Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျားဖြန့်အမှုအတွက် တရုတ်က အလိုရှိနေသူတစ်ဦးကို ထိုင်းရဲ့ သုဝဏ္ဏဘူမိ လေဆိပ်မှာ ဖမ်းမိ

ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေအတွက် တရုတ်က အလိုရှိနေတဲ့ ဝရမ်းပြေး တစ်ဦးကို ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်မှာ ဖမ်းမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ - Suvarnabhumi airport Facebook page

ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေအတွက် တရုတ်က အလိုရှိနေတဲ့ ဝရမ်းပြေး တစ်ဦးကို ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်မှာ ဖမ်းမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဟွမ်လို့သာ မျိုးရိုးနာမည် ဖော်ပြထားတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားဟာ အဓိက ကျားဖြန့်လုပ်ငန်းကြီး တစ်ခုနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံထားရသူပါ။ သူဟာ ထိုင်းနိုင်ငံရဲ့ အခွင့်ထူး ပတ်စ်ပို့တ် ကိုင်ဆောင်ထားပေမယ့် ဇူလိုင် ၁၆ ရက်နေ့တုန်းက မက္ကဆီကို ပတ်စ်ပို့တ် အတုတစ်ခုကို အသုံးပြုပြီး ထိုင်းကနေ ထွက်ခွာဖို့ ကြိုးစားတဲ့အချိန် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပတ်စ်ပို့တ်ထဲမှာတော့ ဟွမ်ဟာ ဂိုလ်ဆိုတဲ့ နာမည်အတုကို အသုံးပြုထားကြောင်း ရဲတွေက ပြောပေမယ့် ဟွမ်ဦးတည်ခဲ့တဲ့ နေရာကိုတော့ မထုတ်ပြန်ပါဘူး။

ဟွမ်ဟာ တရုတ်ရဲတပ်ဖွဲ့ရဲ့ ဆက်သွယ် အကြောင်းကြားမှုအရ နိုင်ငံတကာ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ (အင်တာပိုလ်)ရဲ့ အလိုအရှိဆုံး စာရင်း Red Noticeထဲမှာ ပါဝင်နေတဲ့အတွက် ပတ်စ်ပို့တ်အတုကို သုံးပြီး ပြည်ပထွက်ခွာဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဟွမ်ဟာ ၂၀၂၀ တုန်းက ယူနန်ပြည်နယ်ကနေတဆင့် မြန်မာနိုင်ငံဖက်ခြမ်းကို တောလမ်းကနေ ဝင်ရောက်ခဲ့ပါတယ်။ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အတွင်း သူဟာ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေ ထူထောင်တဲ့ ဒုစရိုက် ကွန်ရက်တစ်ခုထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာခဲ့ပါတယ်။

အထူးသဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာရှိတဲ့ New Taichang Parkလို့ခေါ်တဲ့ ကျားဖြန့် လုပ်ငန်း ရပ်ဝန်းဟာ ဟွမ်နဲ့ အဓိက ဆက်စပ်မှု ရှိနေတယ်လို့ သိရပါတယ်။ အဲဒီမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ အွန်လိုင်းကနေ သားကောင်တွေကို ပစ်မှတ်ထား ရှာဖွေပြီး လှည့်စား လိမ်လည်လေ့ ရှိပါတယ်။

တရုတ် အစိုးရ စုံထောက်တွေရဲ့ အဆိုအရ အဲဒီဂိုဏ်းတွေကြောင့် တရုတ်နိုင်ငံသား စုစုပေါင်း ၅၀၀ ကျော်လောက်ဟာ ယွမ်သန်း ၂၀၀ ကျော်လောက် နစ်နာ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။