Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာပါဖို့ ကနေဒါကို ဖိတ်ခေါ်ထားတာကို ထရမ့် ပြန်ရုပ်သိမ်း

သူစိတ်ကူး ကြံစည်ထားတဲ့ နိုင်ငံတကာ အစုအဖွဲ့သစ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ ကနေဒါကို ဖိတ်ခေါ်ထားတာကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

သူစိတ်ကူး ကြံစည်ထားတဲ့ နိုင်ငံတကာ အစုအဖွဲ့သစ်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ ကနေဒါကို ဖိတ်ခေါ်ထားတာကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

အခု သီတင်းပတ်ထဲမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗော့စ်မြို့က ကမ္ဘာ့စီးပွားရေး ဖိုရမ် အစည်းအဝေးမှာ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးဟာ အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာ့အခင်းအကျင်းဟာ ပြိုကွဲမှုတွေဆီ ဦးတည်နေကြောင်း ဝေဖန် ပြောဆိုခဲ့တဲ့နောက် နိုင်ငံတကာ အာရုံစိုက်မှုကို ခံလာရပါတယ်။

ထရမ့်က ကနေဒါဟာ အမေရိကန်ကို မှီခိုရင်း ရေသာခို အချောင်လိုက်ရင်း ရှင်သန်ခွင့် ရနေတယ်လို့ ဝေဖန် ထိုးနှက်ခဲ့တာကိုလည်း ကာနေးက ငြင်းဆန်ခဲ့ပါသေးတယ်။ အဲဒီ ကိစ္စတွေ အပြီးမှာတော့ ထရမ့်က ကနေဒါကို ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ထားမှုကနေ ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ရက် မီဒီယာ Truthမှာ ထရမ့်က ကာနေးကို တိုက်ရိုက် ရည်ရွယ်ပြီး အခုစာဟာ ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာ အရှိဆုံး ခေါင်းဆောင်တွေ စုဝေးကြမယ့် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ကိုယ်စား ပေးပို့ဖူးတဲ့ ဖိတ်ကြားစာကို ရုပ်သိမ်းမှုအဖြစ် မှတ်ယူစေလိုကြောင်း ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီကိစ္စနဲ့ ပတ်သက်လို့ အိမ်ဖြူတော်ဖက်က ဘာမှတ်ချက်မှ မပေးသေးသလို ကနေဒါ ဝန်ကြီးချုပ်ရုံးဆီကလည်း တုံ့ပြန်မှု မရှိသေးပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ကနေဒါ အစိုးရက ငြိမ်းချမ်းရေး ဘုတ်အဖွဲ့အတွက် ဖိတ်ကြား ခံရတဲ့ အကြောင်းကို အတည်ပြုခဲ့ပြီး ကာနေးကလည်း လက်ခံသွားဖွယ် ရှိတယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံရေး အကဲခတ်တွေကတော့ ထရမ့် ဦးတည်နေတဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဆိုတာ ကုလသမဂ္ဂကို တိုက်ရိုက် ယှဉ်ပြိုင်ပြီး နိုင်ငံတကာ အရေးတွေမှာ ထရမ့်က လုပ်ပိုင်ခွင့် ပိုမို လက်ဝါးကြီး အုပ်လာနိုင်အောင် ဦးတည်နေတဲ့ ခြေလှမ်းတစ်ခုလို့ စွပ်စွဲ ဝေဖန်ထားကြပါတယ်။ အဖွဲ့ရဲ့ ပဋိညာဉ်အတွက် အဆိုပြု မူကြမ်းမှာ ထရမ့်က ဗီတိုအာဏာကို ဆွဲကိုင်ထားမယ် ဆိုတာမျိုး ထည့်သွင်း ရေးသားထားပါတယ်။

ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဟာ မူလက ဂါဇာစစ်ပွဲကို ရပ်ဆိုင်းစေပြီး နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေး ကဏ္ဍတွေမှာ အကူအညီပေးဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ထရမ့်က ကုလသမဂ္ဂကို စိန်ခေါ်ပြီး တစ်စင်ထောင်မယ့် သဘောမျိုး အတိအလင်း ပြင်ဆင်လာတာပါ။ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ သူ့ရဲ့ ဖိတ်ကြားမှုတွေကို နိုင်ငံပေါင်း သုံးဒါဇင်လောက်ကလည်း လက်ခံထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်လိုတဲ့ နိုင်ငံတွေဟာ အမြဲတမ်း အဖွဲ့ဝင်ဖြစ်ခွင့်အတွက် ဒေါ်လာ တစ်ဘီလီယံ ပေးချေရမှာဖြစ်ပြီး အခမဲ့ ဝင်ရောက်ခွင့်ကတော့ ၃ နှစ် သက်တမ်း အကန့်အသတ်နဲ့ပဲ ရရှိမှာပါ။ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီတို့ကတော့ ထရမ့်ရဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ စိတ်မဝင်စားကြောင်း တုံ့ပြန်ထားပါတယ်။

ကိုးကား: CNA
ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။