Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ကုန်သွယ်ခွန် တိုးမြှင့် စည်းကြပ်မှုတွေက တရားမဝင်ဘူးလို့ အမေရိကန် တရားရုံးချုပ် ဆုံးဖြတ်

ကမ္ဘာ့နိုင်ငံတွေအပေါ် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထင်သလို ကုန်သွယ်ခွန်တွေ တိုးမြှင့် စည်းကြပ်ခဲ့မှုဟာ တရားမဝင်ဘူးလို့ အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေအပေါ် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထင်သလို ကုန်သွယ်ခွန်တွေ တိုးမြှင့် စည်းကြပ်ခဲ့မှုဟာ တရားမဝင်ဘူးလို့ အမေရိကန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

ထရမ့်က ၁၉၇၇ ခုနှစ်၊ နိုင်ငံတကာ အရေးပေါ် စီးပွားရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (IEEPA)ကို အသုံးချပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အမေရိကန်ဆီ သွင်းကုန်တွေအပေါ် မတူညီတဲ့ အခွန်နှုန်းထားတွေကို မနှစ်တုန်းက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာတော့ တရားရုံးချုပ် တရားသူကြီးတွေက ထရမ့်အနေနဲ့ အခွန်စည်းကြပ်ဖို့ အဲဒီဥပဒေကို အသုံးချခဲ့တာ တရားမဝင်ဘူးလို့ ၆ မဲ – ၃ မဲဆိုတဲ့ မဲပေးမှုနဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အကျိုးဆက် အနေနဲ့ အမေရိကန် အစိုးရဟာ အခွန်စည်းကြပ်မှုတွေ မြှင့်တင်မှုကနေ ရရှိလာတဲ့ ငွေကြေးတွေကို သက်ဆိုင်ရာ နိုင်ငံတွေ၊ လုပ်ငန်းတွေဆီ ပြန်အမ်းရမယ့် အခြေအနေလည်း ရှိလာပါတယ်။ အမေရိကန်ဟာ အခွန်နှုန်းထားတွေ ပြောင်းလဲ သတ်မှတ်မှုကနေ ဒေါ်လာ ၁၃၀ ဘီလီယံလောက် ရရှိခဲ့တယ်လို့ ယုံကြည်ရပါတယ်။

တရားရုံးချုပ် ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး နာရီပိုင်း အကြာမှာပဲ ထရမ့်ကလည်း တခြားဥပဒေ တစ်ခုကို အသုံးပြုပြီး အမေရိကန်ဆီ တင်သွင်းမယ့် ကုန်စည်တွေအပေါ် တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း အခွန်တိုးမြှင့် စည်းကြပ်မယ့် အစီအမံသစ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ် သူအသုံးပြုခဲ့တဲ့ ဥပဒေကတော့ ၁၉၇၄ ခုနှစ်၊ ကုန်သွယ်ရေး အက်ဥပဒေရဲ့ ပုဒ်မခွဲ ၁၂၂ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရားရုံးချုပ် ဆုံးဖြတ်ချက်မှာတော့ ထရမ့်ဟာ အခွန်နှုန်းထားတွေ ပြောင်းလဲဖို့ IEEPAကို အသုံးပြုခဲ့တာဟာ ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း ပါရှိခဲ့ပါတယ်။ ထရမ့်ဟာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက အမေရိကန် ပိုင်နက်ထဲ ဖန်တနဲလ် မူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို တားဆီးနိုင်အောင် ဖိအားပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်၊ မက္ကဆီကို၊ ကနေဒါတို့ရဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေ မြှင့်တင်မယ့်အကြောင်း စတင် ကြေညာခဲ့ပါတယ်။

လနည်းနည်းလောက် ကြာပြီးချိန်မှာတော့ ကမ္ဘာ့နိုင်ငံ အားလုံးရဲ့ သွင်းကုန်တွေအပေါ် အခွန် ၁၀ ကနေ ၅၀ ရာခိုင်နှုန်း စည်းကြပ်မယ့် သူ့ရဲ့ အစီအမံသစ်ကို ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။ သူက သွင်းကုန်နဲ့ ပို့ကုန်တန်ဖိုး အချိုးအစား မမျှတမှုကြောင့် အမေရိကန်ဟာ နစ်နာမှုတွေ အများကြီး ကြုံနေရတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

တရားရုံးချုပ်ကတော့ အခွန်စည်းမျဉ်း အသစ်တွေ ပြဋ္ဌာန်းတဲ့ လုပ်ပိုင်ခွင့်ဟာ သမ္မတဆီမှာ မရှိဘဲ လွှတ်တော်ကသာ ပိုင်ဆိုင်ကြောင်း၊ နောက်ပြီး IEEPAကို အသက်သွင်းနိုင်တဲ့ ရည်ရွယ်ချက်တွေထဲမှာ နိုင်ငံရဲ့ ဝင်ငွေကို မြှင့်တင်ဖို့ဆိုတဲ့ အကြောင်းပြချက် ပါဝင်ခွင့် မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

IEEPAရဲ့ သတ်မှတ်ချက်တွေ အောက်ကမဟုတ်ဘဲ မနှစ်တုန်းက ထရမ့်က သီးခြား အကြောင်းပြချက်တွေနဲ့ ပြီးခဲ့တဲ့နှစ်မှာ ကြေညာခဲ့တဲ့ အခွန်စည်းကြပ်မှုတွေကတော့ ဆက်ပြီး တည်တံ့နေဦးမှာ ဖြစ်ပါတယ်။ ဥပမာ ၁၉၆၂ ခုနှစ်၊ ကုန်သွယ်မှု ချဲ့ထွင်ရေး အက်ဥပဒေကို သုံးပြီး သံမဏိ၊ အလျူမီနီယမ်၊ သစ်နဲ့ မော်တော်ယာဉ်တွေလို စက်မှု ထုတ်ကုန်နဲ့ ကုန်ကြမ်းတွေအပေါ် သီးသန့် အခွန်တိုးကောက်မှုမျိုးဟာ တရားရုံးချုပ်ရဲ့ အခု ဆုံးဖြတ်ချက်ထဲမှာ အကျုံးမဝင်ပါဘူး။

တရားရုံး ဆုံးဖြတ်ချက်အပြီး နာရီပိုင်း အတွင်းမှာပဲ သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ် ကောက်ယူဖို့ ထရမ့်က အသက်သွင်းခဲ့တဲ့ ကုန်သွယ်ရေး အက်ဥပဒေ ပုဒ်မခွဲ ၁၂၂ ကိုတော့ အရင်က အမေရိကန်မှာ လက်တွေ့ မကျင့်သုံးခဲ့ဖူးသေးပါဘူး။ အဲဒီ ဥပဒေအရ သမ္မတဟာ သွင်းကုန်တွေအပေါ် အခွန် ၁၅ ရာခိုင်နှုန်းထိကို ရက်ပေါင်း ၁၅၀ ကြာ ယာယီ တိုးမြှင့် သတ်မှတ်ထားခွင့် ရှိမယ်လို့ သိရပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။