Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေရှားသတ္တုတွေ ပူးပေါင်း ထုတ်လုပ်ရေး သဘောတူ စာချုပ်ကို ထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ်သစ် လက်မှတ်ရေးထိုး

ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အသစ်စက်စက် ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကိုင်ချီနဲ့အတူ နှစ်နိုင်ငံ သတ္တုပူးပေါင်း တူးဖော်ရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အသစ်စက်စက် ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကိုင်ချီနဲ့အတူ နှစ်နိုင်ငံ သတ္တုပူးပေါင်း တူးဖော်ရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ မနက်ပိုင်းက တိုကျိုမှာ သမ္မတ ထရမ့်ကို ဧည့်ခံကြိုဆိုခဲ့ချိန်မှာ တာကိုင်ချီက သူ့ရဲ့ နိုင်ငံဟာ အမေရိကန်နဲ့ ဆက်ဆံရေး ရွှေခေတ်ကို ထူထောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ တာကိုင်ချီဟာ ဂျပန် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သူ ဖြစ်ပါတယ်။

ထရမ့်နဲ့ တာကိုင်ချီတို့ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်ဟာ ခေတ်သစ် အီလက်ထရောနစ် ပစ္စည်းတွေ၊ စစ်လက်နက်တွေ ထုတ်လုပ်ရေးမှာ မရှိမဖြစ် အရေးပါလာတဲ့ မြေရှားသတ္တု ကုန်ကြမ်းတွေ တူးဖော် ထုတ်လုပ်ရေးနဲ့ သန့်စင်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

စာချုပ်ရဲ့ ရည်ရွယ်ချက်ဟာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အရေးအပါဆုံး လိုအပ်တဲ့ ဓာတ်သတ္တု ပစ္စည်းတွေကို နှစ်နိုင်ငံစလုံး ရေရှည် ဖူဖူလုံလုံ ရရှိနေစေဖို့ ဖြစ်တယ်လို့ နှစ်ဖက် အစိုးရတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

တာကိုင်ချီကတော့ ထရမ့်နဲ့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံ ဆက်ဆံရေး ရွှေခေတ်ကို ထူထောင်ဖို့ သံန္နိဋ္ဌာန် ချထားကြောင်းနဲ့ အဲဒီ ကာလအတောအတွင်း ဂျပန်ရော၊ အမေရိကန်ပါ ပိုမိုအားကောင်းလာ၊ ပိုမို ကြွယ်ဝလာကြမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ဂျပန် အားကစားကြယ်ပွင့် ရှိုဟိုင် အိုတာနီ ပါဝင်တဲ့ ဘေ့စ်ဘော ပွဲစဉ်တစ်ခုကို TVကနေ အတူအားပေး ကြည့်ရှုခဲ့ပြီးတဲ့နောက်မှာ ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။

ဆွေးနွေးမှုတွေ အတွင်းမှာတော့ တာကိုင်ချီက သူဟာ လာမယ့်နှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် ထရမ့်ကို အဆိုပြု ထောက်ခံသွားမယ့်အကြောင်း ကတိပြုခဲ့တယ်လို့လည်း အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။

သတ္တုတူးဖော်ရေးကိစ္စ စာချုပ်ချုပ်ဆိုအပြီး တာကိုင်ချီနဲ့အတူ ပြုံးပြုံးရွှင်ရွှင် ဓာတ်ပုံ တွဲရိုက်ခဲ့တဲ့နောက် ထရမ့်က အမေရိကန်နဲ့ ဂျပန် ဆက်ဆံရေးဟာ အားအကောင်းဆုံး အဆင့်ကို ရောက်ရှိနေပြီလို့ ချီးကျူးခဲ့ပါတယ်။ သူက တာကိုင်ချီဟာ ဂျပန်ရဲ့ အထက်မြက်ဆုံး ဝန်ကြီးချုပ်တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။ ဂျပန်မှာ တာကိုင်ချီလို ထူးချွန်တဲ့ အမျိုးသမီး ခေါင်းဆောင်တစ်ဦး ရှိလာတာက တကယ့်ကို အရေးကြီးတဲ့ အခြေအနေ တစ်ခုလို့လည်း ထရမ့်က ပြောပါတယ်။

နောက်တော့ လက်မှတ်ရေးထိုးတဲ့ အခမ်းအနား ကျင်းပရာ ခန်းမဆောင်ထဲကို ၁၉၇၇ နဲ့ ၁၉၈၃ ခုနှစ်တွေ အတောအတွင်း မြောက်ကိုရီးယား အေးဂျင့်တွေရဲ့ အဓမ္မ ပြန်ပေးဆွဲ ဖမ်းဆီးသွားတာ ခံခဲ့ရတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ မိသားစုဝင်တွေက ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီတုန်းက အနည်းဆုံး ဂျပန်နိုင်ငံသား ၁၇ ဦးလောက် ပြန်ပေးဆွဲ ခံရပြီး လက်ရှိ အချိန်ထိ ဂျပန်နဲ့ မြောက်ကိုရီးယားကြား ဖြေရှင်းလို့ မရသေးတဲ့ ပြဿနာအဖြစ် ရှိနေပါတယ်။ အဲဒီ ပြန်ပေးဆွဲမှုတွေဟာ ဂျပန် ယဉ်ကျေးမှုနဲ့ ဂျပန် ဘာသာစကားတွေကို သင်ယူနားလည်ဖို့လိုတဲ့ မြောက်ကိုရီးယားရဲ့ သူလျှိုလုပ်ငန်းတွေနဲ့ ဆက်စပ်နိုင်ကြောင်း ထင်ကြေးတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ အမေရိကန် သမ္မတ ပထမ သက်တမ်းအတွင်း အဲဒီ ပြန်ပေးဆွဲ ခံရသူတွေရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ဖူးသလို အခုတစ်ကြိမ် တွေ့ဆုံမှုမှာတော့ ပြန်ပေးဆွဲခံရသူတွေ လွတ်မြောက်စေရေး အစွမ်းရှိသမျှ ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီမိသားစုဝင်တွေနဲ့ သူအရင်ကလည်း တွေ့ခဲ့ဖူးကြောင်း၊ သူတို့ရဲ့ မျှော်လင့်ချက်တွေအတွက် အမေရိကန်က တလျှောက်လုံး အတူတကွ ရှိနေပါ့မယ်လို့လည်း ကတိပေးခဲ့ဖူးကြောင်း၊ ဒါပေမဲ့ အမေရိကန်ဟာ ထိထိရောက်ရောက် ဘာမှ လုပ်မပေးနိုင်ခဲ့ဘဲ တခြားအရာတွေနဲ့ အလုပ်ရှုပ်နေခဲ့ကြောင်း၊ အခုတော့ ဓားစာခံတွေ လွတ်မြောက်ရေးကို အမေရိကန်က အစွမ်းရှိသမျှ အားထုတ်ပေးသွားမှာဖြစ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ထရမ့်ဟာ ၅ ရက်ကြာ အာရှ ခရီးစဉ်အဖြစ် မလေးရှားနဲ့ ဂျပန်တို့ကို ရောက်ရှိခဲ့ပြီး အဲဒီကနေ တောင်ကိုရီးယားကို ခရီးဆက်မှာ ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။