာတဲ့ Victoryကို ဒိန်းမတ်က ဒီဇိုင်းထုတ်၊ ဆွီဒင်က နည်းပညာထောက်ပံ့ပြီး ကိုယ်ထည်ကိုတော့ စင်ကာပူမှာ တည်ဆောက်ခဲ့တာပါ။

စင်ကာပူ ရေတပ်ကတော့ MRCVတွေဟာ စင်ကာပူရဲ့ ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းတွေနဲ့ ကမ်းရိုးတန်းတွေကို ကာကွယ်ရာမှာ ပိုပြီး ထိရောက် လုံခြုံမှုကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

စင်ကာပူဟာ ၁၉၈၉ ခုနှစ်ကတည်းက သုံးစွဲနေခဲ့တဲ့ Victoryအဆင့် ဒုံးကျည်တင် တိုက်သင်္ဘောငယ်တွေရဲ့ နေရာမှာ MRCVတွေနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။ အဲဒီ တိုက်သင်္ဘောငယ်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ MRCV အသစ်တွေကိုလည်း Victory အဆင့်လို့ပဲ ဆက်လက် ရည်ညွှန်းသတ်မှတ်သွားမယ်လို့ သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြားဆီကို စစ်သင်္ဘောတွေ စေလွှတ်မယ်ဆိုရင် အကျိုးဆက်တွေက လှပမှာ မဟုတ်ဘူးလို့ အီရန်က ဗြိတိန်နဲ့ ပြင်သစ်တို့ကို သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေး စစ်ရေးအရ ကူညီပေးဖို့ သူ့ရဲ့ တောင်းဆိုမှုကို မဟာမိတ် နိုင်ငံတော်တော်များများက ပယ်ချထားပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အကူအညီတွေ လာနေပြီလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်သင်္ဘောတွေကို အရှေ့အလယ်ပိုင်းဆီ အင်အားတိုးမြှင့် ဖြန့်ကျက်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။