Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူ ၃ ဦး သေခဲ့တဲ့ ကယ်လီဖိုးနီးယား ယာဉ် ၈ စီး ဆင့်တိုက်မှုမှာ ထရပ်ကား မောင်းသူက မူးယစ်ဆေး သုံးထားတယ်လို့ဆို

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းက အဝေးပြေး ကားလမ်းမ တစ်ခုမှာ ယာဉ် ၈ စီးဆင့်တိုက်မှု ဖြစ်ပွားစေခဲ့တဲ့ ထရပ်ကား မောင်းနှင်သူဟာ မူးယစ်ဆေးဝါး သုံးစွဲထားခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ပုံ - ABC

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းက အဝေးပြေး ကားလမ်းမ တစ်ခုမှာ ယာဉ် ၈ စီးဆင့်တိုက်မှု ဖြစ်ပွားစေခဲ့တဲ့ ထရပ်ကား မောင်းနှင်သူဟာ မူးယစ်ဆေးဝါး သုံးစွဲထားခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

အွန်တေရီအို မြို့နားက ပြည်နယ်ဖြတ်ကျော် အဝေးပြေး ကားလမ်းမ တစ်ခုမှာ အောက်တိုဘာ ၂၁ ရက်နေ့တုန်းက အသက် ၂၁ နှစ်အရွယ် ဂျာရှန်ပရတ်ဆင်း မောင်းနှင်လာတဲ့ ထရပ်ကားကြီးက ရှေ့မှာ ရပ်ထားတဲ့ ကားတွေကို ဝင်တိုက်ခဲ့တာကြောင့် ယာဉ်တွေ အဆင့်ဆင့် တိုက်မိကုန်ပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။

အခုတော့ အွန်တေရီအို ရဲတပ်ဖွဲ့က သူ့ကို လူ့အသက်တွေ ဆုံးရှုံးစေတဲ့ထိ ဆိုးဆိုးရွားရွား ယာဉ်စည်းကမ်း ဖောက်ဖျက်မှုအတွက် စွဲချက်တင်ထားပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့ တရားခွင်မှာတော့ ဆင်းက စွဲချက်တွေအတွက် သူ့မှာ အပြစ်မရှိပါဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

အစိုးရ ရှေ့နေတွေကတော့ ဆေးစစ်ရလဒ်တွေအရ ဆင်းဟာ ထရပ်ကား တက်မောင်းတဲ့ အချိန်မှာ မူးယစ်ဆေးဝါး သုံးစွဲထားခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိကြောင်း ပြောပါတယ်။ သူ့ရဲ့ ထရပ်ကားမှာ တပ်ဆင်ထားတဲ့ ကင်မရာကတော့ ကားတွေကို အတန်းလိုက် ဝင်တိုက်ပြီးတဲ့နောက် ထရပ်ကား ရှေ့ပိုင်းမှာ မီးထလောင်နေတာကိုပါ မှတ်တမ်းတင်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် လူဝင်မှု ကြီးကြပ်ရေး ဌာနက ဆင်းဟာ အမေရိကန်ကို တရားမဝင် ရွှေ့ပြောင်း အခြေချပြီး အထောက်အထားမဲ့ နေထိုင်နေသူ တစ်ဦးလို့ ပြောပါတယ်။ သူ့ကို ရှာဖွေထိန်းသိမ်းဖို့ အမိန့်ကိုလည်း ဌာနက ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့က ဖြစ်စဉ်မှာတော့ ဆင်းမောင်းနှင်လာတဲ့ ထရပ်ကားဟာ သူ့ရှေ့မှာရှိတဲ့ ယာဉ်ကြောက အကြောင်းတစ်ခုခုကြောင့် နှေးသွား၊ ရပ်သွားတဲ့ အချိန်မှာ အရှိန်လျှော့ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

မျက်မြင်တွေကတော့ အနီရောင် ထရပ်ကားဟာ အရှိန်အတော်များများနဲ့ မောင်းလာခဲ့ပြီး လမ်းပိတ်နေတဲ့ အချိန်မှာလည်း အရှိန်မလျှော့ခဲ့ဘူးလို့ ပြောပါတယ်။ ယာဉ်တိုက်မှုထဲမှာတော့ ကား၂ ထဲမှာ ရှိနေတဲ့ စုစုပေါင်း လူ ၃ ဦး သေဆုံးခဲ့တာပါ။

နောက်ပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့သူ ၂ ဦးလည်း ရှိပါတယ်။ ပျက်စီးခဲ့တဲ့ ကားအရေအတွက်က ၈ စီးထိ များပြားခဲ့တယ်လို့လည်း သိရပါတယ်။

ဆင်းကိုတော့ အခင်းဖြစ်တဲ့ နေရာမှာတင် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ကနဦး အဆင့်မှာ သူ့ကို လူသေစေတဲ့ထိ ပေါ့ဆတဲ့ မောင်းနှင်မှုနဲ့ အမှုဖွင့်ထားပေမယ့် စွဲချက်တွေ ထပ်တိုးလာနိုင်ကြောင်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အဲဒီထဲမှာ မူးယစ်ဆေးသုံးပြီး ကားမောင်းတဲ့ ကိစ္စမျိုးတွေလည်း အမှုတွဲ တိုးလာနိုင်ခြေ ရှိနေပါတယ်။

ဆင်းဟာ မှန်ကန်တဲ့ ယာဉ်မောင်းလိုင်စင်တော့ ကိုင်ဆောင်ထားပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလထိ လိုင်စင် သက်တမ်း ကျန်နေဆဲပါ။ အဲဒီ လိုင်စင်ကို ကယ်လီဖိုးနီးယား မော်တော်ယာဉ် ဌာနက ထုတ်ပေးထားတာပါ။ ကယ်လီဖိုးနီးယား အာဏာပိုင်တွေကတော့ ဆင်းဟာ လိုင်စင် လျှောက်ထားခဲ့ချိန်တုန်းက အလုပ်လုပ်ခွင့် ပါမစ် စာရွက်စာတမ်းတွေ မှန်မှန်ကန်ကန် ရှိနေခဲ့ကြောင်း ဖြေရှင်းထားပါတယ်။

ကိုးကား – ABC

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အရက်မူးလာတဲ့ မြန်မာတစ်ဦး မောင်းလာတဲ့ကားက မော်တော်ဆိုင်ကယ်တွေကို ဝင်တိုက်လို့ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။