Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် စစ်စခန်းတွေကို ကာကွယ်ဖို့ ဒရုန်းကျွမ်းကျင်သူတွေ ဂျော်ဒန်ဆီ စေလွှတ်ပေးထားကြောင်း ယူကရိန်းပြော

အမေရိကန် စစ်စခန်းတွေကို ကူညီကာကွယ်ပေးဖို့ ဒရုန်းစစ်ဆင်ရေးကျွမ်းကျင်သူတွေကိုအရှေ့အလယ်ပိုင်းဆီစေလွှတ်ထားကြောင်းယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

( ယူကရိန်း​ရှေ့တန်းစစ်​မြေပြင်တ​နေရာက ယူကရိန်းရုန်းတပ်ဖွဲ့ဝင်တဦး။ ဓါတ်ပုံ- The New York Times)

မတ်-၉၊၂၀၂၆။People’s Spring

အမေရိကန် စစ်စခန်းတွေကို ကူညီကာကွယ်ပေးဖို့ ဒရုန်းစစ်ဆင်ရေးကျွမ်းကျင်သူတွေကိုအရှေ့အလယ်ပိုင်းဆီစေလွှတ်ထားကြောင်းယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

The New York Times သတင်းစာနဲ့ အင်တာဗျူးမှာ ဇီလန်စကီးက ယူကရိန်းရဲ့ဒရုန်းပညာရှင်တွေဟာ အမေရိကန် စစ်စခန်းတွေကို အီရန်ရဲ့ဒရုန်းတွေ ရန်ကနေ ကာကွယ်ပေးဖို့အတွက်ဂျော်ဒန်နိုင်ငံဆီထွက်ခွာသွားပြီလို့အတည်ပြုခဲ့ပါတယ်။ယူကရိန်းဆီက ဒရုန်းပညာရှင်တွေ စေလွှတ်ပေးဖို့ မတ်လ ၅ ရက်နေ့မှာ အမေရိကန်ဖက်က အကူအညီ တောင်းခံခဲ့တဲ့နောက် ဒရုန်းပညာရှင်တွေပါဝင်တဲ့ အဖွဲ့တစ်ခုကို စေလွှတ်ပေးခဲ့ကြောင်း၊ မကြာခင် သူတို့ဟာ ဂျော်ဒန်ကို ရောက်ရှိမယ်လို့ ယုံကြည်ရကြောင်း ဇီလန်စကီးက ဆိုပါတယ်။

အိမ်ဖြူတော်ကတော့ယူကရိန်းဆီကနေဒရုန်းကာကွယ်ရေးအစီအမံတွေအတွက်အကူအညီ တောင်းခံခဲ့တယ်ဆိုတဲ့ သတင်းအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို စစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ အမေရိကန် ကြုံတွေ့လာရတဲ့ အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုကတော့ အီရန်ဖက်က တုံ့ပြန်ပစ်ခတ်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေ ဖြစ်ပါတယ်။စျေးပေါပြီးအရေအတွက်အများအပြားကို တပြိုင်နက် ပစ်လွှတ်နိုင်တဲ့ ဒရုန်းတွေဟာ အမေရိကန်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကိုဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပြီး အဲဒီတိုက်ခိုက်မှု ပုံစံမျိုးကို ကိုင်

တွယ်နိုင်ဖို့အမေရိကန်အတွက်ရုန်းကန်ခဲ့ရပါတယ်။ယူကရိန်းကတော့ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ ကာလတလျှောက်မှာ အဲဒီလို ဒရုန်းတိုက်ခိုက်မှု ပုံစံတွေနဲ့ ရင်းနှီးကျွမ်းဝင်နေပြီး ထိခိုက်မှုတွေကို အများကြီး လျော့ကျသွားအောင် တုံ့ပြန်နိုင်တဲ့ အတွေ့အကြုံတွေ ပိုင်ဆိုင်လာခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီ အတွေ့အကြုံတွေကို အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းက အာရပ် မဟာမိတ် နိုင်ငံတွေဆီ မျှဝေပေးလိုကြောင်း ယူကရိန်း အစိုးရက တက်တက်ကြွကြွ ကမ်းလှမ်းခဲ့ပါတယ်။

လက်ရှိ အီရန်စစ်ပွဲ မတိုင်ခင် နှစ်တွေကတည်းက ရုရှားဟာ ယူကရိန်းရဲ့ မြို့ကြီးပြကြီးတွေကို အီရန်နည်းပညာသုံး ဒရုန်းတွေနဲ့ အစုအပြုံလိုက် ပစ်ခတ်တိုက်ခိုက်တဲ့ နည်းလမ်းတွေကို အသုံးပြုနေခဲ့ပါတယ်။

အီရန်စစ်ပွဲမှာ အမေရိကန်နဲ့ မဟာမိတ်တွေကို ပါဝင်ကူညီပေးခြင်းက ရုရှားနဲ့ ဖြစ်ပွားနေတဲ့ ၄ နှစ်ကျော်ကြာ စစ်ရေး ပဋိပက္ခ ပြီးဆုံးစေရေး ကြားဝင်စေ့စပ်ပေးနေတဲ့ အမေရိကန် အစိုးရဆီက ပိုမိုကောင်းမွန်တဲ့ မျက်နှာသာပေးမှုမျိုး ရလာစေမယ်လို့ ယူကရိန်း အစိုးရက မျှော်လင့်နေနိုင်ကြောင်း စစ်ရေး အကဲခတ်တွေက ပြောပါတယ်။

ရုရှားဟာ အမေရိကန်ရဲ့ စစ်ရေးပစ်မှတ်တွေကို နေရာအတိအကျ ထောက်လှမ်းပြီး အီရန်ဆီ သတင်းပေးပို့နေကြောင်း စွပ်စွဲမှုတွေ ရှိနေချိန်မှာ ယူကရိန်းက အမေရိကန်နဲ့ အာရပ် မဟာမိတ်တွေကို ကူညီမယ့် ခြေလှမ်းကို စတင်လာတာ ဖြစ်ပါတယ်။

အီရန်စစ်ပွဲမှာ အမေရိကန် တပ်ဖွဲ့ဝင် ၆ ဦး အကျအဆုံး ရှိခဲ့ပါတယ်။အဲဒီ ၆ ဦးလုံးဟာ စစ်ပွဲအစောပိုင်း ရက်တွေတုန်းကကူဝိတ်မှာရှိတဲ့စစ်စခန်း တစ်ခုကိုအီရန်ရဲ့ဖောက်ခွဲရေးဒရုန်းထိမှန်ရာက အသက်ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား- The New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook